မိုဘိုင်းအပ် ဒေါင်းလုဒ်လုပ်ရန် »

ဒီညတော့ ယောဂီတွေ တောင်းတဲ့ တရားပေါ့လေ။ ပစ္စုပ္ပန် ဒီလိုတည့်သွားတယ်။

အဲ့တော့ …နားထောင်ရုံပဲ နားထောင်လို့တော့ မရဘူး ၊ ဘုန်းကြီးလဲ ဟောရတာမောတယ်။ သေသေချာချာလေး ဦးဇင်းပြောနေတဲ့ ပြောပြတဲ့ အရာတွေကို ကိုယ်ကလဲ ကိုယ့်ဘဝ နဲ့ ယှဉ်ပြီးတော့ ဦးဇင်းတို့တွေ ခန္ဓာ ဉာဏ်ရောက်ဖို့ လိုတယ်..နော် ..အဲ့တော့ ရူ့ထောင့် တစ်ခု တစ်နေရာကနေ ပေါ့။ 

ရူ့ထောင့် တစ်ခု တစ်ခု ကနေ ဦးဇင်းတို့ ၊ ယောဂီတွေမှာ ဖြတ်သန်းတဲ့ ဘဝပုံစံတွေ မတူကြဘူး ၊ အဲ့ဒီ့ထဲကနေပြီးတော့ ကိုယ်နဲ့ တိုက်ဆိုင်တဲ့ အကြောင်းတရားလေးတွေပေါ့ ပါလာခဲ့ရင် အဲ့ဒီ့နေရာတော့ ဒါ ကိုယ့်အတွက်ပေါ့လေ 

ဒီညတော့ ဦးဇင်း အသေးစိပ်လေးပြောပြပေးမယ်

ဦးဇင်း ဒီတရားကိုတော့ သေသေချာချာလေး သိမ်းထားပေါ့လေ နော်။ သေချာလေး သိမ်းထားပေါ့။ 

 

မွေးရပ်ဌာနီ 

ရွေးချယ်ခွင့်မရှိသော ကံ

အဲ့တော့ ဦးဇင်း ကို ပြည် မြို့ မှာ မွေးတယ်.. မွေးရပ်ဇာတိက (၈) လ ပိုင်း (၅) ရက် ၁၉၈၅ ခုနစ် (၀၅.၀၈.၁၉၈၅) မှာ မွေးတယ်။ မြန်မာလိုက ကြတော့ ဦးဇင်း တို့ (၁၃၄၇) ခုနစ် ဒုတိယဝါဆို လပြည့်ကျော် (၄) ရက် အဲ့ဒီ့မှာ ဦးဇင်း ကို မွေးတယ် ။

မွေးပြီးတော့ ဦးဇင်း နေတဲ့ အခါကျတော့ ဦးဇင်း တို့က မြောင်းမြ မှာ နေတယ် မြောင်းမြမြို့ မှာနေတယ်ပေါ့ အဲ ..ဦးဇင်း အဖေ ကြတော့ အမျိုးတွေကြတော့ တံငါ လုပ်တာ ၊ အဲ ..တံငါ လုပ်တာ။ အမေဘက်က.. မယ်တော်တို့ဘက်က အမျိုးတွေကြတော့ သူတို့ကြ ကျောင်းဆရာပေါ့  ၊ အဖိုး ကတော့ ကျောင်းဆရာပေါ့လေ၊ ကျောင်းဆရာပေါ့ ..ဒါက ဘာလို့လဲဆိုတော့ ဒီ ကံ နှစ်ခုရဲ့ ကြားထဲမှာ ဖြစ်ပေါ် လာပုံကိုပြောတာ ၊ တစ်ဘက်ကတော့ အကုသိုလ်ကံ တွေ နဲ့ တစ်ဘက်ကြတော့ တရား နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းပေါ့ ၊ အသိုင်းအဝိုင်း နှစ်ခုကြားမှာ မွေးလာတာပေါ့လေ ၊ မွေးလာတာ။

 

ငယ်စဉ်က ပညာသင်ကြားမှုနှင့် ဘဝဖြတ်သန်းမှု ပုံရိပ်များ

အဲ့တော့ ဦးဇင်း …မြောင်းမြမြို့မှာနေတဲ့ အခါကြတော့ နှစ်တန်း ထိပေါ့ ၊ နှစ်တန်းထိ  နေပြီးတော့ နှစ်တန်းအောင်တဲ့ အခါမှာ  ဦးဇင်း အဖေ က ဘားအံ မှာ ဆိုတော့ ၊ ဘားအံ ကိုပြောင်းသွားတာ ၊ လာခေါ် တော့ ဦးဇင်းတို့ ဘားအံ ရောက်သွားတာ … ဘားအံရောက်သွားတာ။အဲ့ဒီမှာ ဦးဇင်းတို့က ဘားအံ မှာလဲ တောပိုင်းကြတာပေါ့လေ ၊ တောပိုင်း ကြတဲ့အခါကြတော့ ဗဟုသုတကလဲ နည်းတယ်။

အတွေ့အကြုံ‌တွေ ဗဟုသုတကလဲ နည်းတဲ့အခါ ကြတော့ ဟို အပြင်လောက ကို သိပ်ပြီးတော့ ကောင်းကောင်း နားမလည်ဘူး ၊ နားမလည်ဘူး။

ဦးဇင်း တို့ ဘာလုပ်လဲဆိုရင် ထင်းခုတ်တယ် အဲ့ဒီ့အလုပ်တွေ ၊ ရေထမ်းတယ် ဒီအလုပ်တွေပဲရှိတယ်။အဲ့ဒီလိုနဲ့ ဦးဇင်းကြီးလာတဲ့ အခါကြတော့ ဦးဇင်းတို့က (၉) တန်း လောက်ပေါ့ ၊  အဲ့ဒီလောက်အချိန်မှာ  ဦးဇင်းတို့က ဒီ ကရင်ပြည်နယ် မှာဆိုရင် ကစားဝိုင်းတွေရှိတယ်။ လောင်းကစားဝိုင်တွေ ရှိတယ် ၊ ပွဲတော်တွေပေါ့လေ ၊ အဲ ..အဲ့ဒီ့မှာ ဦးဇင်းတို့က ဒီလောင်းကစားဝိုင်းတွေမှာ သွားပြီးတော့ ဦးဇင်း အမေ က အဝတ်လျှော်တာတို့ ဘာတို့ ၊ သူများ ဝတ်လျှော်တယ် ဦးဇင်းတို့လဲ ဝိုင်းကူတာပေါ့ ၊ အဲ့တော့ အဲ့ဒီ့အပြင်ကို ဦးဇင်းကလဲ ရေထမ်းရောင်းတာတို့ ၊ ထင်းခုတ်ရောင်းတာတို့ ၊ ဒါတွေပဲသိတာပါ ၊ မသိဘူး။ အရမ်းကြီး ဟို ထက်မြက်နေတာကြီးတော့ မဟုတ်ဘူး ။ 

ဘယ်လောက်ထိ မသိလဲ ဆိုလို့ရှိရင် စားပွဲထိုး ၊ ဘားအံမြို့ထဲမှာ စားပွဲထိုး သွားလုပ်ပီး ပြန်လာတဲ့ တစ်ယောက်လောက်ဆိုရင် ဦးဇင်းတို့က တစ်ကဲ့ မင်းသားပဲအရမ်းအထင်ကြီးတာပေါ့နော် ၊ စားပွဲထိုးလုပ်ပြီး ပြန်လာတဲ့သူကိုတောင် အထင်ကြီးတဲ့အနေအထားတစ်ခု‌ပေါ့။အဲ့တော့ဦးဇင်းတို့မှာအတွေ့အကြုံနည်းတယ်ဆိုတာပြောပြတာပါ..ပြောပြတာ။

 

နောင်တမရချင်လို့ ဖြေတဲ့ စာမေးပွဲ

အဲ့ဒီ့ကနေပြီးတော့ (၁၀) တန်းဖြေလာတဲ့အခါကြတော့(၁၀) တန်းဖြေတော့ ပထမနှစ်ကျ တာပေါ့လေ။ ကျတာပေါ့။ အဲ့..ဒုတိယနှစ်ကြတော့ ..ဒုတိယနှစ်လဲကြတော့ ထပ်ဖြေတဲ့အခါကြတော့ ဦးဇင်း အဖေ က ရခိုင်ပြောင်းသွားတယ် ၊ ရခိုင်ကိုပြောင်းသွားတယ် ။ ဦးဇင်း အမေ က မလိုက်သွားဘူး ၊ ဦးဇင်းတို့က မလိုက်သွားဘူး။ မလိုက်သွားဘူး ။ အဲ့ဒီကနေပြီးတော့ ဦးဇင်း အမေက လဲ ဦးဇင်း (၁၀) တန်းဖြေခါနီးကြတော့ နှစ်လုံးထီ တွေရောင်းရင်း နဲ့ ပြဿနာ တက်တော့ အဲ့ဒီ့ကနေပြီးတော့မှ တဆင့် သူကတော့ ရန်ကုန် အရင်ပြောင်းသွားတာ ၊ ဦးဇင်းက (၁၀)တန်း ဖြေဖို့ အတွက် ဘားအံမှာ ကျန်ခဲ့တယ်ပေါ့လေ ၊ ကျန်ခဲ့တယ်ပေါ့ ။ ကျန်ခဲ့တဲ့ အခါကြတော့ ဟို .. (၁၀) တန်း ဖြေခါနီးကြတော့ ဘာဖြစ်လဲဆိုတော့ ကျောင်း ကလဲ ဦးဇင်း တို့ ဘယ်ကျောင်းလဲဆိုတော့ တောင်ကလေး ဆရာတော် ကျောင်းပေါ့ ၊ တောင်ကလေး ဆရာတော် ကျောင်း မှာ ကျောင်း တက်တာ အဲ့ဒီ့မှာ အထက (ခွဲ) ဆိုတော့လဲ  ဆရာ ၊ ဆရာမ တွေက မပြည့်စုံဘူး။ တောပိုင်းဆိုတော့လေ။ ဦးဇင်း တို့တွေကလဲ အခြေခံ‌ တွေ ကလဲ မကောင်း ၊ အဲ့တော့ နောက်ဆုံးကြတော့ (၁၀) တန်းဖြေ ဒုတိယနှစ်  ဖြေပေါ့ ၊ ဖြေပီးတဲ့ အခါ  မှာ ဒုတိယနှစ်ဖြေတော့ စာမေးပွဲခန်းထဲရောက်တဲ့ အခါ မှာ စိတ်ဖိစီးမှု့ တွေကလဲများတာလဲပါတယ် ၊ စိတ်မစူးစိုက်နိုင်တော့ဘူးပေါ့ ၊ ဒီစာ ကျောင်းစာကိုပေါ့၊ ကစဉ့်ကလျားတွေ ဖြစ်တဲ့ အခါမှာ ၊ အဲ့ ..အဲ့ဒီ့မှာ ဘာပဲဖြစ်ဖြစ် စာမေးပွဲ သွားဖြေတော့ ပထမနေ့ဖြေလိုက်တဲ့ အခါကြတော့ ဦးဇင်းတွက်ကြည့်လိုက်တာ အောင်မှတ်တော့ရတယ် .. အောင်မှတ်တော့ရတယ် ။ အဲ…ဒုတိယနေ့ အင်္ဂလိပ် ဖြေတဲ့ အခါကြတော့ အင်္ဂလိပ် က ကိုယ်က နဂိုတည်းကမရဘူးဖြစ်‌နေတာ မရတော့ ဟိုမှာလဲမဖြေနိုင်ပါဘူး ၊ အဲ့ဒါနဲ့ ဦးဇင်း က အိပ်လိုက်တာပေါ့‌နော် ၊ မဖြေနိုင်တော့လဲ မထူးတော့ဘူးဆိုပြီးတော့ မဖြေတော့ဘူးပေါ့ ၊ အဲ့ဒီ့မှာ ဘာစဉ်းစားလဲ ဆိုတော့  ဘယ်လိုအခြေအနေမျိုးဖြစ်နေပါစေ ကိုယ် နောက်ဆုံး အချိန်ထိကြိုးစားရမယ် ဆိုတဲ့စိတ်ပေါ် လာတယ်။ မဖြစ်နိုင်တော့ဘူးဆိုတဲ့ လက်လျော့လိုက်တာနဲ့ စာရင် ဖြစ်နိုင်သေးတဲ့ အရာ တစ်ခုကို ငါ လုပ်လိုက်တာ‌တော့ အကောင်းဆုံးပဲလို့ စဉ်းစားပြီးတော့ အောင်စာရင်းထွက်မှ နောင်တရတာမျိုး မဖြစ်ချင်ဘူး.. အဲ့လို မျိုးတွေးလိုက်တာ ၊ တွေးတော့ ဦးဇင်း က အဲ့ဒီ့မှာဖြေတော့ မထူးပါဘူးဆိုပြီးတော့ ဦးဇင်းရတာတွေ အကုန် ဖြေချလိုက်တာ ၊ ဖြေချလိုက်တာပဲ အဲ ..အဲ့ဒီ့မှာ ရတာတွေရော ၊ မေးခွန်းတွေ ပြန်ကူးတာရောပေါ့ ၊ ကူးတာရော အဲ့လိုနဲ့ဖြေပြီးတော့ အဲ့လိုပဲ ဘာသာတိုင်းအဲ့လိုကြည့်ပဲ ဖြေချသွားတာ ဖြေချသွားတာ။  အဲ့ဒါနဲ့ပြီးတော့ ဦးဇင်း ရန်ကုန်ပြောင်း ရန်ကုန်ပြောင်းပီးတော့ ၊ ပြီးတော့ မြောင်းမြ မှာ အလုပ်သွားလုပ်တာပေါ့ ၊ အလုပ်သွားလုပ်တယ် ။ ရန်ကုန်မှာ ဦးဇင်း အဒေါ် တွေကဈေးရောင်းတယ် ၊ ဈေးရောင်းတော့ ဦးဇင်း ကဈေးမရောင်းသေးဘူး ။ မြောင်းမြ မှာ အလုပ်သွားလုပ် ၊ လုပ်ပြီးတော့ ဆယ်တန်းအောင်စာရင်း ထွက်လာပါလေရော ၊  အောင်စာရင်းထွက်လာတဲ့ အခါ ကြတော့ ဦးဇင်းကတော့ ကျမယ်လို့ပဲ ဆုံးဖြတ်ထားတာ ၊အဲ့ဒါနဲ့ အောင်စာရင်းထွက်ပြီး ၁၅ (ရက်) လောက် ရက်(၂၀) လောက်ကြာ မှ ရန်ကုန်ကို ပြန်လာတာ။ ပြန်လာတော့ သင်္ဘောပေါ် မှာ ဘာစဉ်းစားလဲဆိုတော့ ကျောင်းဘယ်မှာတက်ရင် ကောင်းမလဲပေါ့နော် ။ ကျောင်းဘယ်မှာတက်ရင် ကောင်းမလဲလို့စဉ်းစားတော့ ၊ ငါ ဒီအတိုင်းဆိုရင် ရန်ကုန်မှာကျောင်းတက်တဲ့ စရိတ်ကလဲမလွယ်ဘူး ၊ ဘာအံ မှာ ပြန်တက်ဖို့ကလဲ မလွယ်ဘူးပေါ့လေ ။ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ စဉ်းစားတယ် ။

 

အပျော်ဆုံးနေ့များ နှင့် ပထမဆုံး ဘဝသံဝေဂ

  အဲ ရန်ကုန်ပြန်ရောက်တဲ့ အခါ ကျတော့ ဦးဇင်းအမေ ၊ ဦးဇင်း အဒေါ် တွေက ပြောတယ် ၊  နင့်ခုံနံပါတ် က ဒါမိုလား နာမည်တွေ့တယ်၊ အောင်တယ်ပေါ့။ အဲ …ဦးဇင်း မယုံနိုင်လောက်အောင်ဖြစ်သွားတာပေါ့။ ကိုယ်က လုံးဝ ကျပြီးလို့ တွက်ထားတာလေ ၊ မယုံနိုင်လောက်အောင်ဖြစ်သွားတာပေါ့ ၊ အရမ်းပျော်သွားတာပေါ့ ၊ ပျော်သွားတာ။ အဲတော့..ပျော်သွားတဲ့ အခါမှာ မကြေနပ်ဘူး ၊ ဟုတ်မှဟုတ်ရဲ့လားလို ဆိုပြီးတော့ အောင်စာရင်းကို တစ်ခါထပ်ကြည့်တော့ ဟုတ်တယ် အောင်တယ် ။ အောင်တော့ ပျော်တာပေါ့ လေ။ အဲ့ဒီ့အချိန်မှာပဲ သတိကစပြီး တော့ဝင်တယ် ၊ ငါ အခက်ဆုံးပေါ့  ၊ အမျှော်လင့်ဆုံးပေါ့နော် ၊ ဒီ ဆယ်တန်းအောင်ဖို့ လုပ်လာခဲ့ရတဲ့ အချိန်တွေ ၊ အများကြီး အချိန်တွေပေးပြီး လုပ်လာခဲ့ရတယ် ။ ပြီးရင်နောက်ဆုံး ဘာပဲဖြစ်ဖြစ်ပေါ့လေ ၊ ဟို နောင်တမရချင်ဘူး ၊ နောင်တမရချင်ဘူးဆိုတဲ့ စိတ်တစ်ခုနဲ့  လက်မလျော့ဘဲနဲ့ မေးခွန်းတွေ ပြန်ကူးလိုက်ရတာလဲ ရှိတယ် ၊ ရှိတယ် ။ အဲ့လိုနဲ့ ဦးဇင်း လုပ်ခဲ့တဲ့အရာတွေဟာ တစ်ကယ် ကိုဖြစ်မြောက်သွားပီးဆို ပြီးတော့ ဝမ်းသာသွားတယ် ၊ ဝမ်းသာသွားတယ် ။ အဲ့ဒီအချိန်မှာ အဲ့ဒီ့ဝမ်းသာမှု့ ကို ပျောက်သွားမှာ အရမ်းကြောက်တာ ပျော်တာလေ… ပျော်တာ။ ပျောက်သွားမှာ အရမ်းကြောက်တာ မပျောက်ချင်ဘူးသူက ။ ဒီအပျော်မျိုး ပျောက်သွားလို့ရှိရင် မခံစားနိုင်ဘူးပေါ့နော် ၊ အဲ့ဒါနဲ့ ဒါဆို ဒီအပျော်ကို ငါသေချာမှတ်မယ် ဆိုပြီးတော့  အဲ့ဒီ့ အပျော်ကိုမှတ်ထားတာ၊ မှတ်ထားတဲ့ အခါမှာ တရက်ပြီးတစ်ရက် ပျော်တယ်၊ ပျော်တယ် ပေါ့လေ ။ ညတောင် …ဘယ်လောက်ပျော်လဲဆိုတော့ပျော်တာကိုဘယ်လောက်ထိသဘောကျလဲဆိုတော့ တစ်ခါမှ ဘဝ မှာ မရဘူးကို ညအိပ်ရင်တောင်မှ ဟို အပျော်လေးပျောက်သွားမှာစိုးလို့ မအိပ်ရဲ အိပ်ရဲ အိပ်ရတာ မိုးလင်း အဲ့အပျော် ပျောက်သွားမှာ အရမ်းကြောက်တာ ။ အဲ့ဒါနဲ့ ..အဲ့ဒီ့လိုနဲ့ ပျော်ရင်းပျော်ရင်း နဲ့ (၁၀)ရက်ပေါ့ ၊ ဆယ်ရက်လဲပြည့်ပြီးတော့မှ အဲ့ဒီ့ည အိပ်လဲအိပ်ပြီးရော နောက်နေ့မနက်လဲ ကြလဲကြ‌ရော အဲ့ဒီအပျော်တွေက တစ်ခုမှ မရှိတော့ဘူး။ မရှိတော့ဘူး။ မရှိတော့တဲ့အတွက် ဦးဇင်း စဉ်းစားတယ် ဘဝမှာ ပျော်စရာအကောင်းဆုံးလို့ထင်တဲ့ အရာ တစ်ခုဟာ (၁၀) ရက်ပဲ ခံပါလား။  ကိုယ်ပျော်ချင်ဆုံး အမျှော်လင့်ဆုံး အရာကြီး တစ်ခုပေါ့လေ ၊ မထင်မှတ်တဲ့အပျော်ကြီး  ဒီအပျော်ကြီးဟာ ၊ အပျော်မပျက်ချင်ဘူးဆိုပင်မဲ့လည်း (၁၀) ရက်၊  (၁၁) ရက်မြောက်တဲ့ နေ့မှာ ဘာမှ မရှိတော့ဘူး ။ အဲ့တော့ စဉ်းစားလိုက်တော့ ဘဝမှာပျော်စရာဆိုတာ ဘာလဲ လို့စဉ်းစားတယ် ။ ဒီလောက်ပျော်တဲ့ အပျော်ကြီးတောင်မှ (၁၀) ရက်ပဲခံတယ်ဆိုရင်ဘယ်အပျော်တွေက ဘယ်လောက်ခံမှာ လဲပေါ့။ အဲ့ဒါနဲ့စဉ်းစားပြီးတော့ ဒါပေးမဲ့တရားမသိပါဘူး သံဝေဂပဲရတာပါ။ သံဝေဂပဲရတာ။

 

အေးချမ်းသော ရေခဲရေသည် ဘဝ မှ 

ပူလောင်သော လုပ်ငန်းရှင် သဌေး ဘဝ သံဝေဂ

 အဲ့ဒီ့လိုနဲ့ ဦးဇင်း နေရင်းနဲ့  အလုပ်တွေလုပ်တာပေါ့ လေ။ အလုပ်လုပ်တွေလုပ်တော့ လဲ အလုပ်တွေတစ်ခုပြီးတစ်ခု ဈေးစရောင်းတယ် ၊ ရေခဲရေ ရောင်းတယ် ၊ ဇီးချိုသီးရောင်းတယ်၊ အသီးတွေ ဆင်မလိုက်မှာ ရောင်းတယ် ။  ရောင်းတဲ့အခါကြတော့လည်း ဈေးရောင်းကောင်းတော့ အရမ်းပျော်တာပေါ့ ။ ပျော်တယ် ပျော်ရင်းပျော်ရင်း နဲ့ နောက်ထပ် ဆင်မလိုက်ကနေ သခင်မြပန်းခြံပြောင်းတယ် ။ ပြောင်းတဲ့အခါကြတော့ အဲ့ဒီ့မှာ လဲ တစ်ခါ ကွမ်းယာ‌ တွေ ဘာတွေ ထပ်ရောင်းတော့  ပထမတုန်းက ဈေးရောင်းတုန်းက အသီးအနှံ့တွေရောင်းတုန်း က ပျော်တာက အဆင်ပြေပြေ လေးပေါ့။  အဲ့ဒါလေးကလဲ  ကွမ်းယာရောင်းတဲ့အခါ အဲ့အပျော်ကလဲ မရှိတော့ဘူး။ ပြီးတော့ ဘယ်မှာ မရှိလဲ ဆိုတော့ တစ်ဖြည်းဖြည်းနဲ့ ဂျာနယ်ရောင်းတယ် ဂျာနယ်ရောင်းတော့လဲ ပထမအပျော်တွေက မရှိတော့ ပြန်ဘူး ။ နောက်တော့ ဘာဖြစ်လာလဲဆိုတော့ ငါကိုယ်စားလှယ် ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ ဂျာနယ်ကိုယ်စားလှယ် ဖြစ်အောင်ဆိုတော့ လုပ်တော့လုပ်တယ် ဒါပေမဲ့ အဲ့ဒါလည်း အဆင်မပြေပြန်ဘူး။ ဖြစ်တော့ဖြစ်တယ် အလကားပဲ အဲ့ဒါလဲ မအောင်မြင်ဘူး။ မအောင်မြင်ဘူး။ အများကြီးပဲ အဲ့လိုပဲ တစ်ခုပြီးတစ်ခုပြောင်း.. ပြောင်း.. ပြောင်း.. ပြောင်း ပြီးသွားတဲ့ နေရာမှာ  ဒီခံစားမှု့တွေပြောင်းလဲလာတယ် မမြဲတာ‌ တွေကိုတွေ့လာတယ် ။အဓိက အဲ့ဒါကို တွေ့လာတယ်။ တစ်နေ့ကြတော့ တရုတ်ကုမ္ပဏီ တစ်ခုနဲ့ ချိတ်ဆက်မိပြီးတော့ ဦးဇင်း ရဲ့ အသိတစ်ယောက် က သူ့ သူငယ်ချင်း ထိုင်ဝမ် ကနေလာတဲ့အခါမှာ ကုမ္ပဏီတစ်ခုဖွင့်ထား။ ဦးဇင်း ကလည်း သူတို့နဲ့ ရင်းနှီးနေတော့ သွား သွားပြီးတော့ လည်မိတာ။ လည်မိရင်းနဲ့ သူတို့ခိုင်းတာ‌လေး လုပ်ရင်းနဲ့ ကုမ္ပဏီ လုပ်ငန်းတစ်ခုဖြစ်နေတာပေါ့။ ကိုယ်နဲ့ အရမ်းစိမ်းတယ်လေ ၊ စိမ်းတယ်။ အဲ့ဒီ့ ကုမ္ပဏီလုပ်ငန်းတစ်ခုလုံးစိမ်းတယ်လေ ၊ အဲ့ဒီမှာသွားပြီးတော့ အလုပ်ဝင်လုပ်မိရင်း နဲ့ ဘာဖြစ်လဲဆိုတော့ ဒီကုမ္ပဏီလုပ်ငန်း ကို သဘောကြသွားတယ် ။ သဘောကျတော့ ဘာဖြစ်သလဲဆိုတော့ ဦးဇင်း က လစာမယူဘဲနဲ့ (၂) နှစ် လုပ်တယ်။ လုပ်တော့ အဲ့ဒီ့မှာ ဘာတွေ့သွားလဲ ဆိုတော့ နိုင်ခြားသားတွေ ပေါ့ ၊ တရုတ်တွေ အလုပ်လုပ်တဲ့အခါကြတော့ ဟာ.. ငါ အလုပ်လုပ်ချင် တာ ငါလိုချင်တဲ့ အလုပ်ဆိုတာ ဒီအလုပ်ပဲ ။  နိုင်ငံခြားသားတွေ နဲ့ တွဲ ပြီးလုပ်ရတဲ့ အလုပ်ကို အကြိုက်ဆုံးပဲပေါ့ ဘာသာစကားတွေလည်း တတ်တယ်ပေါ့။ အဲ့ဒီ့လိုနဲ့ လုပ်ပြီးတော့ အဲဒီ့ကမ္ပဏီမှာ လူယုံတွေ ဘာတွေလဲဖြစ်ပြီးတော့ အလုပ်တွေ အရမ်းပင်ပန်းတဲ့အခါကြတော့ (၂) နှစ်လောက် ပင်ပန်းပြီးတော့ ၊ နောက်ပိုင်းကြတော့ အဲ့ဒီ့အလုပ်မှာ အဆင်မပြေဘူးဖြစ်သွားတယ် တစ်ဖြည်းဖြည်းနဲ့။   အဆင်မပြေဘူးဖြစ်သွားတော့  ဦးဇင်း အဲ့ဒါနဲ့အလုပ်ထွက်ပြီးတော့ တရုတ်စကား သင်တယ် ။ တရုတ်စကား သင်တယ် တရုတ်စကား တစ်နှစ်ခွဲလောက် တရုတ်စာကြည့်ပဲ လုပ်ပြီး သင်တယ်။ ပြီးတော့ တရုတ်ကုမ္ပဏီတွေလျှောက်  မရဘူး …မရဘဲနဲ့ အင်္ဂလိပ်ကုမ္ပဏီရ တယ် ။ အင်္ဂလိပ်ကုမ္ပဏီ မှာလုပ်တဲ့ အခါကြတော့လဲ ကိုယ်..အဲ့အလုပ်က အဆင်ပြေတယ် ၊ ငါ လိုချင်တာ ဒီအလုပ်ပဲ ဆိုပြီးတော့ လုပ်တာ (၆) လနေတော့ မဟုတ်ပြန်ဘူး။ ဒီ အဆင်ပြေ တယ်ဆိုတဲ့ ပျော်တယ် ဆိုတဲ့ ဘဝ ဟာ (၆) လ လောက် နေတော့ ရိုးသွားပြန်ရော။ အဲ့ဒါနဲ့ နောက်ကုမ္ပဏီ တစ်ခုကို ပြောင်း လိုက်တယ်။ ပြောင်းလိုက်တဲ့ အခါကြတော့.. ဘယ်လိုဖြစ်လဲဆိုတော့ ။ နောက်ကုမ္ပဏီတစ်ခုလဲ အဲ့လိုပဲ မပျော်တော့ပြန်ဘူး။ အဲ့ဒါနဲ့ အလုပ်တွေ တစ်ခုပြီး တစ်ခု ပြောင်း တယ် ဆိုပေမဲ့လည်း ကိုယ် က ဒီအလုပ်တစ်ခု လုပ်လိုက်တယ် လုပ်လိုက်ပင်မဲ့ ဒီအလုပ်က ငါ နဲ့ ကိုက်လိုက်တာ  ဒီအလုပ်ကိုပဲ ငါ နဲ့အဆင်ပြေ တယ် ဆိုပြီးထင်ရပေမဲ့လည်း (၆) လ လောက် နေပြီးတဲ့ အခါ မပျော်တော့ပြန်ဘူး ။ (၆) လ လောက် နေပြီးတဲ့ အခါ မပျော်တော့ပြန်ဘူး … နောက်အလုပ်တစ်ခုပြောင်းလဲ အဲ့လိုပဲ မပျော်တော့ပြန်ဘူး ။ စဉ်းစားလာပြီပေါ့နော်။ ဘဝ မှာ ဆယ်တန်းအောင် တည်းက ဒီခံစားမှု့တွေဟာ ဘယ်တစ်ခုမှ မမြဲခဲ့ဘူး။  

အခုထက်ထိလည်း သာယာတယ်ဆိုတာမတွေ့သေးဘူးပေါ့။ အဲ့ဒီ့ကနေပြီးတော့ တစ်ခါထပ်ပြီးတော့ ဘာလုပ်လဲဆိုတော့ ၊ငါဒီထက်လုပ်ငန်းကြီရရင်ကောင်းမှာဘဲဆိုတဲ့ အချိန် မှာ အဲ့ သီလဝါမှာ ဦးဇင်းက တရုတ်စီမံကိန်းတစ်ခု ရတယ် အဲ့ဒီ့စီမံကိန်းကလည်း ဦးဇင်တို့က နည်းနည်း စွန့်စားတတ်တယ်ပေါ့ ။ မန္တလေး ကနေပြီးတော့ ဦးဇင်း ဒီမှာ ဘာမှ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မရှိဘူး။ ဒါပေမဲ့ ဟိုဘက်ကနေ  ချိတ်ပေးတဲ့အခါမှာ  ဒီစီမံကိန်း တစ်ခု ကို မင်းကိုလွှဲပေးမယ် ယူမလား ဆိုတော့ လုပ်မယ်ဆိုပြီးတော့ လုပ်လိုက်တာ။ အဲ အဲ့ဒီမှာ ဘာမှ ကိုယ့်မှာဘာမှ မရှိဘဲနဲ့  စွန့်စွန့်စားစားနဲ့ လုပ်လိုက်တာပေါ့ ။လုပ်လိုက်တဲ့အခါ မှာ (၃) လ လောက်တော့ အဆင်ပြေပါတယ် ၊ (၃)လ လောက်ကတော့ ကား နဲ့ ဘာနဲ့ ပေါ့လေ ။ နောက် (၃) လ လဲကြလဲ ကြရော ဦးဇင်းတို့  နိုင်ငံရေးအပြောင်းအလဲ အဲ့မှာ တစ်ခါ ဖြစ်တယ် ၊ အဲ့မှာ ဒေါ် အောင်ဆန်းစုကြည် တက်လာတာလားမသိဘူး  ၊အဲ့ဒီအချိန်မှာ  ဦးဇင်း လုပ်ငန်းအကုန်ရပ်သွားတာတွေ ဘာတွေ ဖြစ်သေးတယ်။ဖြစ်သွားတဲ့အခါကြတော့ ၊ ချက်ချင်းကြီးပေါ့နော် ပရောဂျက် လုပ်ငန်း လုပ်နေရင်းနဲ့ တန်းလန်း နဲ့ အဆင်ပြေနေရင်း တန်းလန်း နဲ့  ချက်ချင်းကြီးဘဲ ရပ်သွားတဲ့ အခါကြတော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ အဲ့မှာ လုပ်ရင်း နဲ့ အကြွေး (၅) သိန်း တင်သွားပြန်ရော။ အခုပဲ လုပ်ငန်းတစ်ခုရတယ် (၃) လ ပဲကြာတယ် အကြွေး(၅) သိန်း တင်သွားတယ် ဆိုတော့ တစ်ပြားမှ မရှိတဲ့ လူက  (၅) သိန်း ဘယ်လိုဆပ်မတုန်း။ ဟုတ်တယ်မိုလား၊ အဲ့ဒါ နဲ့ နေရင်း နောက်ဆုံးကြတော့ လုပ်ရင်း နဲ့ အကြွေးပြန်ကြေသွားတယ် ပေါ့ ၊နောက်ထပ် (၃) လ တစ်ခါထပ်ရတော့ အကြွေးပြန်ကြေသွားတယ် ။ အဲ့လိုကြေပြီးတဲ့အခါ မှာ ကံကောင်းစွာနဲ့ပဲ ဘာရလိုက်လဲဆိုတော့ နိုင်ငံခြားသားတစ်ယောက်က ဟိုပေါ့.. စကားပြန်တစ်ယောက်ကနေပြီးတော့ မောင်လေးပေါ့လေ ..အစ်မတို့ ကားတစ်စီးလိုတယ် နင် ရှာပေးနိုင်လား? နင်မှာရှိလားဆိုတော့ ၊ တစ်ကယ်တော့ ကိုယ့်မှာ ဘာမှ မရှိဘူး။ ကိုယ့်မှာ ဘာမှ မရှိတာမှ ဘာမှကို မရှိတာ။ မရှိ‌တော့တာ အကုန်ရပ်ကုန်တာ။ ရတယ် ရှာ‌ပေးမယ်ဆိုပြီးတော့ ၊ ကိုယ့်မှာလဲ ဘာမှ မရှိဘဲနဲ့ လက်ခံလိုက်တဲ့ ဟာတစ်ခုက ဘယ်လောက်ထိဖြစ်သွားလဲဆိုတော့ ၊ဒီ (၃) လ အတွင်းမှာကို ဦးဇင်းဆီမှာ ကား အစီး (၁၀၀) လောက် ဖြစ်သွားတယ် ။အဲ့ဒီ့ရဲ့ ပထမဆုံး စဌားတဲ့ ကားတစ်စီး က ဦးဇင်း ထင်တာကတော့ ဦးဇင်း (၅) သောင်း ပဲ ရမယ်လို့ ထင်တာ။ ဒါပေမဲ့ တစ်ကယ့်တစ်ကယ်မှာ သူ က စ‌ဘော်က (၃) လ စာ ပေးလိုက်တာ ပေးလိုက်တဲ့အခါကြတော့ (၁၀) သိန်း ခွဲ ရယ် ဦးဇင်း အမြတ် (၅) သောင်း ရယ် ဆိုရင် ဦးဇင်း ဆီမှာ (၁၁) သိန်း ဖြစ်သွားတယ်။ ဖြစ်သွားတော့ ဦးဇင်း စဉ်းစားမိသွားတယ် ၊ အစရသွားတာနော် ..လုပ်ငန်း  က ဒီလိုလုပ်လို့ရတာပဲပေါ့နော် ။ ကိုယ်က (၅) သောင်း ပဲ ထင်ပေးမဲ့ မထင်မှတ်တဲ့ …ဧည့်သည်ကလဲပြောတယ် ငါ မင်း ကို (၃) လစာ ပေးရမလား (၆) လစာ ပေးရမလား ဆိုတော့ အံ့ဩသွားတာပေါ့နော်။ ဟာဒီလိုကြီး …လုပ်ငန်းတစ်ခုက ဒီလိုလားပေါ့ နော်။ အဲ့ဒီ့ကနေပြီးတော့ မှ ရသွားတယ် ။ ရသွားတဲ့အခါမှာ ဦးဇင်း ဆက်လုပ်ရင်း နဲ့ ဆက်တိုက်ဆက်တိုက် လုပ်လိုက်တာပေါ့ လုပ်လိုက်တာ။ လုပ်ရင်းတန်းလန်း နဲ့ အဲ့ဒီ့မှာ ဘာဖြစ်သွားလဲ ဆိုတော့ ငါ ဒီသဌေး ဘဝဖြစ်ရင်တော့ ငါ လုပ်ချင်တာ လုပ်မယ် ဆိုပြီးတော့ ၊၊ အဲ့မှာလူကြီးတွေ အထက်ဗမာပြည် ဘုရားဖူး ပို့တာ တို့ ဘာတို့ ပေါ့နော်.. ဦးဇင်း လုပ်ချင်တဲ့ဟာတွေ လုပ်တယ်။ ဘုရားတွေ ဘာတွေလဲ တည်ဖြစ်တယ် ၊ သိမ်တွေ ဘာတွေ လဲ လှုဖြစ်တယ်ပေါ့ ။ အဲ့ဒါတွေလဲ လုပ်ဖြစ်တယ်။ လုပ်ဖြစ်တော့ ကိုယ်လုပ်ချင်တာလဲ လုပ်တယ် ပထမပိုင်းတော့၊  နောက်ပိုင်းကြတော့ အဲ့ဒါတွေ လုပ်ပေမဲ့လဲ စိတ်က မဟုတ်သေးပြန်ဘူး ။ သဌေးဖြစ်ရင်လဲ ပြည့်စုံမယ်လို့ထင်တာပေါ့နော် ။ သဌေး ဆိုတာက ဦးဇင်းတို့အနေနဲ့ ကြတော့ သဌေး ပေါ့လေ သဌေးပေါ့ ..။ အဲ့မှာနောက်ဆုံးကြတော့  ကား အစီး (၂၅၀) လောက် ဖြစ် သွားတယ် ၊ (၂၅၀) လောက် ဦးဇင်း တစ်ယောက် တည်း လုပ်တာပေါ့။ လုပ်နိုင်တယ် ဦးဇင်း အဲ့ဒါတွေ ။ အဲ့ဒီ့မှာ ဘာဖြစ်လာလဲ ဆိုတော့  အမှု့ပေါင်းမြောက်များစွာနဲ့ ကားတိုက်တာတွေ ၊ နိုင်ငံခြားသားသေတာတွေ အဲ့အမှု့တွေ အများကြီးနဲ့ ရဲစခန်းပေါင်းစုံ ၊ တရားရုံးပေါင်းစုံ မှာ အလုပ်တွေရူပ်ပြီးတော့ နောက်ဆုံးကြတော့ တရုတ်တွေကလည်း ကိုယ် နဲ့ တွေ့မှ မြန်မာတွေကလည်း ကိုယ်နဲ့တွေ့မှ ဆိုတော့ ။ ကိုယ့်မှာက ၊ တရုတ်တွေကလည်း ဘယ်တော့မှ တစ်ဆင့်ခံပြီး တွေ့လေ့တွေ့ထ မရှိတော့ သဌေး နဲ့ တိုက်ရိုက်တွေ့ တာပဲဆိုတော့ အလုပ်က ပင်ပန်းလာတော့ ညတွေဘာတွေ မအိပ်ရတဲ့ အဖြစ်‌ တွေရောက်လာတယ်။ ရောက်လာတဲ့အခါကြတော့ အဲ့တော့ တဖြည်းဖြည်း နဲ့ စိတ်ကညစ်စတော့ ပြုလာပြီးပေါ့ အဲ့မှာ အရက်သောက်လိုက် ညဘက်အိပ်ပျော်အောင် အိပ်လိုက် အဲ့လိုနေတယ်။ တဖြည်းဖြည်း နဲ့ ဘယ်လောက်ထိ ဖြစ်လာလဲဆိုတော့ မနက်အိပ်ယာထ ရမှာကို ကြောက်လာတယ် ။ မနက်အိပ်ယာထတာနဲ့ ဒီအလုပ်တွေက တန်းစီနေတဲ့ အခါကြတော့ အဲ့ဒီ့ဒဏ်ကြီး ကို လန့်လာတာပေါ့ ၊ လန့်လာတာပေါ့။လန့်လာတဲ့ အခါကြတော့ ငါ သဌေး ဖြစ်ရင်လို့ ပြည့်စုံမယ်ထင်တာ ဒါပေမဲ့ အခုကြမှ အဆင်းရဲဆုံးဘဝကိုရောက်နေသလိုပဲ ၊ ငါ ရေခဲရေ ရောင်း တုန်းက ၊ ကွမ်းယာရောင်းတုန်းက ဘဝ က အဲ့လောက်ထိဖိစီးမှု့ မရှိဘူးပေါ့လေ ။ ခုဟာက ဖိစီးမှူ့ အရမ်းများတယ် ..ကြည့်တော့ သဌေး ဘဝက တစ်ကယ် တော့ အဆင်းရဲဆုံးပဲ ဆိုတာ နားလည်လာတယ်။ ဒါဆိုရင် ငါလိုချင်တာ ဘယ်ဘဝလဲ.. သံဝေဂ ရနေတာနော် ။ ၁၇ နှစ် နှစ်ထဲကရနေတာ ရနေတာ။ အဲ့တော့ (၃၃) နှစ် (၃၂) နှစ် လောက်မှာ ဒီသံဝေဂ ရသွားပီ၊ တစ်ခါထပ်ရပီ။ ထပ်ရပီဆိုတော့ ဟို ကြားထဲမှာတော့ စိတ်ညစ်တာတို့ ဘာတို့တော့ ရှိတာပေါ့ လေနော်။ တရားဘက်ကို ဒီဘက် လုံးဝအကူးပြောင်း က  ဒီကြမှ ပြောင်းတာပေါ့နော်။ အဲ့တော့ ဦးဇင်း တို့ (၁၆) နှစ်လောက် မှ (၁၇) နှစ်သား ထဲမှ သံဝေဂ ရတဲ့ဟာကို နှစ် (၁၅) နှစ်လောက်ထိ ဆက်တိုက် သံဝေဂ ကိုယူလာတာ ဒါပေမဲ့ ယူတဲ့အခါမှာ (၃) လ (၆) လ လောက် မှ တစ်ခါ တစ်ခါတွေ့တာ ။ နောက်ဆုံးကြတော့  ကိုယ်လိုချင်တာ ဘယ်ဘဝလဲ လို့ ပြန်ဆင်ချင် လိုက်တော့ ဘယ်ဘဝမှ ကိုယ့်အတွက် မပြည့်စုံဘူးဖြစ်နေတယ် ။ မဖြစ်တော့ ကိုယ် က ဘာလုပ်ရမှန်း မသိတော့ဘူး ၊ ငါ လူ့ဘဝ ရတာ ဘာအတွက်လဲ ၊ ငါ ပျော်ပါတယ် ဆိုတဲ့ ဘဝတွေ အများကြီး။ ဆယ်တန်း အောင်တုန်း ကလဲ ပျော်တယ် ဆယ်ရက်ပဲ ခံတယ်။ နောက်ထပ် အလုပ်တွေ လဲ ကိုယ်နဲ့ ကိုက်ညီပါ ကိုက်ညီပါတယ် ဆိုပြီး နောက်ဆုံး သဌေး ဖြစ် ရင် တော်ပါပီ သဌေး ဖြစ်ရင်ပြည့်စုံပီ လို့ထင်တဲ့ဘဝ အဆင်းရဲဆုံးဖြစ်သွားတဲ့ အခါမှာ လုံးဝ စိတ်က ကိုယ်တွေးတဲ့ဟာ နဲ့ ဖြစ်တဲ့ဟာ နဲ့ တစ်ခြားစီပဲဖြစ်သွားတယ်  ဗြောင်ပြန်ဖြစ်သွားတယ်။ အဲ့အချိန်မှာ ဦးဇင်း ဘာလုပ်ရမှန်း မသိ‌တော့ဘူး။ အဲ့မှာဘာလုပ်လဲ ဆိုတော့စိတ်ညစ်တော့ ဦးဇင်းတို့က တရားအခံ လေးတော့ရှိပါတယ် ၊ ရှိတဲ့အခါကြတော့ စိတ်ညစ်‌တော့ အရက်လဲသောက်တယ် အရက်သောက်ပြီးတော့ အိပ်ပြီးလို့ရှိရင် တရားလဲနာတယ် ၊နှစ်ခုလုံးလုပ်တယ်။ တဖြည်းဖြည်းနဲ့ အရက်သောက်ပြီး တရားနာလာရတာ ဦးဇင်းတို့  တော်တော်လေးအဆင်ပြေလာတယ် ၊ နောက်ဆုံးဝန်ထမ်းတွေကအစ ဘာဖြစ်လာလဲဆိုတော့ သူတို့ လဲအရက်သောက်ပြီး တရားလိုက်နာတာ  သူတို့လဲ တော်တော်အဆင်ပြေလာတယ် ။ ဒါပေမဲ့ ဘာမှတော့ မသိဘူး နာလို့ကောင်းတာကိုပြောတာပါ နာလို့ကောင်း‌ နေတဲ့သဘောလောက်ပဲရှိတယ်။ အဲ့ နာလို့ကောင်းနေတာ အဲ့ဒါလေးနဲ့အဆင်ပြေ နေတာ။ တစ်ဖြည်းဖြည်း နဲ့ ဦးဇင်းလဲ   အဲ့ဒီ့အချိန်မှာ ဦးဇင်း ကြားထဲမှာတော့ ဘုရားတစ်ဆူ တည်လိုက်သေးတယ် ထူးကြီး မှာ ဘုရားတစ်ဆူ တည်လိုက်သေးတယ်။

 

ဓာတ်တော် နဲ့ ဒါန ရဲ့ အကျိုးဆက်

 အဲ့ဒီ နောက်တစ်ခေါက်လဲကြရော  ဦးဇင်းအလုပ်လုပ်တဲ့ကုမ္ပဏီတစ်ခုကနေပြီးတော့ ဦးဇင်း အတွက်ဆိုပြီးတော့ ဒီဌာပနာတွေပေါ့ ဓာတ်တော် နဲ့ ကျွန်းနက်ဘုရားလေးနဲ့ လာပြီးတော့ပို့တာ ။  ပို့တော့ ဦးဇင်းစဉ်းစားတယ်ပေါ့ နော် ငါတို့ဒီလောက်သောက်စားနေတာကို ဒီဌာပနာတွေကို လာလာပေးသေးတယ်။ ဒါပေမဲ့ ပထမအခေါက် ဌာပနာတွေကိုတုန်းကတော့ ဦးဇင်းက ဘုရားသွားတည်လိုက်တယ် အိမ်မှာ မထားကောင်းဘူး ဘာဘူးပြောလို့လေ ၊ ဦးဇင်းလဲမသိဘူး။ ဒီတစ်ခေါက်ကြတော့ အိမ်မှာထား ၊ရုံးမှာထားလို့ အဆင်မပြေဘူး ငါတို့ကတော့သောက်စားနေတာဆိုပြီးတော့  ကဲ ဘုရား သွားပြီး တော့ တစ်နေရာမှာသွားလှုလိုက်မယ် ဆိုပြီးတော့ အဲ့ဒီ့မှာ ဒီဌာပနာတွေ ကို လှုမယ်ဆိုတဲ့ ဒါန ရဲ့ အကျိုး စတာ အဲ့မှာ။ အဲ့တော့စတာက သံဝေဂ ၊ သံဝေဂတွေ နဲ့ ဘဝ ရဲ့ ထွက်ပေါက်ကို ရှာတာ အဲ့ဒီ သံဝေဂတွေ ကို ပံ့ပိုးလိုက်တာက ဒီဘက်မှာကြတော့ ဒီဒါန ကနေပြီးတော့ စပြီး ပံ့ပိုးတာ အဲ့တော့ ဒါန ဆိုတာ ပစ်ပယ်လို့မရဘူးလို့ ပြောတာ  မစွဲဖို့ဘဲပြောတာ ၊ မစွဲ နဲ့ မပယ်နဲ့လို့ပြောတာ။ မလုပ်နဲ့လို့ တစ်ခုမှ မပါဘူး။ အဲ့တော့ ဒါနကနေ ဘယ်လို အကျိုးပေးလဲဆိုတော့ အဲ့ဒီ့ ဓာတ်တော်တွေကို ဦးဇင်းကနေပြီးတော့ အမြန်လမ်း တောက်လျှောက် ဘုရားတွေလိုက်ရှာပြီးတော့ လိုက်လှုတာ ၊ လှူတော့ ဘယ်ဘုန်းကြီးကျောင်းကမှ လက်မခံပါဘူး ၊ လက်မခံဘူး ၊ ဘုန်းကြီးကျောင်းနှစ်ခုလောက်ဝင်တယ် သူတို့ နဲ့ ဒါမလုပ်သေးဘူး ဘုရားမတည်သေးဘူး ဆိုတော့ ဦးဇင်းက အဲ့ဒါနဲ့ ပြန်ယူပီးတော့ ထပ်သွားတော့ ၁၁ မိုင် ၄ ဖာလုံ မှာ အဲ့ဒီ့မှာ နဂါးရုံ ဘုရားလေးတည်နေတာ တည်နေတဲ့အခါမှာ နဂါးရုံ ဘုရား တည်တာနဲ့ ဦးဇင်း ဓာတ်တော် နဲ့ အဲ့ နဂါးရုံ ဘုရား မှာ ဌာပနာ လိုက်တာပေါ့ ဌာပနာ လိုက်တော့ အဲ့ဒီ့ကျောင်းက ဆရာတော် က သူတရားကျင့်ဖို့ပြောတော့ တရားကျင့်ကြည့် ပါလား ဆိုတော့  အဲ့ဒီ့ကျောင်းကိုကြည့်တော့လဲ တိုက်တိုက်ဆိုင်ဆိုင် ဝိပဿနာ အားထုတ်တဲ့ကျောင်းဖြစ်နေတယ် ၊ ဖြစ်နေတယ် ။ ဦးဇင်း က အဲ့ဒီ့တရားတွေကို  ပြောမယ်ဆိုရင် တစ်ကယ် စိတ်မဝင်စားတာ စိတ်မဝင်စားတာ ဦးဇင်းအမေ က မိုးကုတ်ကျင့်နေတာ။ ဦးဇင်းမယ်တော်ကြီး မိုးကုတ်ကျင့်တယ် ဒါ‌ပေမဲ့ ဦးဇင်းစိတ်မဝင်စားဘူး ၊ စိတ်မဝင်စားဘူး။အဲ့ဒီတော့ အဲ့ဒီ့နေရာမှာ တရားမသိတဲ့ စိတ်မဝင်စားသေးတဲ့သူတွေကို ပေါ့နော် အတင်းကြီးလုပ်လို့မရဘူးဆိုတာ ပြောချင်တာ ။ အဲ‌တော့ ဦးဇင်းအမေ တို့က တရားသိစေချင်တော့ တရားကို ပြောပြော ပြောနဲ့ ၊ အတင်းအကျပ်ပြောလာတဲ့အခါကြတော့ ဘာဖြစ်လာလဲဆိုတော့ စိတ်တွေက အလုပ်ကလဲတစ်ဖက်ဆိုတော့ မွန်းကြပ်လာတယ်။ တရားအကြောင်းကြားရင်လဲနားညီးလာတယ် မကြားချင်တော့ဘူး။ မကြားချင်တော့ဘူး။ နောက်ဆုံးကြတော့ အရွှဲ့တိုက်တဲ့ ဘက်တွေ စိတ်တွေက ပြောင်းလဲလာတယ်။ ဒီတရားမကြားရဘဲ အပ္ပယ် ကျရင်လဲ ကျတော့ နားမထောင်တော့ဘူး အပ္ပယ်ငရဲကျလဲ တရားမလုပ်ဘူး ။  အဲ့လိုတွေထိ စိတ်တွေကအရမ်းရူပ်ထွေးလာတဲ့အခါ ဖြစ်တဲ့သဘောတွေပေါ့နော်။ အဲ့ဒါကြောင့်မို့ တရားအားမထုတ်ချင်တဲ့သူကို အားထုတ်အောင်ပြောတဲ့နေရာမှာ နည်းလမ်းအမျိုးမျိုးတွေ ပဋိယယ်တွေ အများကြီးသုံးရတယ်လို့ပြောတာ။ အဲ့ဒါကိုယ်သိတဲ့အတိုင်း ဒီလိုကြီးသွားပြီး  ဒဲ့ပြောလို့မရဘူး။ သူတို့လက်ခံနိုင်တဲ့ စွမ်းရည်ဆိုတာ ရှိသေးတယ် ၊ ဘာလို့လဲ ပျော်တဲ့အချိန်‌ တွေနော်၊ ပျော်တဲ့အချိန်ဆိုတော့ အလှကြိုက်တဲ့အချိန် ၊ ပျော်တဲ့အချိန်   ခံစာလွယ်တဲ့အချိန်‌တွေမှာ တရားဘက်ကိုရောက်ဖို့ဆိုတာ တော်တော်နဲ့ မလွယ်ဘူး စူးစမ်းနေသေးတာကို ဘဝရဲ့ အတွေ့အကြုံတွေ။ အဲ့ဒါကြောင့်မလို့ အဲ့ဒီ့နေရာမှာတော်တော်လေးစကားပြောပါတယ်။

 

လူကသာ ဘာမှ မဟုတ်တာ ဒီတရားလဲမကြိုက် ဟိုတရားလဲ မကိုက်

 အဲ့ဒါနဲ့ ဦးဇင်းကလဲ အဲ့ဒီ့ကျောင်းရောက်တာနဲ့ မထူးပါဘူးဆိုပြီးတော့ ကဲ ..ကျင့်မယ်ကွာဆိုပြီး တစ်ညအိပ်ပြီးကျင့်တယ် ၊ တစ်ညအိပ်ပြီးကျင့်တယ်။  ကျင့်တဲ့အခါကြတော့ ကျင့်လိုက်တာနဲ့ကို ဦးဇင်း ကလဲ သူတို့ရဲ့လမ်းစဉ်ပေါ့ ဒီနမိတ်တွေဘာတွေ တန်းမြင်တယ် တန်းမြင်တယ်။ ဒါပေမဲ့ ဦးဇင်းက ဘာလို့လဲဆိုတော့ အဲ့ဒီ့တရားကိုမကြိုက်ဘူး ၊ မကြိုက်ဘူး။ ငါ့အတွက် ဒီဟာက ငါလိုချင်တဲ့ တရားမဟုတ်သေးဘူး။ အမယ် သူ ကသိတယ်..အဲ့ဒါကြောင့်ပြောတာ ကိုယ်ကသာ ဘာမှ မဟုတ်တာလို့ ၊ ကိုယ်ကသာဘာမှ မဟုတ်တာ။ ဒီတရားက မဟုတ်သေးဘူး ဟိုတရားက မကြိုက်သေးဘူး လုပ်သေးတာ၊ အဲ့လို ..အဲ့လို။ ကိုယ့်ကြည့်တော့လဲ အခုမှ တရားအားထုတ်တာကို မကြိုက်ဘူးရှိရသေးတယ်။ လုပ်ကြည့်ပေါ့ လုပ်စရာရှိရင် မဟုတ်ဘူး စိတ်တွေရဲ့ သဘောပေါ့နော်။ အဲ့ဒါ နဲ့ ဦးဇင်းလုပ်ကြည့်တဲ့အခါ ကြတော့ တရားလမ်းစတော့ရသွားပြီ ၊ ထွက်ပေါက်တော့ရသွားပြီ၊ ရသွားတော့ ဦးဇင်း အဲ့မှာတရားကျင့်မိတာပေါ့‌နော်။

ကျင့်တော့ ပထမ တစ်ရက်ကျင့်တယ် ကျိုက်ကလဲ့ ဘုရား မှာ မင်္ဂလာဒုံ ကျိုက်ကလဲ့ ဘုရားမှာ၊ အဲ့ဒါ ဦးဇင်းစပြီးတော့ တရားကျင့်တာ ၊ ဟို (၁၇) နှစ်တုန်းကပုတီးစိပ် သမထတွေ လုပ်တုန်းကလဲ အဲ့ဒီ့ ကျိုက်ကလဲ့ ဘုရားမှာပဲ အခုတစ်ခါတရားပြန်လုပ်မယ်စိတ်ကူးတော့ဘယ်ဘုရားသွားရမလဲ စိတ်စားလိုက်တော့ လဲ ကိုယ်လုပ်ခဲ့ဖူးတဲ့ ကိုယ်အဆင်ပြေခဲ့ပါတယ်ဆိုတဲ့ ဘုရားက စိတ်ထဲတန်းပေါ် တာ တန်းပေါ် တဲ့အခါကြတော့ အဲ့ဒီ့ဘုရားကို တစ်ခါတန်းသွားတာ ၊ ဦးဇင်းတို့က (၁၇) နှစ် ကတည်းက ကျိုက်ကလဲ့ ဘုရားမှာ ကျင့်တာ ၊ကျင့်တာ ။

 

ဘိုးတော်ကြီး နဲ့ ဘိုးတော်လေး

အဲ့ဒီ့ကတည်း ဦးဇင်း က နှစ်လုံး သုံးလုံးပေးနေတာ ၊ နှစ်လုံးထီ သုံးလုံးထီ အဲ့ဒီ့က ဘိုးတော်တွေ နဲ့ပေါင်း ၊ ကိုယ်က ဘိုးတော်လေး သူတို့က ဘိုးတော်ကြီး ၊ အဲ့လိုသွားတာ။ ကိုယ်လဲထိုးတာမဟုတ်ဘူး နော်။ အဲ့လို ပေးရတာကို ဝါသနာပါတာ သမထတွေဆိုတော့လေ။ သူများကိုလုပ်ကျွေးရတာကို သာသနာပြုတယ်ပေါ့ ၊ ဒီလိုပေါ့။ 

 

အစဉ်အလာနှင့် ဘာသာရေး

အဲ့တော့ အဲ့ဒီ့လို ပုတီးစိပ်တရားထိုင်တာကိုပဲ ပုတီးစိပ်ပြီးတော့ အဲ့လို နှစ်လုံးပေး သုံးလုံးပေး သူများကိုကယ်ပေါ့လေ ၊ အဲ့ဒီ့အလုပ်ကိုပဲ ဦးဇင်းတို့က သာသနာပြုတယ် မြတ်စွာဘုရားရဲ့ အဆုံးအမ ဒါပဲလို့ထင်တာ ။ ဒါပဲလို့ထင်တာ။ တရားကိုမသိတာ အမှန်တရားကိုမသိရင် ဘယ်လိုမှ မသိတာနော် ၊ ဘယ်လိုမှ မသိတာ။ အိမ်မှာလဲ ဦးဇင်း အဖွား ဆို ဘုန်းကျောင်းသွားတာ ဦးဇင်း ငယ်ငယ်ကတည်းကလိုက်ပို့ရတာ မသိဘူးပဲ၊ သာမန်(၈) ပါးသီလ ယူ ၊ ထမင်းချိုင့်လေးနဲ့ သွား ဒီလောက်ပဲသိတာ။ ဘာတွေဟောနေမှန်းလဲမသိပါဘူး။ အဲ့တော့ဦးဇင်း သိတဲ့အခါမှာတော့ ဒီပုတီးစိပ်တာဟာ ဘုရားရဲ့ တရားပဲ ဆိုပြီးတော့ အဲ့ဒါကိုပဲ သဘောကျတာ ၊ အဲ့တော့ ဝိပဿနာ ကျောင်းတွေ သွားကြည့်လို့ရှိရင် ဦးဇင်းကလဲ မြင်နေရတာ ဟိုလမ်းထိပ်မှာကျောင်းဆိုတော့ မြင်နေရတော့ အဲ့မှာ ဦးဇင်း အမေတို့က တရားစခန်းဝင်တော့ လှမ်း လှမ်း ကြည့်လို့ရှိရင် သူတို့က အဖြူလေးတွေ ဝတ် ၊ ယောဂီလေးတွေ ဝတ် တစ်လှမ်းချင်းလှမ်း ဖြေးဖြေးချင်း ဖြေးဖြေးချင်းလှမ်းတော့ ဒီတရား ဘာတရားလဲ လှူပ်တုပ်လှူပ်တုပ်နဲ့ပေါ့နော် ၊ ပျင်းစရာကြီး ဒီတရား နဲ့ ငါ ပုတီးစိပ်တာ နဲ့ ဆိုရင် ငါ ပုတီးစိပ်တာက နတ်တွေလဲ တွေ့ရတယ် ၊ ငါသိချင်တဲ့ အိမ်ကို ဧည့်သည် လာမယ်ဆိုရင် တန်းသိတယ်။ ဘာဖြစ်မယ်ဆို တန်းသိတယ်။ အဲ့ဒီ ဘုရား တရား (၂) ခုမှာ ငါ ဒီတစ်ခုပဲလုပ်မယ်။ ဟိုဘက်တရားတော့ ပျင်းစရာကြီးပေါ့နော် ပျင်းခြောက်ခြောက်ကြီး မလုပ်ဘူးဆိုပြီးတော့ အဲ့ဒီတရားကို လုံးဝမလုပ်တာ ဒီဝိပဿနာတရားကို လုံးဝမလုပ်တာ ။ ပုတီးစိပ်တာကိုပဲ ကိုယ်က တရားထင်တာကို ၊ ထင်တာကို။ ဒါန လုပ်တာကို တရားလို့ထင်တယ် ၊ သီလဆောက်တည်တာကိုပဲ တရားလို့ထင်တယ် ။ 

ပုတီစိပ်ပြီးတော့ဦးဇင်းတို့တွေနမိတ်လေးတွေရအကြားအမြင်လေးတွေကောင်းလာတဲ့အရာ ကိုပဲ ဦးဇင်း တို့က တရားလို့ထင်တာ။ အဲ့ဒါကြောင့်မို့ ဦးဇင်းတို့ ဗုဒ္ဓဘာသာတွေဟာ မိရိုးဖလာ တွေများနေတာ ၊ မြတ်စွာဘုရားရဲ့ အဆုံးအမ ကို လုံးဝနားမလည်တဲ့သူတွေက ဒုနဲဒေး နဲ့ တပုံကြီး အဲ့တော့ ကပ်လျှက်နဲ့ကို ချော်တာပဲ ချော်စရာရှိရင် ၊ အဲ့ဒါကြောင့်မို့ တရားနာကြားဖို့ နားကြားနိုင်တဲ့ စွမ်းရည် ရှိဖို့ တောင် လုံးဝမလွယ်ပါဘူး ၊ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ ဘယ်လောက်ပဲ အတူတူနေနေ  လုံးဝမနာနိုင်တာ တရားကို မနာနိုင်တာ ။ အဲ့ဒါကြောင့်မို့ တရားရတာ ခဏထား လို့ တရားနာနိုင်ဖို့စွမ်းရည် ရှိဖို့တောင် ဘယ်လောက်ထိ ပါရမီတွေကောင်းရလဲဆိုတာ ၊ ဒီတရားကိုအားထုတ်ဖို့ခဏထားနာကြားနိုင်တယ်သူများပြောတာကိုလက်ခံနိုင်ဖို့စွမ်းရည်ရှိတာနဲ့တင် တော်တော်ဟုတ်နေပါပီ တော်တော်ကိုဟုတ်နေပီ ။

 

အတိတ်ဘဝရဲ့ ပါရမီ နှင့် အကျင့်နယ် စတင်ချိန်

()ရက်ကြာ ကျင့်သော်လည်း တရားကမရသေး

 အဲ့ဒီ့တော့ ‌ဦးဇင်းတို့က မသိဘူးပေါ့လေ ဒီသမထ လုပ်တာကိုပဲကျွမ်းကျင်တာပေါ့နော် ၊ ကိုယ့်ရဲ့ ဘယ်နှစ်ဘဝ လောက် ဒါ တွေလဲ ကျင့်ခဲ့လဲမသိဘူး ၊ ကိုယ်တွေကလဲပုတီးတွေ့ လို့ရှိရင်ကို အငမ်းမရ  ၊ အဲ့လို ပုတီးတွေ့ရင်ကိုစိတ်ကမရ အဲ ဒီလိုပုံစံမျိုးတွေပေါ့နော် ၊ ဘုရားတရား ကိန်းတဲ့ သဒ္ဓါတော့ရှိပြီးသားပါ၊ သိပ်မဝေးဘူး ။ ပြောပြလို့ရှိရင် တစ်ခုခု စိတ်အရမ်းညစ်ပြီးဆိုလို့ရှိရင် ထွက်ပေါက်ကို တရားပေါ့နော် ဒါပေမဲ့  ကိုယ်သိတဲ့ ထွက်ပေါက်ကကျတော့ ပုတီးစိပ်တာလောက်ပဲ သိတာ ၊ ဂုဏ်တော်ရွှတ်မယ် ၊ ပုတီးစိပ်မယ် ၊ မေတ္တာပွားမယ် ဒီလောက်ပဲသိတာ ၊ ဒါကိုပဲ တရားလို့ ထင်တာပဲ ၊ တရားလို့ထင်တာ ။ 

အဲ့ဒီ့ကနေ ပြီးတော့ ဦးဇင်း က အဲ့ဒီဓာတ်တော်တွေ သွားပြီးတော့မှ ဦးဇင်း တရားစပြီးတော့ လုပ်တာ ။ လုပ်တဲ့အခါမှာ (၃၃) နှစ် ပေါ့ (၃၃) နှစ်  ၊ (၈) လပိုင်း မွေးနေ့ရက်ဝန်းကျင်ပေါ့ ၊ အဲ့ဒီ‌နေ့ ဝန်းကျင်ပဲ  (၅) ရက်နေ့ လို့ထင်တယ်။ စလုပ်တော့ ပထမတစ်ရက် ဦးဇင်းကြိုက်တဲ့နေရာမှာ စထိုင်တယ် ၊ ထိုင်တဲ့အခါကြတော့ အပေါင်းအသင်းကလဲ မရှိဘူးပေါ့လေ ၊ တရားအပေါင်းအသင်းကလဲ  မရှိဘူး။ စထိုင် ထိုင်တဲ့ အခါကြတော့ ဦးဇင်း ကလဲ ဝင်လေ ထွက်လေ လေးပေါ့၊ကြာဖူးနားဝလေးမှတ် ၊ ဘာမှ လဲမရ ၊ အဲ ပြန်တစ်ရက် ၊ နောက်တစ်ရက်လာ ထိုင်တစ်ရက် ဘာမှ လဲ မရ အဲ့တော့ လေးရက်မြောက်တဲ့ည ကြတော့ စဉ်းစားတယ်လေ ငါတရားကျင့်တာ လေးရက်တောင်ရှိပြီ ဘာတရားမှ လဲ မရ သေးဘူး။ တစ်ခုခုတော့မှားနေပြီးထင်တယ်။

အဲ့တော့ လူရဲ့ ပါရမီက ကွာကြတယ်ဆိုတာပြောတာ။ ‌ဦးဇင်း ကြတော့  ငါတရားကျင့်တာ လေးရက်တောင်ရှိပြီ ၊ ငါ လေးရက်မကြာလောက်ဘူး ၊ တရားရကို ရရ မယ် ။ ကဲ တရားက ဘာမှန်းမသိသေးဘူးနော်။ ဘာမှန်းမသိဘဲနဲ့ လေးရက် က ကိုယ်တွက် အချိန်ကြာနေတယ် ၊ ဒီလောက်ထိမကြာသင့်ဘူးပေါ့ ၊ ဒီတရား ကို ကိုယ်သိသင့်နေပြီပေါ့ ။

 အဲ့ဒါနဲ့ ငါးရက် မနက်လဲကြရော Facebook လေးဖွင့်ကြည့်တော့ ဆရာကြီး ဦးကျော်ဆန်း က သန်လျင် သဘာဝ ရိပ်သာကနေ တရားဟောနေတယ် ၊ ဟောတော့ ဦးဇင်း ကလဲ တရားနာရတာပျင်းတယ်။ ပျင်းတဲ့အခါကြတော့ သူဘာဟောနေလဲ ကို နားကိုမထောင်ဘူး၊မထောင်တော့သူ့ဖုန်းနံပါတ်လေးမှတ်ပြီးတော့ဖုန်းကောက်ဆက်တာ ကြာလို့ ၊ သူ့ဟာထိုင်စောင့်နေရင် ကြာမှာလေ။  တရားကိုအဲ့လိုမျိုး စိတ်ဝင်စားတာ

 အဲ့ဒါနဲ့ လှမ်းပြီးတော့  ဆရာကြီး ..ကျနော် တရားထိုင်နေတာ ဒီလို ဒီလို ရှိတယ်၊ ရုပ်တွေ နာမ်တွေ ကျနော် ဒီသဘော နော် ၊ ဝင်လေ ထွက်လေ တောင့်တာတင်းတာ ရုပ် ပိုင်းလိုက်ကြည့်နေတယ်

အဲ့ဒါ မင်းလျှောက်တွေးနေတာ အဲ့ဒါတွေ။ ကိုယ်က တရားကို ဘယ်ပြောမလဲ ကိုယ်လုပ်နေတဲ့ဟာက လမ်းကြောင်းတစ်ခုပေါ့နော် ၊ လျှောက်တွေးနေတာဆိုတော့ ပစ်ပယ်လိုက်တဲ့ အနေအထားမျိုးဘက် ကိုယ်က သွားပြီးတော့စဉ်းစားမိလိုက်တဲ့အခါ မှာ သိပ်တော့မကြိုက်တော့ဘူး ၊ တစ်ကယ်တော့ သူပြောတာ အမှန်လေနော် ။ ဒါပေမဲ့ ကိုယ်က တစ်ခုခုကိုဆုတ်ကိုင်ထားလိုက်တဲ့အခါမှာအဲ့ဒီဆုတ်ကိုင်ထားတဲ့အရာတစ်ခုက မမှန်ဘူး။ဒါပေမဲ့ ယောဂီတွေက ကိုယ်လဲတရားမရဘူး အချိန်တွေလဲကြာပြီ ၊အသက်တွေလဲကြီးပြီ ၊ ကိုယ်လဲတရားမရဘူးဆိုတာ အဲ့ဒီ့ ဘာမှမသိတဲ့အရာတစ်ကို လက်လွှတ်ဆုံးရုံးဖို့အတွက် သိပ်ကြောက်တာ ၊ သိပ်ကြောက်တာ။

 အဲ့ဒါက စိတ်တွေစိတ်တွေ ရဲ့ သဘာဝ တစ်ခုပဲ၊ တန်ဖိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၊ စွန့်လွှတ်ဖို့ကိုလေ သိပ်ဝန်လေးတာပဲ။ ဦးဇင်း အဖွားတို့ဆိုလို့ရှိရင် သူ့‌ရေမန်း‌ တွေ ဆိုရင် သွားကြည့်လိုက် လောက်တွေ တစ်ဖွားဖွား နဲ့ အဲ့ရေလေးတောင် သွန်ဖို့ သူ့မှာ တစ်အားကို စွန့်လွှတ်ဖို့ခက်တာ ခက်တာ ။ အဲ့ဒါကြောင့်မိုလို့လဲ သူကျင့်တဲ့ နှစ်တွေ အများကြီးမှာ သေတော့ တရားစခန်းမှာ တရားထိုင်လျှက်ကြီး မကျွတ်ဘူး သွားဖြစ်တာပေါ့   

အဲ့တော့ တရားဘယ်လောက်လုပ်လုပ် လမ်းကြောင်းမမှန် ၊ ဉာဏ်မဖြစ်လို့ရှိရင် ဦးဇင်းတို့ နိဗ္ဗာန်နဲ့ အဝေးကြီးပါပဲ။ အဲတော့ စွန့်လွှတ်သင့်တာကို စွန့်လွှတ် ရတယ် ၊ ဆန်းစစ်သင့်တာကို ဆန်းစစ်ရတယ်။ အဲဒီ့လိုတွေ ဦးဇင်းတို့က မလုပ်ဘဲနဲ့  ကိုယ်လဲ မရောက်ဖူး ၊ မရောက်တာကို‌ ရောက်တယ် ထင်ပြီးတော့ ဦးဇင်းတို့တွေက သူများပြောတော့လဲ လက်မခံ ၊ ကိုယ့်ဟာကိုယ်ကြတော့လဲ နှစ်တွေက ကြာပြီ ၊ အဲနှစ်တွေကြာတာပဲ ဖီလင် တစ်ခုအနေနဲ့ ငါ တရားကျင့်တာ ဘယ်လောက်ကြာပြီ ဆိုတဲ့ အရာတစ်ခုကို  သူများကိုသိစေချင်တာ ၊ ဘာတရားမှလဲ မရဘူး ၊ဟုတ်လား။

 အဲ့တော့ တရားမရဘူးဆိုတော့ သူကသိလားဆိုတော့ မသိပြန်ဘူး ၊ နှစ်တွေကြာတော့ ကိုယ့်ဟာကိုယ် တရားရတယ်လို့ထင်မလားဘူးလား၊ သောတပန် အသေလောက်တော့ တတ်ပါပြီ ထင်တာ ၊ နှစ်ကြာလို့ထင်တာ တစ်ကယ်တော့ ရုပ်နာမ်တောင် မကွဲဘူး ၊ ဒါမျိုးတွေ ပြောတာ။ 

အဲ့တော့ ဦးဇင်းတို့က ယောဂီတိုင်းကို မပြောပါဘူး။ ပြောချင်တာက ကိုယ်ဒီလောက်လုပ်တဲ့ အချိန်တွေ ကြာလာပြီဆိုရင် တို့တွေက တစ်ခုခုတော့ ရသင့်နေပြီ ၊ ကိုယ်ဟာကိုယ် သေဖို့အတွက် ရဲရဲတင်းတင်း ဆုံးဖြတ်နိုင်လောက်သင့်ပြီ ၊ ဒါတွေဟာ မဆုံးဖြတ်နိုင်လောက်တဲ့  ယောင်ဝါးဝါး လမ်းစဉ် မြတ်စွာဘုရား ထားခဲ့တာ မဟုတ်ဘူး ၊ ကိုယ်ပိုင်ဉာဏ် နဲ့ ကိုယ်ပိုင်သိနိုင်တဲ့ တရားတွေကြည့်ပဲ ၊ အဲ့ဒါကို ကိုယ်က မသိသေးဘူးဆိုရင် သေချာတယ် ယောင်ဝါးဝါး ပဲ ။ မသေချာသေးဘူးဘဲ ၊ အဲ့ဒါကြောင့်မိုလို့ ဦးဇင်း တို့က ရဲရဲ တင်းတင်း ဆန်းစစ်ရမယ် ၊ အဲ့ဒါ ဦးဇင်းတို့ထွင်တာ မဟုတ်ဘူး ၊ မြတ်စွာဘုရားဟောတွေ ဆန်းစစ်ရမယ် ဝိဘဇ္ဇ လုပ်ရမယ် ၊ ဆန်းစစ်ရမယ်လို့ပြောတာ။ သူတစ်ပါးပြောတိုင်းခေါင်းငြိမ့်နေလို့မရဘူးဟ ၊ သူများက တရားရပါပြီလို့ပြောလဲ ဒါကြီးကို ခေါင်းလိုက်ငြိမ့် ပြီးတော့ ယူထားလို့မရဘူး။  ကိုယ်ဟာကိုယ်လဲ ခုနကလိုပဲ အချိန်ကြာလို့ တရားရပါပြီလို့ သတ်မှတ်လို့လဲ မရပြန်ဘူး။ စာလေးနဲ့ တိုက်လို့ ဒီခုနစ်ချက် တို့ညီတယ် တို့ ကရပြီဟေ့ ၊သောတပန်တည်ပြီဟေ့လို့လဲ မရပြန်ဘူး ။

 ဦးဇင်းတို့တွေက အဖက်ဖက်ကနေပြီတော့ ဆန်းစစ်ရမယ် ၊ အဲ့ဒါမှ တစ်ကယ့်လက်တွေ့ဆန်တာလေ ဦးဇင်းတို့ လက်တွေ့ဆန်တာကို သိပ်ပြီးတော့ အခုခေတ်ကြမှ လက်တွေ့ဆန်တာကို သဘောကျလာတဲ့အခါမှာ ဒီတရားတွေနဲ့ အံဝင်ဂွင်ကြဖြစ်လာတာ၊ အရင်တုန်းကကြတော့ ဦးဇင်းတို့က မိရိုးဖလာအတိုင်းပဲ ပြောလိုက် ဘုန်ကြီးက ပြောလိုက် ၊ ခေါင်းညိမ့်လိုက် သာဓုခေါ် လိုက် ပြန်လိုက် ၊ ဟုတ်လား။ ကျင့်တာကျင့် ရမှာဘဲ ဆိုပြီးတော့ ကျင့် ဟေ့ ကျင့် ဆိုတော့ မဆန်းစစ်ဘဲနဲ့ ဒီအတိုင်းကြီးသွားနေတော့တာ ၊ ဘယ်ရမလဲ ။ တို့တွေက သိရမယ် မသိလို့  ‌ဘုန်းကြီးဆီ သွားတာမိုလား။ ဆရာသမားတွေဆီသွားတာလေ ၊ အေး အဲ့တော့ သိအောင် တရားသွားနာတာ ၊ အဲ့တော့ သိအောင်ပြောပြနိုင်တဲ့ သူလဲလိုတယ်။ ကိုယ့်အပြစ်ကြည့်ပဲတော့ မဟုတ်ဘူး ။ ဒါပေမဲ့ အပြစ်လို့ ပြောလို့လဲ မရပြန်ဘူး။ ကိုယ့်ရဲ့ အကြောင်းအကျိုးပေါ့နော် ၊ အကြောင်းအကျိုး မတိုက်ဆိုင် သေးတဲ့အခါမှာ ရှင်းအောင်မပြောနိုင်တဲ့ အနေအထားတစ်ခုနဲ့ ကြုံတယ် ကိုယ်ကလဲ မိရိုးဖလာ အစွဲကလဲ ကိုယ်မှာရှိတယ် အဲ့ဒီလိုတွေ ဦးဇင်းတို့ ကြားထဲမှာ ‌နေရတဲ့အခါမှာ ဒီဆန်းစစ်တဲ့ဝါဒ ကို ဦးဇင်းတို့တွေ ဒီဆန်းစစ်ဖို့အတွက် အရမ်းခက်ခဲနေခဲ့တဲ့ အတွက်ကြောင့် တရားက ဆန်းစစ်ရမယ်လို့ပြောတာ ဆန်းစစ်ဖို့ခက်ခဲနေတယ် ဆိုမှတော့ သွားတဲ့လမ်း ကို တန်းပိတ်လိုက်သလို ဖြစ်မနေဘူးလား အဲဒီ့လိုဖြစ်တာ ဖြစ်တာ ၊ ဦးဇင်းတို့က လူလတ်ပိုင်းပေါ့ ဟိုဘက် ဒီဘက် မှီလာတဲ့အခါမှာ ခေတ်ကိုမှီလာတဲ့ အခါမှာ ပြောတိုင်းခေါင်းညိမ့်တဲ့ ဝါဒ ဦးဇင်းက လုံးဝ သဘောမကျဘူး။ 

ဒီလိုမျိုးတော့ မဟုတ်ဘူး ရဲရဲတင်းတင်း ဆန်းစစ်ရမယ် ၊ ပြီးရင် ဦးဇင်းတို့က မေးတယ် မေးတဲ့အခါမှာ ကျေနပ်လောက်တဲ့ အဖြေကို တောင်းတယ်၊ တောင်းတယ် ၊ ဒါပေမဲ့ ဦးဇင်းတို့ကျေနပ်လောက်အောင် ပေးနိုင်တဲ့ တစ်ဦး‌တစ်ယောက်မှ မတွေ့ခဲ့ဘူး ။ တစ်စိပ် တစ်ပိုင်း တစ်ဒေသ အနေနဲ့တော့ အများကြီး အထောက်အပံ့ဖြစ်ခဲ့တယ် ။ ဆရာကြီးဦးကျော်ဆန်းဆိုလဲ ဒီသံသရာဝဋ်ဆင်းရဲမှ လွှတ်ကင်းဖို့အတွက် ပထမဆုံးလမ်းစကို ဒီအသိတရားကို အစ ပထမကို သူရအောင် သူနဲ့ ကျေးဇူးပြုပြီး ရခဲ့တာပေါ့ ။ သူကပေးတာတော့ မဟုတ်ဘူး ၊ သူ့ရဲ့ အလုပ် သူလုပ်တာ ။ ကိုယ့်ရဲ့ အကြောင်းတရားနဲ့ သူ့ ဆရာသမားနဲ့ သွားတွေ့တဲ့အခါမှာ ဒီအသိဉာဏ်တွေ ပွင့်သွားတယ် ။ ပွင့်သွားတယ် ၊ သူကတော့သူ့ အလုပ်သူလုပ်တယ် ၊ ဟောတယ်။ ကိုယ်မေးတော့သူဖြေတယ်၊သူနဲ့ကိုယ်နဲ့အပ်စပ်တဲ့အခါမှာအသိတရားတွေပွင့်လာတယ်။ ဒါ‌ပေမဲ့ အဲ့ဒီ့မှာ ဦးဇင်းက ယုံလား ဆိုတော့ မယုံဘူး။ ဦးဇင်းကဘယ်တော့ မှ လွယ်လွယ် မယုံဘူး။ မယုံဘူး။ အဲ့ဒီလို မယုံလို့ အပ္ပါယ် ကျမယ်ဆို ကျ ပလေ့စေ၊ အကျခံလိုက်မယ် ၊ ပြောတာကြီးကိုတော့ အသာလွှတ်ကြီး ၊ ခေါင်းညိမ့်တဲ့ ထဲမှာတော့ မပါဘူး။ အဲ့လို ဦးဇင်းတို့ စိတ်တွေကလဲ တစ်ချို့နေရာတွေမှာ ပျော့ပေမဲ့ တစ်ချို့နေရာတွေမှာကြတော့ ရဲရဲတင်းတင်း ဆုံးဖြတ်တာပဲ ၊ ဆုံးဖြတ်တာပဲ ။ 

တရား ရမဲ့နေရာတွေကြတော့ ၊ ပိုင်ပိုင်နိုင်နိုင်ကို ဆုံးဖြတ်ချက်ချရတယ် ။ ဘယ်သူ့မှ မကြောက်ဘူး ။ မကြောက်ဘူး ၊ ဘုရားလဲ မကြောက်ဘူး။ ဘာဖြစ်လို့ ‌မကြောက်လဲ ဆိုတော့ ၊ ကိုယ်မှ မသိတာ။ လူတွေဟာ မသိသေးတဲ့ အခါကြရင် စဉ်းစားမှု့တွေကအမျိုးမျိုး မဖြစ်နိုင်ဘူးလား ။ အေး ဖြစ်နိုင်တယ်လေ ၊ အဲ့လို မစဉ်းစားဘဲနဲ့ ဘုရား က ဘုရားဆိုပြီးတော့ကွာ  ခေါင်းညိမ့်လိုက် ဆိုပြီရမလား၊ မရဘူးလေ ၊ သူကိုယ်တိုင်ပြောတာပဲ ၊ မြတ်စွာဘုရား ကိုယ်တိုင်ပြောတာ ၊ ငါ့ကြည့်ပဲ ထိုင်ရှိခိုးမနေနဲ့ ငါပြောတိုင်းလဲ မယုံလေနဲ့ ပြောတာ ၊ ဒါဘုရားဟောတွေကြည့်ဘဲ။ ဦးဇင်းတို့ထွင်ပြောတာ တစ်ခုမှ မပါဘူး။ အဲဒီ့အတိုင်းပဲ ဦးဇင်းကလဲ ယုံကိုမယုံဘူး။ 

ဒါ ဦးဇင်းဗီဇ ပေါ့နော်၊ ဦးဇင်း စရိုက်ကကျတော့ ဆန်းစစ်တဲ့ စရိုက်ထဲ ပါသွားတာ ၊ အဲ့ဒါကြောင့်မိုလို့တရားနဲ့ ကွက်တိသွားကြတာ ၊ သူက ကွက်တိသွားကြတယ်။ အဲ့ဒီ့အချိန်မှာ ဦးဇင်း က ဆရာကြီး ဦးကျော်ဆန်း က ငါ့ကို စိတ်လျော့ သတိကပ် အတွေးစိတ် ၊ စိတ်မဖြစ်အောင်နေဆိုပြီး ပြောပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ တရားက ရချင်တော့လေ အကြောင်းအရာများရှိတယ်။ ဆရာကြီး ဦးကျော်စိန် ရဲ့  ကမ္မဌာန်းတွေလဲ တွေ့တယ်။   ကိုယ်ကလဲ ပြီးတော့ ကိုယ်ယူလိုက်တာက သူက သုံးခွန်းပြောတာကို ကိုယ်ယူလိုက်တာက တစ်လွှဲ ဘာယူလိုက်လဲဆိုတော့ သူသုံးခွန်းပြောတဲ့ အထဲမှာ မတွေးနဲ့ဆိုတာ ကိုသွားပြီး‌တော့ စိတ်ထဲသွားရတာ ၊ သူ ငါ့ကို မတွေးနဲ့လို့ ပြောလိုက်တာ အဲ့ဒါနဲ့ စဉ်းစားတာပေါ့ လူတွေ ဟာ မတွေးဘဲနဲ့ ဘယ်လိုလုပ်နေမလဲ? အဲ့တော့ ဒီကမ္မဌာန်းက ငါနဲ့တော့ ကိုက်ပုံမရဘူး ၊ ယျေဘူရ အားဖြင့်ကြည့်မယ်ဆိုရင်လဲ တွေးနေတဲ့ လူတွေ ကို မတွေးနဲ့ ဆိုတာ မဖြစ်နိုင်ဘူးဆိုပြီးတော့ သူ့တရားကိုမကျင့်ဘူး။ မကျင့်ဘူး။

ညဘက်လဲ ကြရော ထိုင်ပြန်ရော ဘုရားက ပြန်လာတယ် ပြန်လာလဲ မသိသေးဘူး ၊ အိမ်ရောက်တော့ အိမ်မှာထိုင်ပြီးတော့ ထိုင်နေတဲ့အခါမှာ (၁၅) မိနစ် – မိနစ် (၂၀) လောက်ကြတော့ ထုံးစံအတိုင်းပေါ့လေ ဝင်လေ ထွက်လေ လေးရူ့ တော့ ဘာမှလဲ မရပါဘူး။ သူဟာမလုပ်ဘဲ ကိုယ့်ဟာကိုယ်လုပ်တော့ ဘာမှလဲ မရဘူး။ မရတော့ စဉ်းစားမိတယ် ငါ ဆရာကြီးကိုတော့ မေးပြီးသွာပြီ ၊ မေးပြီးသွားပြီဆိုတော့ သူပြောတာလေးလဲ ငါ လုပ်ကြည့်အုံးမှ နှစ်မို့ဆို ငါဟာငါ လုပ်နေတာလဲ ဘာမှထူးမှာ မဟုတ်ဘူး ငါ (၄)ရက်တောင် ရှိပြီ ဒီနေ့ရောဆို (၅) ရက်ဆိုတော့ ၊ (၅) ရက်တိတိ လုပ်တာတောင်ဘာမှ မထူးမှတော့  မေးထားတဲ့ဟာလေးတော့ လုပ်ကြည့်အုံးမှ ဆိုပြီးတော့ အဲ့ဒီ့နေရာမှာ မတွေးနဲ့ ဆိုတဲ့ဟာကို မတွေးဘဲရပ်ထားတာ ၊ ရပ် ထားတာ ၊ ရပ်ထားတော့လွယ်တယ်လေ ဘာခက်လို့လဲ မတွေးနဲ့ ဆိုတော့ မတွေးဘူးပေါ့ ဒီအတိုင်းနေတာပေါ့။ အဲ့ဒီ့အချိန်မှာတော့ ခွေးကဟောင်လိုက်တာ အဲ့ ဝုတ်..ဝုတ်..ဆိုပြီးဟောင်လိုက်တာ ၊ ဟောင်လိုက်တဲ့ အခါမှာ ခွေးလို့ ထွက်တွေးတော့တဲ့ အချိန်မှာ မတွေးနဲ့ ဆိုပြီး တစ်ယောက်ယောက်က ရိုက်ချလိုက်သလိုပေါ့ နော် ၊ ပြန်ပြီးတော့ အဲ့မှာ ရိုက်လဲ ရိုက်ချလိုက်ရော ၊ အသံက အဲ့ဒီ့မှာ ရပ်သွားတယ် ၊ အသံက ရပ်လဲ ရပ်သွားရော တစ်ချက်တည်း ဖတ်ကနဲ ဆို နဲနဲတော့ ဟုတ်သွားပြီပေါ့နော် ၊ အဲနောက်တစ်ခါကြတော့ ဆိုင်ကယ်သံလား မသိဘူး ၊ တီတီ ဆိုတဲ့ အသံကြားတော့ ၊ ဆိုင်ကယ် လို့ ထွက်လုပ်မဲ့ အချိန်မှာ ရပ်သွားပြန်ရော ၊ ပြီတော့ လူသံတွေ နဲ့ နောက် အသံတစ်ခု အသံလေးသံ လားမသိဘူး ၊ ကြားလဲကြားရော သူက ကြားလိုက် ဖတ်ကနဲ ဆို ရပ်သွားလိုက် နောက်တစ်ခု က ထပ်လာလိုက် ဖတ်ကနဲဆို ရပ်သွားလိုက် နောက်တစ်ခု လာလိုက် ဖတ်ကနဲ ရပ်သွားလိုက် ဆိုတော့ ကြားတာ ၊ ကြားတာ ၊ ကြားတာလေးတွေ‌ ရောက်သွားရော ။ 

 

လောကကြီး နှစ်ခြမ်းကွဲ တဲ့ အသိဉာဏ်

‌ရောက်သွားတော့ အဲ့ဒီ့မှာ သဘောပေါက်သွားတယ် ၊ သဘောပေါက်ပုံကနော် ၊ပေးတာက ဟိုက ဘာပေးလို့ပေးမှန်း ကိုယ်မသိဘူး ကိုယ်ဟာကိုယ် ရချင်လို့ရသွားတာ‌ ၊ အဲ့တော့ ဦးဇင်း ဘာတွက်လဲဆိုတော့ ငါတို့ဟာ ဝုတ် ဝုတ် ဆိုတဲ့ အသံကိုကြားပါလျှက်နဲ့ ဒီအသံကို ကျော်ပြီးတော့ ခွေးဆိုတာကြီးကို ခွေးနဲ့ နေရတာပေါ့နော် ၊ ကြောင်တွေ ၊ ခွေးတွေ ဝက်တွေ ၊ လူတွေ ဒါတွေ နဲ့ နေနေတာပဲ တစ်ကယ့် တစ်ကယ် က အသံ ဘဲ ရှိတာပါလား ၊ ခွေးတွေ ၊ ဝက်တွေ ၊ ကြောင်တွေ ဆိုတာ မရှိဘူး ဒါတွေဟာ အဲ့မရှိတဲ့ ထဲမှာ အရှိလုပ်ပြီးတော့ နေနေတာပါလားဆိုပြီးတော့ အဲ့လိုလေးတွေးလည်း တွေးလိုက်ရော ငါသိပြီလို့ တရားဆိုတာ ဒါပဲ  အမှားနဲ့ အမှန်နဲ့ ပိုင်းခြားပြီးတော့ နားလည်သွားပြီ ဆိုပြီးတော့  အဲ့ဒီ့အချိန်ကြမှ သူက လုံးဝကို အဲ့ဒီ့လို ဆင်ခြင် သုံးသပ်လိုက်တဲ့ အခါကြတော့ ထင်းကနဲ ကို သူက လောကကြီး နှစ်ခြမ်း ကွဲထွက်သွားတာ ၊ ငါတို့တစ်သက်လုံး နေလာတာ အမှားထဲမှာ နေလာတာပဲ ၊ အဲ့ဒီ့ အမှားထဲမှာနေပြီးတော့ မှားမှန်းမသိဘဲနဲ့ အကောင်းဆုံးတို့တွေလုပ်ကြမယ်ဆိုပြီးတော့ဝင်္ကမ္ဘာထဲမှာထွက်ပေါက်ပျောက်ပြီးတော့ ဝင်္ကမ္ဘာထဲမှာပဲ လည်သထက်လည် ပြီးတော့ ဘဝတွေကိုပြန်ပြီး ကြည့်လဲ ကြည့်လိုက်ကော တစ်ကယ့်ကို ထင်းကနဲ လင်းကနဲ နဲ့  အဲ့ဒီ့ဘဝကို ကြောက်ပြီး ဒီဘက်လောက ကို ခုန်ကူးလိုက်သလို တရားလမ်းကြောင်းပေါ် ကို ခြေစုံပစ်ဝင်လိုက်တယ်။ တို့ရပ်နေတဲ့ အခြမ်းကနေပြီးတော့ ထွက်ပေါက်မရှိဆိုတော့ ဟိုဘက်ထွက်ပေါက် ကို ခုန်ကူး လိုက်သလိုပဲ အဲ့ဒီလိုကို စိတ်က ကမ္ဘာကြီးက လောကကြီးက နှစ်ခြမ်းကွဲ ထွက်သွားတယ်။ ဒီဘက်မသိဘဲနဲ့ နေခဲ့တဲ့ အခြမ်း ကနေပြီးတော့ ဟိုဘက်အခြမ်းကို ခုန်ပြီးတော့ ဟိုဘက် အခြမ်းမှာ ခြေစုံရပ်လိုက်သလို ဖြစ်သွားတယ်။ အဲ့ဒီ့လိုကို မြင်တာနော် ။ ဒါက အခုမှ အဲ့ဒီ့လိုကို ချဲ့ပြောတာ မဟုတ်ဘူး ၊ အဲ့ဒီ့အချိန်မှာ တွေ့တဲ့အချိန်မှာ စိတ်က အဲ့အတိုင်းဖြစ်သွားတာ ၊ ဟာ ..လောကကြီးက နှစ်ခြမ်းကွဲ ထွက်သွားပါလား။ ဝင်္ကမ္ဘာထဲမှာ လည်နေတာကြီးက ထွက်ပေါက် မရှိပါလား ၊ အဲ့ဒီထဲမှာ အဆင်ပြေအောင်နေမယ် ဟိုလိုနေမယ် ၊ ဒီလိုနေမယ် ၊ အကောင်းဆုံးနေကြမယ် ။ ဒီလိုတွေ တွေးပြီးတော့ တို့တွေဟာ အမှားထဲမှာ အမှန်လုပ်ပြီးတော့ ဒီလိုပဲ လည်နေပါလား ဆိုတာကို နားလည်သွားတာ ၊ နားလည်သွားတဲ့ အခါမှာ အဲ့ကြမှ ငါအမှန်သိပြီ ၊ ငါ အမှန်သိပြီ ဆိုပြီးတော့ အဲ့မှာကြွေးကြော်တာ ၊ ကြွေးကြော်တာ ။ ကြွေးကြော်တယ် ဆိုတာ လက်သီး လက်မောင်းတန်းပီး အပြင်မှာ ဒီလိုမျိုးကြီး အော်ဟစ်တာ မဟုတ်ဘူး အထဲမှာ အဲ့ဒီ့ထက်ဆိုးတယ် ကြွေးကြော်တာက ၊ ငါတရားသိပြီဆိုတဲ့ သိလည်းသိရော ၊ ဒီတရားတွေကို မြတ်စွာ ဘုရားသာမထားခဲ့ရင် မထားဘဲ နဲ့ သူ့ဟာသူ ရပြီ သူ့ဟာသူသာ ထွက်သွားခဲ့ရင် ငါဘယ်လောက်ထိ သံသရာကြီးမှာ လည်နေရအုံးမလဲ ဆိုတဲ့ အပြစ်ကို တွေးလိုက်တာ၊ တွေးလည်း တွေးလိုက်ရော အဲ့ဒီကြမှ ဆရာသမား နဲ့ မတွေ့ခဲ့ဘူးဆိုရင်  အဲ ဒီ့မှာပေါ် လာတာ အဲ့ဒီ့ ဆရာ့ရဲ့ကျေးဇူး မြတ်စွာဘုရား လေးသင်္ချေ နဲ့ဘကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးတော့မှ သူ့ဟာသူ ရပြီးတော့ သူ့ဟာသူ ထွက်သွားရင် တို့တွေ ဘယ်လိုများနေမလဲ ၊ ဘယ်လိုမှ မစဉ်းစားနိုင်တဲ့ အရာကြီးတစ်ခုကို တို့တွေက မျောနေအုံးမှာဘဲ။ အဲ့မှာနားလည်သွားပြီးတော့ ဘုရားကျေးဇူးကို ဘယ်လိုမှ ပြောပြလို့မရအောင် ကျေးဇူးတင်သွားတာ ။ အဲ့ကြမှ ဘာဖြစ်လဲ ဆိုတော့ ကျေးဇူးကြီးမားလှစွာသော မြတ်စွာဘုရားဆိုတာကို ပထမဆုံး စရှိခိုးတာ

 အဲ့ဒီ့အချိန်ကတော့ ဘုရားကိုတော့ မော်ဖူးပြီးတော့ မျက်တောင် တောင် မခတ်နိုင်ဘူး ၊ ကျေးဇူးကြီးလွန်း အားကြီးလို့ ။ ဘယ်လိုမှကိုပြောပြလို့မရတဲ့ အနှစ်သာရတွေ ရသွားတာ‌‌ပေါ့နော်၊ ပျော်တာလေ လှပ်လှပ် လှပ်လှပ် နဲ့  ပျော်တာလည်း မထိန်းနိုင်တော့ဘူး။ ဘာလို့လဲဆို ဒီအသိတစ်ခုက ဘယ်လောက်ထိ ကိုယ်ပိုင်ထိုးထွင်းပြီးတော့ ပြောတဲ့စကားလုံးနဲ့ ဒီဘက်က ကိုယ်သိတဲ့ဟာနဲ့က ကိုယ်ရဲ့အတွေး ထွက်လာတာပေါ့နော်။

 အဲ့တော့ ကမ္မဌာန်းရှိတယ်မှန်တယ် ၊ ကမ္မဌာန်းနဲ့ မတူဘဲနဲ့  ကိုယ့်ရဲ့ ကိုယ်ပိုင်အသိဉာဏ် တစ်ခုက ချွန်ပြီးထွက်လာတဲ့ အခါမှာ ၊ မထင်မှတ်တဲ့ ရူ့ဒေါင့်က တွေ့တဲ့အခါမှာ အထင်အရှားဖြစ်ပေါ် တယ်လို့ ပြောပြတာ၊ ပြောပြတာ။ အဲ့ဒီ့လိုလောကြီးနှစ်ခြမ်း ကွဲသွားပြီးတော့ နားလည်လိုက်တဲ့အခါမှာ မြတ်စွာဘုရား ကျေးဇူးတွေ တစ်ဖွားဖွား ပေါ် ပြီးတော့ မြတ်စွာဘုရားကိုမော်ဖူးတယ်ပေါ့ ၊ ကြည်ညိုလွန်းအားကြီးလို့ ကျေးဇူးကြီးလွန်းအားကြီးလို့ မျက်တောင်တောင် မခတ်ချင်ဘူး။ ခွာတောင် မခွာချင်ဘူး   ဘုရားကြည်ညိုလွန်း အားကြီးလို့ ၊ အဲ့အချိန်ကြမှ ဘုရား ၊ တရား၊ သံဃာ ၊မိဘ ဆရာ ရဲ့ ကျေးဇူးတွေ ၊ အဲ့ဒီ့မှာတော့ ဦးဇင်းကတော့ အများကြီး မဆင်ခြင်ဘဲ နဲ့ အဓိက ဘုရားကျေးဇူးကိုပဲ သိသွားတာ ၊ ဘာကြောင့်လဲဆို‌တော့ ဒီတရားကို သိသွားလို့လေ။ အဲ့တော့ အဲ့တရားကို (၅) ရက်မှာ သိသွားတဲ့အခါမှာ ဘယ်သူလာဖျက်ဖျက် လုံးဝ မပျက်တော့ဘူး။ ဘာလို့လဲ ကိုယ်ပိုင်အသိလေးနော် ၊ ကိုယ်ပိုင်အသိဆိုတော့ ။ အဲ့ဒီ့ကနေပြီးတော့ ဝမ်းသာလွန်း အားကြီးတဲ့ အခါကြတော့ ၊ ဒါပေမဲ့ သူကမသိသေးဘူး တရားတော့သိသွားပြီ ၊ တရားလုပ်ရမယ်ဆိုတာ တရားလမ်းကြောင်း ဟာ ကိုယ့်အတွက်ထွက်ပေါက်ဆိုတာ ဒီဝင်္ကာဘာ ထဲက လူ့ဘဝရတာ ဘာအတွက်လဲ ဆိုတော့ ထွက်ပေါက်မရှိတာကနေမှ  ဘဝရတဲ့ အဓိပ္ပါယ်ကို မြင်သွားတာ ၊ မြင်သွားတာ။

အဲ့တော့ အမှား ထဲမှာဘဲ အမှန်လုပ်ပြီး နေလာတာကနေပြီးတော့ အမှန်တရားတွေကို မြင်လာပြီးတော့မှ ဒီ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့ သံသရာလည်ခြင်း ဆိုတဲ့ ဒုက္ခခပ်သိမ်းက လွှတ်မြောက် နိုင်တဲ့ လမ်းကြီးကို တွေ့သွားတာ ၊ တွေ့သွားတာ။ 

 

ရဟန္တာ ဖြစ်ပြီ

အဲ့လို တွေ့ပြီး အိပ်လိုက်တော့ ၊ အိပ်ပြီးတဲ့ အခါကြတော့ မနက်လည်း လဲကြရော စောစောလေး အိမ်မက် လာပေးတယ် ၊ အိမ်မက်လာပေးတော့ ၊ ဦးဇင်း ညီမ ကို ဉီးဇင်းကလဲ တရားက မသိဘူးလေ ၊ ဗဟုသုတလဲ မရှိဘူး။ ဒါပေမဲ့ တရား ရပြီဆိုတာတော့ သိတယ် ၊ တရားလမ်းကြောင်းပေါ် ရောက်ပြီဆိုတောတော့ သိတယ် ၊ သိတယ်။ ဘုရားကျေးဇူးကတော့ ဘာနဲ့မှ နှိုင်းလို့မရအောင် အရမ်းကိုဖြစ်သွားပြီလေ ၊ ဘုရား၊ တရား၊ သံဃာတော့ လုံးဝ ယုံကြည်သွားပြီ။ ဒါပေမဲ့ ဘာမှ မပယ်သေးဘူးနော် ။ ဘာမှ မပယ်သေးဘူး အမှားနဲ့ အမှန် လုပ်ရမဲ့ လုပ်ငန်း ကိုယ်သွားရမဲ့ လမ်း ကိုမြင်သွားတာ ။ မြတ်စွာဘုရား အဆုံးအမ လမ်းစဉ် ကို မြင်သွားတာ ။ အဲ့ဒီ့ ကြမှ ယုံတာနော် ၊ ဘုရားကို ယုံတာ ဆိုတာ အဲ့ဒီ့လိုယုံတာ ။ အပေါ် ယံလေးပဲ အဝေးကြီး ယုံဖို့အဝေးကြီး ထိုင်ရှိခိုးတာ ပဲရှိတာ။ အဲ့နေ့ မနက်မှာ အိမ်မက်လာပေးတဲ့ အခါကြတော့ အစောကြီးပေါ့ အိမ်မက်လာပေးတဲ့ အခါကြတော့ ဦးဇင်း ညီမကို မြွေဖြူက ပတ်တာ ၊ ပတ်လဲပတ်ရော မြွေက လာတာပေါ့ ၊ လာတော့ ဦးဇင်းက အဲ့ဒီ့မြွေကို သူတို့ကို ထိမှာစိုးလို့ ဆိုပြီးတော့ ဖယ်ပြီးတော့ ဦးဇင်းက အဲ့မြွေ လာမဲ့နေရာမှာ သွားရပ်နေလိုက်တော့ မြွေ က ဦးဇင်း လည်ပင်းကိုပတ်တယ် ၊ ပတ်ပြီးတော့ ဆောင့်ဆွဲလိုက်တာ ဒါပေမဲ့ ဦးဇင်း တရားထိုင်မပျက်ဘူး ၊ ဖြတ်ကနဲဆို နိုးလာတာ စဉ်းစားမိတော့ ဪ မြွေက ငါ့လည်ပင်း ကို ပတ်တာတောင်မှ ဆောင့်ဆွဲတာတောင်မှ ငါ တရားထိုင်မပျက်ဘူး ၊ ငါသေချာပြီ ငါ ရဟန္တာ ဖြစ်သွားပြီ ။ မှားပုံ မှားပုံ ယောဂီတွေ ၊ ဘုန်ကြီး အကြောင်းပြောနေတာမဟုတ်ဘူး ၊ တရားလမ်းကြောင်းမှာ မှားတတ်တဲ့ သဘောကို ပြောပြတာနော် ၊ ငါရဟန္တာဖြစ်သွားပြီ ဆိုတော့ ငါ ဒီမြွေတွေ ပတ်တာတောင် မှ အထိုင်မပျက်ဘူး ၊ တရားအမှတ်မပျက်ဘူးဆိုတော့ ၊ သေချာပြီ ငါဟာ ရဟန္တာ ဖြစ်သွားပြီ။ အမယ်.. ‌‌ နေလိုက်တာ  ၊ သူများကို မပြောဘူးပေါ့ ၊ ရဟန္တာ မပြောကောင်းဘူးလေ။ သိပ်ရီရတာ တရားအားထုတ်တဲ့သူတွေ ၊ သူက သိသွားတာတော့ သိသွားတာပဲဟ ၊ ဒါပေမဲ့ ဒီမှာ အဝိဇ္ဇာ မသိတဲ့ အဝိဇ္ဇာကနောက်မှာတသီတတန်းကြီး၊ဒါတွေနားမလည်ပါဘူး

ဆရာသမားသိပ်အရေးကြီးတယ် လို့ပြောတာနော်။ အရေးကြီးတယ်လို့ပြောတာ။ အဲ့တော့ ဆရာကြီး ဦးကျော်ဆန်း ကိုလဲ ထပ်ပြီးတော့ မမေးဖြစ်ဘူး။ ဘာဖြစ်လို့လဲဆို‌တော့ သူက ပြောပြလို့ ကိုယ်က သဘောပေါက်သွားတယ် ဆိုပေမဲ့ သူပေးချင်တာက တစ်မျိုး ကိုယ်ရတာက တစ်မျိုး ဆိုတော့ ကိုယ်ရတဲ့ ဟာနဲ့ဘဲ ကိုယ်ဆက်သွားတော့တာပေါ့ ၊ ဒုတိယ တစ်ရက်လဲ ကြရော တစ်ခါတည်း အဲ့လိုပဲ အိမ်မက်က လာပေးပြန်ရော မနက်စောစောလေး ‌အေး အဲ့ဒီ့ တစ်နေရာမှာ ကြည့်လိုက်ပြန်တော့  ဘိုးတော်တွေ သီလရှင်တွေ အများကြီးပဲ ၊ အဲ့ဒါ ဦးဇင်း ကြည့်တဲ့ အခါကြတော့ အဝတ်စားတွေက တောက်တောက်ပြောင်ပြောင်လေးတွေ ၊ ဒါပေမဲ့ သူတို့မျက်နှာတွေကြည့်တဲ့အခါ မှာ မျက်နှာတွေက ညစ်နွမ်းနေတယ် ၊ ဟာ..ဒါ အတုတွေပဲသဘောပေါက်သွားပြီ

 အဲ့မှာသီလရှင်တစ်ပါး လာတယ် ၊ အရှင်ဘုရားတဲ့ အဲ့ဒါတွေက အစစ်တွေ မဟုတ်ပါဘူး ဘုရားတဲ့ ၊  အေး ..ငါ သိတယ် လို့ ၊ အရှင်ဘုရားတော့ မဟုတ်ဘူး သူ က တစ်ခုခု ခေါ် တာပေါ့ ။ ငါသိတယ်လို့ သိတယ်လို့ပြောပြီး သူ့ကြည့်တော့ သူလဲ အတုဖြစ်နေတာ ။ အတုဖြစ်တဲ့ အခါမှာသူက ဦးဇင်း တစ်ကိုယ်လုံးကို လိုက် နမ်းတာ  ၊ နမ်း လဲ နမ်းရော ဦးဇင်းက ဘာထလုပ်လိုက်လဲဆိုတော့ တရားကောက်ထိုင်လိုက်တာ ၊ ဖြတ်ကနဲ ဆို အဲ့မှာ နိုးတာ ၊ စဉ်းစားတယ် ။

 ငါ ဒီမိန်းမ ဖျက်တာတောင် မပျက်တော့ဘူးဆိုတော့ သေချာပါပီ ရဟန္တာ ဖြစ်အောင် လာပြီးတော့ confirm လာလုပ်တာ၊ မှားပုံနော် ၊ မှားချင်ရင်ကိုယ် လိုတာ ဆွဲတာ ၊ ပြောချင်တာလေ ကိုယ့်အထင် ကိုယ်လိုရာကိုယ်ထင်ရာ ကိုယ်ကိုကိုယ် စွဲကြတာကြည့်ပဲ ။ အဲ့တော့ တရားသမားဟာ ကိုယ်ရတာလေကို  ပြန်စွဲတာကြည့်ပဲ ။ အဲ့ဒါနဲ့ နေရော နှစ်ရက် ၊ သုံးရက်လဲ ကြလဲကြရော ၊ ဟာ..ဒီနေ့တော့ ငါ ဘာအိမ်မက် မှ လဲ မမက်ပါလား ၊ ငါ ရဟန္တာ ဖြစ်တာ သေချာ သိသွားလို့ လာမပေးတော့တာ ဖြစ်မယ်။ ကိုယ်လိုတာ ကိုယ်စွဲ တာ ဘယ်လိုမှ သူ့ကို ရှောင်လို့မရဘူး ။ 

အဲ့ဒါနဲ့ ဦးဇင်း ကလည်း အိပ်ချင်မူးတူး နဲ့ ဝပ်ရာလေး မှောက်ပြီးအိပ်နေတော့ နား နား မှာ ကပ်ပြီး လာပြောတယ် ၊ ဘာပြောလဲဆိုတော့  ငါ ဘယ်သူလဲ သိလား ဆိုပြီးတော့ ဖြတ်ကနဲဆိုကြည့်လိုက်တော့ အဖေ မို့လား လို့ ..အမယ် ..အဖေမို့လား ဆိုပြီးတော့ အဖေ သေသွားပြီမိုလား ၊ တစ်ကယ်တော့ မသေပါဘူး ခုထိမသေပါဘူး ။ ဆရာကြီး လုပ်ချင်တာလေ တရားက သိပ်ဟောချင်နေတာ ၊  အဲ့တော့ အဖေ သေသွားပြီမိုလား သေသွားပြီဆိုတော့ တရားလေး ဘာလေးလုပ် ၊ ကိုယ်က တရားမသိဘဲနဲ့ပေါ့နော် ကိုယ်က ဘုရား တရားလေး ဘာလေးလုပ် တရားလေးဘာလေး ရူ့ရမှာ အဲ့လိုပြောတဲ့ အခါကြတော့ ဖြတ်ကနဲ နိုးလာရော ၊ နိုးတော့ စဉ်းစားတာ ဪ ငါ အဖေ သေတာတောင်မှ ဝမ်းနည်းရမဲ့ အစား တရားတောင် ပြန်ပြနိုင်ပြီ ဆိုတော့ ငါသေချာပေါက် ရဟန္တာ ဖြစ်ပါပီ ၊ တစ်ပြားမှ မလျော့တာ။ သူက ဘာဖြစ်လို့လဲ ဆိုတော့ ငါ ဒီတစ်ဘဝ ရဟန္တာ ဖြစ်ကို ဖြစ်ရမယ် ဒီတစ်ဘဝထဲနဲ့ ငါ ကိစ္စ ပြီးကိုပြီးရမယ် ဆိုတာကို အဲ့ဒီ့တရားရတဲ့ညမှာ ဆုံးဖြတ်ချက်ချတာ အဲ့လို တရားရဖို့အတွက် ငါဟာ အကြာကြီး မကျင့်ဘူး ၊ ငါ (၂) နှစ်ပဲ ကျင့်မယ် ဆိုပြီးတော့ ၊ အမယ် သူက လုပ်လိုက်သေးတာ။ လုပ်လိုက်သေးတာနော်။ ဟုတ်တာ မဟုတ်တာ ခဏထား အဲ့မှာ ဖြစ်တာကိုပြောပြတာ ၊ အတည်လဲမယူနဲ့ အုံး။ 

အဲ့ဒါနဲ့ သူကအဲ့လိုဖြစ်ကော ဖြစ်တော့ ဟာ.. အဖေ သေတာ ဝမ်းမနည်းဘူး ပေါ့ ၊ ဝမ်းမနည်းဘူးဆိုတော့ ငါ ဟုတ်နေပါပီပေါ့ ။ သိတယ်မလား ၊ ဟုတ်နေပါပီ။ အဲ့လိုနဲ့ နေတဲ့ အခါကြတော့ (၁၀) နာရီ လောက်ကြတော့ ဘာဖြစ်လဲ ဆိုတော့ ၊ လှိုက်လှိုက် ပြီးဝမ်းနည်းလာတာ ၊ ဒင်း တရားခံလာပြီ တွေ့ပြီ။ ညာလို့မရတော့ဘူးလေ ၊ အဲ့တော့ ဝေဒနာ မှန်ရင် ရှောင်ပြေးလို့ မရတော့ဘူးလေ ၊ ထွက်လာတာပဲ။ အဲ့ဒါနဲ့ (၁၀) နာရီ လောက်ကြတော့ ၊ လှပ်လှပ် နဲ့ ဝမ်းနည်းလာတယ် ၊ တစ်ကယ်လဲ မသေဘဲနဲ့လေ ၊ ဒါပေမဲ့ အဝေးမှာ ဆိုတော့ သူက တစ်ကယ် သေတာ မသေတာ တော့ မသိဘူးပေါ့လေ။ အဲ့ဒါနဲ့ ဝမ်းနည်းလာတဲ့ အခါကြတော့ ၊ အဲ့ဒီ့ အချိန်ကြမှ အမြင်မှန်ရသွားတာ ၊ ရဟန္တာ ဆိုရင် ဝမ်းမနည်းဘူး ငါ ကြားဖူးတာတော့ ၊ ဟာ…ငါ ဝမ်းနည်းသေးတယ် ဆိုတော့ ငါ ရဟန္တာ မှ မဟုတ်သေးတာ ၊ အဲ့လိုမျိုးပြန်ပြီတော့ ၊  ဦးဇင်း ဒါပေမဲ့  ချက်ချင်း ဆင်ခြင်နိုင်တယ်။ ဆင်ခြင်နိုင်တယ် ဆိုတော့ အဲ့ဒီ့ အချိန်မှာ ရဟန္တာ ကို မေ့လိုက်ပြီ။ ဘာဆက်လုပ်ရမလဲ ဆိုတာ ကိုပဲ စဉ်းစားတော့တယ် ။ အဲ့အချိန်မှာ ဝမ်းနည်းတယ် ဆိုတာ ဘာကြောင့်လဲ ၊ တွေးပြီလေနော်။ ဘာကြောင့်လဲ သူ ရဟန္တာ ဖြစ်ချင်တာကို ၊ ရဟန္တာ ဖြစ်ချင်တော့ ရဟန္တာ ဖြစ်ရင် ဝမ်းမနည်းဘူးလေ။ ကိုယ်သိထားတာ ကို ပြောတာနော်။ ရဟန္တာ ဖြစ်ရင်ဝမ်းမနည်းဘူး ၊ ဝမ်းမနည်းတော့ ဒီလို ဝမ်းနည်းမှု့ပျောက်ရင် ရဟန္တာ ဖြစ်ပြီကို ၊ အဲ့တော့ ဝမ်းနည်းတာကို မလိုချင်ဘူး၊ မလိုချင်တော့ ဒီဝမ်းနည်းတာ ဘာကြောင့်ဖြစ်တာလဲ လို့ စဉ်းစားလိုက်တဲ့ အခါမှာ  အဖေ သေတော့ ဝမ်းနည်းတယ် ၊ ဒီလိုပဲစဉ်းစားတာ ၊ အမေသေရင်လဲ ဝမ်းနည်းတယ် ။ ငါ သူများတွေ အသုဘ လိုက်ပို့ရင် ဝမ်းမနည်းဘူး။ ဒါဆိုသေတိုင်း ဝမ်းနည်းတာတော့ မဟုတ်ဘူး။ အဲ အဖေ ၊ အမေ ကြတော့ ဘာလို့ ဝမ်းနည်းတာလည်း စဉ်းစား အဲ့လိုပဲ စဉ်းစားတယ်။ ဪ အဖေ မို့လို့ အမေ မို့လို့ ဝမ်းနည်းတာဖြစ်မယ် ၊ ဒါပေမဲ့ အဖေ အမေ တိုင်းသေတော့လည်း သားသမီး တိုင်း ဝမ်နည်းတာ မဟုတ်ဘူး ၊ ဒါဆို အဖေ အမေ သေလို့ ဝမ်းနည်း တာလဲ အတိအကျ ကြီး‌တော့ မဟုတ်ဘူးပေါ့ ၊ ဘာကြောင့်လဲ တရားခံ ဘယ်သူလဲ လို့ ကြည့်တော့ သံယောဇဉ် ပဲ ၊ သံယောဇဉ် တွယ်တာ မှု့ အဲ့အချိန်ကြမှ တွယ်တာခြင်းရဲ့ ဒုက္ခတရားဟာ ပူလောင် လိုက်တာလို့ သိတာ ၊ သိတာ။ ဘယ်သူမှ မသင်ပေးဘူးနော် ၊ အဲ့ဒီ့ဟာတွေ ကို စဉ်းစားတာ ၊ တစ်ကယ်တော့ ဘာဖြစ်လို့ မသင်ပေးဘဲနဲ့ ရသွားလည်းဆိုတော့ ၊ ရဟန္တာ ဖြစ်ချင်တာက စတာ  ရဟန္တာ ဖြစ်ရင် ဝမ်းမနည်းရဘူးဆိုတဲ့ ဗဟုသုတတွေ က ရှိထားတယ် ၊ အဲ့ဒီ့ဝမ်းနည်းတာ ကုန်ရင် ရဟန္တာ ဖြစ်မယ် လို့ ယူလိုက်တဲ့အခါကြတော့ ၊ ဒီဝမ်းနည်းတာ ကုန်ချင်တာကို ၊ ကုန်ချင်တော့ ဝမ်းနည်းတာ ဘာကြောင့် ဖြစ်လဲလို့  ဝမ်းနည်းတဲ့ အကျိုးတရားကို ကြည့်ပြီးတော့ သူဘာကြောင့် ဖြစ်လဲလို့ ဆင်ခြင်လိုက်တဲ့ အခါ တွယ်တာခြင်း အကြောင်းတရားကြောင့်ဘဲ ဆိုတာကို အဲ့ဒီ့ဟာကို အကျိုးမြင်ပြီး အကြောင်းကို ဆင်ခြင်နေပြီ ၊ အေး..အဲ့ဒီ့ ကတည်းက အကြောင်းအကျိုးက ဆင်ခြင်တတ်သွားတာ ။ ဒါပေမဲ့ အဲ့ဒါဟာ အကြောင်း အကျိူး ပဋိစ္စသမုပ္ပါဒ် ဆိုတာ နားတောင်မလည်ဘူး ၊ ကိုယ့် မြန်မာလို သိလို့ မြန်မာလို ဆင်ခြင်တာပဲ ၊ တရားရတာလဲ မြန်မာလို သိပြီး မြန်မာလို ရတာပဲ။ အဲ့တော့ ဆင်ခြင်တာလဲ မြန်မာလိုပဲ ရိုးရှင်းတယ်လေ ဦးဇင်း‌ပြောတာ ၊ ရိုးရှင်းတယ်။ မြန်မာလိုပြော မြန်မာလိုဆင်ခြင်တာ မှားလို့လား ၊ အေး..ဘာမှ တတ်စရာမလိုဘူး ၊ တတ်ရင်ရော မကောင်းဘူးလား ၊ ကောင်းတယ် ။‌

အေး ..မြန်မာလို စဉ်းစားတွေးခေါ် နိုင်တယ်ဆိုရင် ရတာပဲ ၊ ဘာသာပြန်ရတာပါဘဲ ဘယ်ဟာပဲ ဖြစ်ဖြစ် ၊ ပါဠိလဲ မတတ်ရင် မြန်မာလို ဘာသာ ပြန်ရတာပါဘဲ ၊ ဟုတ်တယ်မိုလား။ အဲ့ဒီ့လို နဲ့ ဦးဇင်း ဆင်ခြင် ရင်တော့ မြန်မာလို ပဲ ပေါ့ ၊ တွယ်တာ မှု့ဟာ ပူလောင်စေတယ် ၊ ငါ ခုလိုပူလောင်နေတာ ၊ ဝမ်းနည်းခြင်းဆိုတဲ့ ပူလောင်စေမှု့တရားဖြစ်ရတာဟာ အဖေ အမေ ဆိုတဲ့ အရာကို 

တွယ်တာလို့ပဲလို့ ဒီတွယ်တာမှု့ကို ၊ ဘာကြောင့် ဖြစ်တာလဲလို့ ထပ်ဆင်ခြင်ပြန်ရော ၊ ထပ်ဆင်ခြင်လိုက်တဲ့အခါကြတော့ ၊ ဒီတွယ်တာမှု့ ကို ထပ်ဆင်ခြင်တော့ ဘာကြောင့်ရယ်လို့ မသိတော့ဘူး။ ဘာဖြစ်လို့လဲ သိလား ၊ ဆရာမရှိလို့ ၊ အဲ့ဒီ့နေရာမှာ အဲ့ဒီ့လောက်ပဲ ကိုယ်ပိုင်ဉာဏ်တွေက ထွက်နိုင်တယ် ။ ဒိဌိကြောင့် ငါ သူတစ်ပါး ယောင်္ကျား ၊ မိန်းမ ဆိုတဲ့ ပုဂ္ဂိုလ် သတ္တဝါတွေ အပေါ် မှာ အမြင်မှား ၊အထင်မှား‌‌နေတဲ့ ဒိဌိ ဆိုတဲ့ အရာတွေဆိုတဲ့ ဒိဌိဖြုတ်ဖို့ရာ ကိုယ်ပိုင်ဉာဏ်နဲ့ အဲ့နေရာမှာဆက်မတိုးတော့ဘူး ၊ မတိုးတော့ ဘယ်လို စဉ်းစား စဉ်းစား အဲ့နေရာမှာ ရပ်ကုန်ရော ၊ ရပ်တော့ ဆက်စဉ်းစားလို့မရဘူး။ မရတော့ ဘာဆက်လုပ်လဲဆိုတော့ ကိုယ်ရခဲ့တဲ့ မတွေးနဲ့ ဆိုတဲ့ ကမ္မဌာန်းကိုပဲ ဆက်ရူ့တာ ၊ ဆက်ရူ့တဲ့အခါကြတော့ ရေသန့်ဘူး ရှေ့မှာထောင်လိုက် မျက်လုံးလေးဖွင့်လိုက် ရေသန့်ဘူးလို့ မတွေ့ဘူး မျက်လုံးလေးမှိတ်လိုက် ၊ ဖွင့်လိုက် တစ်ခါ တစ်ခုခု ကိုကြည့်ရင် (၇)ခါလောက် ကြည့်တယ် ၊ (၇) ခါလောက်ကြည့်ပြီး မတွေးအောင်လို့ မြင်တယ် မတွေးဘူး မျက်လုံးလေးမှိတ်လိုက် ဖွင့်လိုက် အဲ့လို လေ့ကျင့်တာ။ အဲ့တော့ ကောင်မလေးတွေ မြင်တယ် ဆို ကြည့်လိုက်တယ် ကြည့်လိုက်လို့ ရှိရင် မြင်တဲ့ အတိုင်းပဲ မျက်လုံးဖွင့်လိုက် မှိတ်လိုက် ၊ ပထမ တစ်ခေါက် ကြည့်တယ် လှတယ်လို့ ဖြစ်ရင် နောက်တစ်‌ခေါက် ပြန်ကြည့်တယ်။ သူများတွေက ထင်မှာ ပေါ့  ဖွန်ကြောင်တယ်ပေါ့၊ မဟုတ်ဘူးကိုယ်ကမဟုတ်ဘူးတရားရူ့နေတာကိုယ့်ကိုသူများဘာထင်ထင်မသိတော့ဘူး။ ကိုယ်လုပ်ရမဲ့ အလုပ်က တွေ့သမျှတွေ အကုန်လုံး လိုက်ကြည့်တယ် ကြည့်ပြီးတော့ မျက်လုံးမှိတ်လိုက် ဖွင့်လိုက်နဲ့ သူက တရားကို ရူ့‌နေပီ ၊ ရူ့နေတော့ မတွေးနဲ့ မတွေးနဲ မတွေးနဲ့ ရူ့တဲ့အခါကြတော့ ပင်ပန်းနေတာ ၊ မလွယ်ဘူးလေနော် ၊ စိတ်ကိုမတွေးဘဲ ရပ်ထားရတာ ဘယ်လိုမှ အဆင်မပြေဘူး ၊ အဲ့တော့ အဲ့ဒီ့ ကမ္မဌာန်းဟာ တစ်ကယ်တော့ ရူးသွားနိုင်လောက်တယ် ၊ ဆရာကြီးဦးကျော်ဆန်းပေးတာ မရူးဘူး ၊ ကိုယ့်ဟာကိုယ် ထင်တာလုပ်တာ ရူးမှာပြောတာ၊ တော်ကြာအယူကောက်မှားနေအုံးမယ်။ အဲ့ဒါနဲ့ မတွေးနဲ့ ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စတွေနော် ၊ အတွေးပေါင်းစုံ နဲ့ နေလာတဲ့ အခါကြတော့ ၊ အမှန်မသိတာကို ၊ အဲ့ဒီ့လိုနဲ့ ရူ့တာပေါ့ ရူ့တဲ့အခါကြတော့ ဆက်တိုက်ဆက်တိုက် အဲ့လို အကြောင်း တွေ အကျိုးတွေ ဆင်ခြင် ၊ လက်ဖက်ရည်သောက်လဲ ကြည့်လို့ ၊ လမ်းသွားလဲ ကားမောင်း လဲ ဆင်ခြင် ၊ အဲ့လိုဆင်ခြင်ပြီးတော့ အဲ့ဆင်ခြင်တဲ့အခါမှာ အဲ့တရားကိုစပြီးသိတဲ့ အခါ တရားလုပ်ရမယ်ဆိုတာ ကိုယ်က လုံးဝ တရားလမ်းကြောင်းပေါ် ရောက်သွားပြီ။ အဲ့ သဒ္ဓါတရားက လုံးဝမပျက်တော့ဘူး။ မပျက်တော့ဘူ။ အဲ့ဒီ့အချိန်မှာ ဘာလို့လဲဆိုတော့ ဘယ်အရာကို သွားပြီးမြင်လဲဆိုတော့ ၊ ဒီတရားလုပ်ဖို့ အတွက် တစ်ခု တစ်က သီးခြားကြီး အားထုတ်ရတော့မယ်လေ၊ အားထုတ်ရမယ်ဆိုတော့ ပထမဆုံး စွန့်ရမှာ တွယ်တာ ခြင်းဆိုတဲ့ ဒုက္ခကိုလဲ မြင်သွားတာကို ၊ မြင်သွားတော့ ပထမဆုံး စွန့်ဖို့ရာ ဘယ်သူ့ကိုသွားမြင်လဲ ဆိုတော့ ကိုယ်ယူမဲ့ ကောင်မလေးကို သွားမြင်တာ ၊ တရားခံ သူပဲ ၊ သူ့ကိုအရင်စစွန့်ရတော့မှာလေ ၊ အိမ်က လူတွေကတော့ စွန့်လို့မဖြစ်သေးဘူး ၊ အတူတူ‌ နေနေတာဆိုတော့ ၊ အလုပ်ကလဲရှိသေးတယ်လေ ၊ စွန့်လို့ကလဲ မရသေးဘူး။ အဲ့ဒါနဲ့ ဒီတရားမှ လုပ်မှ ဖြစ်တော့မယ် ဆိုတော့ သူရှိနေလို့ရှိရင်က လုပ်လို့မဖြစ်သေးဘူး၊ ညနေဖက် ညနေဖက် တရားသွားထိုင်တဲ့ အခါကြရင် ၊ ကိုယ်တရားသွားထိုင်ရမဲ့ အချိန်နဲ့ သူ့ကို သွားကြိုရမဲ့ အချိန်က ကွက်တိဖြစ်နေတယ် ၊ အဲ့တော့ သူ့ကို သွားကြိုရမှာက ညာဘက် ၊ ဘုရား က ဘယ်ဘက် အဲ့ထိလမ်းထိပ်ရောက်ရက် အမြဲတမ်း စဉ်းစားရတယ်။ နောက်ဆုံးကြတော့ ဘာဖြစ်လဲဆို့တော့ မခံစားနိုင်တော့ဘူး ၊ အဲ့ဒါနဲ့ သူ့ကိုပြောတယ် ၊ ငါ တရားပဲ အားထုတ်တော့မယ် ၊ တရားသိသွားပြီဆိုတော့ ၊ သူက မယုံဘူးပေါ့နော် ၊ မယုံဘူးပေါ့။ အဲ့ဒါနဲ့ လက်တော့ လက်မခံချင်ပင်မဲ့ တရားဆိုတော့ တို့ သိပ်မလွန်ဆန် နိုင်ကြဘူး။ အဲ့လို‌ဖြစ်တော့ သူကလဲ တရားလုပ်တာပဲလေ ဆိုပြီးတော့ ခွင့်လွှတ်ပေးလိုက်တာပေါ့ ၊ လပ်ခံပေးလိုက်တာပေါ့ ၊ အဲ့ဒီ့ကနေပြီးတော့ ကိုယ်လဲ အဲ့တုန်းကဆို တစ်ခါထပ်ပြီးတော့ သူက လက်ခံ ပေးတယ် လက်ခံပေးတယ် ဆိုတော့ သူက လွတ်လပ်ရေး ရသွားတာ။ လွတ်လပ်သွားတာပေါ့နော်။ ဒါတောင် အိမ်ထောင်သည် မဟုတ်ဘူးနော် ၊ ရည်စားဘဝကနေပြီးတော့ အနှောင်အဖွဲ့ကနေ လွတ်မြောက်ခွင့်ကရသွားတာ တစ်ခါစိတ်မှာ ပေါ့ပါးသွားတာ ။ အဲ့မှာမှ ငါ တရားကို စိတ်ကြိုက် လုပ်ခွင့်ရပြီ ဆိုပြီးတော့ တရားကို ဆက်ခါ ဆက်ခါ လုပ်ဖြစ်သွားတာ ၊ လုပ်ဖြစ်သွားတော့ သူ့ကိုမေ့သွားတယ် ၊ ကိုယ် ဒီတရားမှ လွှဲပြီးတော့ ဘာမှ မရှိတော့ဘူး။ အဲ့ဒါ မေ့သွားတော့ ဆက်တိုက် လုပ်တဲ့ အခါကြတော့ ၊ အဲ့ဒီ့လိုနဲ့ မတွေးဘူး ၊ မတွေးဘူး နဲ့ နေလာတဲ့အခါ (၆) လ ဖြစ်လာတယ်။အဲ့အချိန်မှာ ကိုယ် ဘာမှမပယ်ရသေးဘူးဆိုတာသိလားတယ် ။ သိလာတယ် ၊ ဘာမှကို မပယ်ရသေးတာ ဘုရား ၊တရား၊သံဃာ ကျေးဇူးပဲ သိသွားတာ။ ဘုရား၊ တရား၊ သံဃာ မှာမှ ဆင်ခြင်တာက  တရားတွေ့ပြီး ဘုရား ကျေးဇူးပဲ ကောင်းကောင်းဆင်ခြင်တာ။ ကျန်တာတွေ ကတော့ မဆင်ခြင်ပါဘူး။ အဲ့ဒါနဲ့ နေလိုက်တဲ့ အခါကြတော့ (၆) လ ပြီးလဲပြီးရော ခေါင်းကခဲလာတယ် ၊ မတွေးနဲ့ ဆိုတော့ ဒါကြီး က တစ်ခုခုကြီး ကြပ်ထုပ်ထားသလိုပေါ့ မခံစားနိုင်တော့ဘူး။ အဲ့လိုနေတဲ့အခါကြတော့ ကျိုက်ကလဲ့ ဘုရားမှာ အေးစေတီက အဘ တစ်ယောက် ကို ၊  အဘ ကျနော် အဲ့လိုဖြစ်နေတယ် ၊ သူက သမထ လိုင်း ကို ကောင်လေး မင်း အဲ့ဒါ လွှတ်ချလိုက်လေ ၊ လွှတ်ချရအောင် ကျနော် ကလဲ တရားရပါပြီဆိုပြီး သူများကို လိုက်ကြွား နေတာလဲ မဟုတ်ဘူး ၊ မာနလဲ ဖြစ်နေတာ မဟုတ်ဘူး ၊ မနာလိုဖြစ်နေတာလဲ မဟုတ်ဘူး ၊ အဲ့ဒါတွေ အတတ်နိုင်ဆုံး မရှိဘူးလေ ၊ မရှိဘူးပေါ့ ၊ ဘာလွှတ်ချရမှာလဲ ဆိုတော့ ။ သူပြောပြ‌တော့လဲ ကိုယ်ကမရှင်းဘူးပေါ့ ၊ မရှင်းတဲ့ အခါ ကြတော့ လွှတ်ချ လို့ပဲပြောတာ ဘာမှ မပြောဘူး။ အဲ့ဒါနဲ့ နေတော့ နောက်နေ့လဲ ကြရော တရားထိုင်လဲထိုင်ရော ဦးဇင်းတရားထဲမှာ ပါ ပါတယ် ၊ တရားလဲထိုင်ပြီးတဲ့အခါ ဦးဇင်း လက်မ ပေါ် မှာ အိမ်မြှောင်သေးသေးလေးက လာတက်နေတာ ၊ အဲ့ဒါ ဦးဇင်းက ကြည့်ပီးရော ဒီနေ့ တရားထိုင်တာ ထူးထူးခြားခြားပဲလို့ ၊ လက်ပေါ် ကနေ မပြန်ဘူး ၊ တရားထိုင်ပြီးတာတောင် မပြန်ဘူး၊ သူမဆင်းသွားဘူး ။ အဲ့ဒါနဲ့ ဦးဇင်းက ဒီနေ့တော့ ဘာများဖြစ်မလဲ မသိဘူးပေါ့နော် ၊ ဒါပေမဲ့ ငါ ခုထိလဲ တရားက(၆)လ ရှိနေပြီ ထွေထွေ ထူးထူးလဲ တိုးတက်မလာဘူး ၊ စားတာ သောက်တာ နေတာ ထိုင်တာ အကုန်လုံး အချိန်တိုင်း တရားရူ့တာ ၊ အချိန်တိုင်းကိုတရားရူ့တာ ဘာမှလဲ တိုးတက်မလာဘူး ၊ အဲ့ဒီ့ကနေပြီးတော့ အဲ့ဒီ့ကျိုက်ကလဲ့ ဘုရားကနေ ပြန်တာ ပြန်လဲပြန်ရော မင်္ဂလာဒုံ-ခရေပင် လမ်းခွဲ လဲကျော်ရော ဦးဇင်း က ဘာသွားစဉ်းစားမိလဲ ဆိုတော့ ဦးဇင်း အဖေ သေတယ် လို့ ပြန်တွေးပြန်ရော ၊ သူကနော် တရားပြတာ အဖေ သေတယ်ကြည့်ပဲ ပြတာ၊ ဘာဓာတ်လဲတော့ မသိဘူးပေါ့နော်၊ ကိုယ်လဲ မသေစေချင်ပါဘူး ၊ ကိုယ့်မိဘပဲ ဟုတ်တယ် မိုလား။ ဒါပေမဲ့ သူက သေတာကြည့် ပဲလာပြနေတာ ၊တစ်ကယ်သေတာလဲ မဟုတ်ဘူး။ အဲ့ဒါ နဲ့ ဦးဇင်း က တွေးတဲ့အခါကြတော့ သူ့ရဲ့ အထက်လူကြီးဆီကို ရောက်သွားတာ ၊ တွေးနေတာနော် ၊ ကားမောင်းရင်းနဲ့တွေးနေတာ ၊ ရောက်သွားတော့ တရားလဲရူ့နေတာ မဟုတ်ဘူး ကားမောင်းရင်းနဲ့ တွေးနေတာ သတိလွှတ်ပြီးတွေးနေတာ ၊ အဲ့ဒီ့မှာ မင်းတို့က ကွာ မင်းတို့ အဖေ ပစ်ထားတယ် ၊ ကိုယ်ကဆရာကြီးဖြစ်နေပြီလေ ဘာပဲဖြစ်ဖြစ် သူ့ကိုတောင် တရားပြန်ဟောလိုက်သေးတယ် အတွေးထဲမှာ ၊ ကျနော်က သူ့ကို ပစ်ထားတာမဟုတ်ဘူး သူကသူကိုယ့်သူ ပစ်ထားတာလို့ ၊ ကိုယ်ကစကားနာကလဲ ထိုးလိုက်သေးတာ အတွေးထဲမှာတောင်နော် ကိုယ့်ပြောရင် မကြိုက်တာ ၊ အဲ့ဒါနဲ့ ဘယ်မှာလဲ ကျနော့် အဖေ ဆိုတော့ ဟိုမှာဆိုပြီ ပြလိုက်တဲ့ အခါမှာ အဲ့ဒီ့ စားပွဲပေါ် မှာ စန့်စန့်ကြီး ရုပ်ကြီးပဲတွေ့တော့တယ် ၊ အဖေ ပျောက်သွားတယ်။ အဖေ ပျောက်သွားတယ် ။ အဖေ ဆိုတာကို မတွေးဘဲ နဲ့ အဖေလို့မတွေးဘူး ၊ အမေလို့မတွေးဘူး ၊ ဘယ်သူဘယ်ဝါလို့မတွေးဘဲနဲ့ ကျင့်လာခဲ့တဲ့ဟာက တော်တော်ခရီးပေါက်နေပီ ဒါပေမဲ့ ကိုယ့်ဟာကိုယ် ပြန်မမြင်တာ မသိဘူး။ အဲ့တော့ ရုတ်တရက် သတိလစ်နေတဲ့ အချိန်မှာ လှမ်းကြည့်လိုပ်တဲ့ အခါမှာ အဖေပျောက်ပြီး မြင်တာပဲ ရှိတော့တယ်။ အဲ့ဒီ့အချိန်မှာ ဖျက်ကနဲဆို ဉာဏ်က ဝင်ပိုင်းတာ ၊ ဟာ..ငါ ဉာဏ်ဖြစ်ပြီ ၊ သိသွားပြီလေ ၊ ဉာဏ်ဖြစ်ပြီဆိုတာ သိသွားပြီ ၊ အဲ့အချိန်မှာ ရှေ့မှာသတိလစ်နေတာကနေ သတိပြန်ဝင်လာတော့ ငါ ဉာဏ်ဖြစ်ပြီ အဖေရှိတယ် အဖေဘယ်လိုမှ ကြည့်လို့မရတော့ဘူး ၊ အမေ ကိုတွေးကြည့်တယ် အမေ လုံးဝမမြင်‌တော့ဘူး။ မမြင်တော့ဘူး၊ သူက မြင်တာပဲရှိတာ အဖေတို့ အမေတို့ ဆိုတဲ့ ဟာတွေက ဒီမှာအာရုံမှာသူက သိမ်းထားတာကို ၊ ဒီစိတ်မှာပဲ သတ်မှတ်ထားတာ၊ သတ်မှတ်ထားတာ။ တစ်တော့အပြင်မှာ ကိုယ်မြင်နေတာက မြင်တာပဲရှိတာလေ ၊ မွေးကင်းစကလေးလိုပေါ့ ။ အဖေအဖေ ဆိုတာ မရှိဘူးလေ။ သူကမသိဘူးပေါ့ ပြောချင်တာကတော့ ၊ အဖေ အမေလို့ မသိဘူး။ ကိုယ်ကလဲ အဲ့ဒီ့နေရာကိုပြန်ရောက်သွားတာ ၊ ပြန်ရောက်သွားတာ။ တရားစရတုန်းကလဲ ကြားခါမတ်တပ် ရတာနော် ၊ ဒါပေမဲ့ အဲ့ဒါ ဘာမှ မပယ်ဘူး ၊ အဲ့ဒီ့ကြားခါမတ်တပ် မတွေးနဲ့ ရူ့လာခဲ့တာ အခုကြတော့ မြင်ကာပုံ မြင်ကာမျှဖြစ်သွားတယ် ၊ ဟာ…ဖြစ်လဲဖြစ်သွားရော ငါ ဉာဏ်ဖြစ်ပြီ ဆိုပြီးတော့ သိသွားပြီလေ ၊ ကိုယ်က ဉာဏ်ဖြစ်ဖူးထားတာကိုး ကိုယ်က ပထမ မိနစ် အစိပ်လောက်နဲ့ ဉာဏ်ဖြစ်ဖူးထားတော့ ၊ ကားမောင်းရင်းနဲ့ ကိုယ်ဉာဏ်ဖြစ်တာ တန်းသိတာပေါ့ ၊ အဲ့လိုဉာဏ်ဖြစ်မယ်ဆိုတာ သိလို့လဲ ဦးဇင်းက ဒလဆက် ဆင်ခြင်တဲ့ အလုပ်တွေ ဆက်တိုက်လုပ်တာ ၊ အဲ့လိုတည့်ရင် ဉာဏ်ဖြစ်တယ်ဆိုတာ ကိုယ်က လက်တွေ့ခံစားထားရတဲ့အခါကြတော့၊  အဲ့ဒီမှာသိလဲသိရော အိမ်ကို အမြန်ပြန် ၊ ပြန်ပြီးတော့ ကားထိုးထား ၊ ကားထိုးပြီးတော့ ဘုရားကျောင်း ရှေ့ကမသွားတော့ဘဲနဲ့ ၊ အောက်ကထိုင်ပြီးတော့ ၊ အဲ့ ခုနက ကားပေါ် မှာ တွေ့လာတာကို ပြန်ဆင်ခြင်တာ ၊ ပြန်ဆင်ခြင်တာ ၊ ဆင်လဲဆင်ခြင်လိုက်ရော ၊ အဖေကြည့်လဲ အဖေမမြင် ၊ အမေကြည့်လဲ အမေ မမြင် ၊တစ်ယောက်မှ မမြင်။  အဲ့ဒီ့အချိန်မှာ ဒီခေါင်းက ကျပ်ထားတဲ့ ဟာကြီးက ပထမနေ့မှာ စိတ်လျော့ချလိုက်တဲ့အခါ မခံနိုင်လို့ စိတ်လျော့ချ လိုက်တဲ့အခါ ရင်ချိုင့်မှာ အပူလုံးကြီးလာဖြစ်တာ အဲ့ဒီ့အပူလုံးကြီးက အခုဉာဏ်လဲဖြစ်လဲဖြစ်ရော ရေခဲအမှုန်တွေလို မိုးရွာသလို တစ်ဖွားဖွားနဲ့ အဲ့ရင်ထဲကနေ အပူပျော်ကြသွားတာ ၊ ဖွားဖွား ဖွားဖွား နဲ့ ဆင်ခြင်လေ ကျလေ ဆင်ခြင်‌လေ အေးလေ ၊ အေးလေ အဲ့လို ဖြစ်တာ ၊ အဲ့အပူလုံးကြီးက လုံးဝကျထွက်သွားတာ ။ အဲ့တော့ နောက်ဆုံးရူ့စရာမရှိတော့ ၊ သဲအင်းဂူ ဆရာတော်‌ကြီး ၊ ပြည်ဝိဇ္ဇောဒယ ဆရာတော်ကြီးပြောတဲ့ တရားလေးကိုသွားသတိရတယ်။ အဲ့ဒီမှာ ကြားထဲမှာဦးဇင်း တရားကျင့်ပြီး သုံးလ လောက်မှာ ဝိဇ္ဇောဒယ ဝင်လိုက်သေးတယ်။ အခြေခံပွဲ တစ်ပွဲ ဝင်လိုက်သေးတယ်။ အဲ့ ခြောက်လနေတဲ့ အခါမှာ အဲ့နေရာကြတော့ ဟို ကုလားကြီးက ရွှေတိဂုံဘုရားကို အသုဘလို့ မြင်တယ် ၊ ကဲ ငါ လဲ ဘုရားကို ကြည့် ကြည့် အုံးမယ် ၊ အဲ့ဒါနဲ့ ဦးဇင်းက ဘုရားကို ကြည့်လဲကြည့်ရော အဲ့ဒီမှာ ဘုရားမရှိတော့ဘူး ၊ မြင်တာပဲရှိတော့တယ် ဆင်တုတော် ကြီးပဲရှိတော့တယ် ၊ ဆင်တုတော်ကြီးပဲ ရှိတာမဟုတ်ဘူး မြင်တာပဲရှိတာ။ အဆင်းသက်သက်ပဲဖြစ်သွားတာ ၊ မြင်တဲ့ အတိုင်းပေါ့ ၊ ဦးဇင်းပြောတဲ့ မွေးကင်းစ ကလေးမြင်တဲ့အမြင် အတိုင်းပဲ ဖြစ်သွားတာ။လုံးဝကို ဒီထဲမှာ အဲ့ဒါကို ဘုရားပါလို့  ဒီထဲမှာလုံးဝ ပညတ် ကြီးကပြုတ်ထွက်သွားတာ ။ အဲ့တော့ ဘယ်အရာတွေကိုပဲကြည့်ကြည့် ဒါဆိုရင် အမေအဖေတွေ မခံစားတော့ဘူး ၊ မရှိတော့ဘူးဆိုရင် ၊ အမေ အဖေတွေ မှားခေါ် သေးလားဆိုရင် အဲ့လိုမသိတာတော့ မဟုတ်ပြန်ဘူး။ မြင်တယ် အမေဆိုတဲ့ ခံစားမှု့ အဖေ ဆိုတဲ့ ခံစားမှု့ပြုတ်ထွက်သွားတာ။ ဒါပေမဲ့ အမေမှန်းတော့သိတာပေါ့၊ ကိုယ်အိမ်လဲကိုယ်သိတယ်လေ ၊ သိသေးတယ်။ ဘုရားလဲ ဆင်းတုတော် ကိုလဲ ဆင်းတုတော် သိတယ် ၊ ဒါပေမဲ့ ဘုရားက ကျေးဇူးတရားဆိုတာကို ကောင်းကောင်းနားလည်နေပီ ၊ ဘုရားမှာ မရှိဘူးဆိုတာကောင်းကောင်းသိနေပြီ၊ အမေကလဲ အပြင်မှာမရှိဘူးဆိုတာ ကောင်းကောင်းသိနေပီ ၊ အပြင်မှာက အကြောင်းအကျိုးတော်စပ်တဲ့သဘောပဲ ၊ တစ်ကယ်က ကိုယ်ကညသတ်မှတ်ထားတာ ၊ ဒီမှာယူထားတာ ၊ အာရုံ အမေ ကို ကိုယ်မသိဘူး။ အေး အဲ့ဒီ့အမေ ပြုတ်ထွက်သွားတာ ၊ အဲ့မှာ အကုန်လုံးပြတ်ထွက်သွားတာဆိုတော့ စိတ်က လုံးဝ ဘာမှ မရှိတော့ဘူး ဗလာကြီးဖြစ်သွားတာ ၊ ဘာမှ ရူ့စရာကို မရှိတော့တာ ၊ အဲ့လိုမျိုးပေါ့နော် အလွှတ်ကြီးဖြစ်သွားတာ။ စိတ်ပြောင်းသွားပြီလေ။ စိတ်ပြောင်းသွားပြီ အဲ…စိတ်ပြောင်းသွားတာကို သိပြီလေ၊ ဒါပေမဲ့ ဦးဇင်းက အဆင့်တွေ ဘာတွေကို စိတ်မဝင်စားဘူး။ စိတ်မဝင်စားဘူး ၊ ဦးဇင်းသိတာ ကိလေသာ ကုန်ချင်တာပဲ ၊ တွယ်တာ တွေကုန်ချင်တာ ဒါပဲ၊ ဒီတွယ်တာ တာတွေရဲ့ ဒုက္ခတရားကို ကိုယ်သိနေတော့ တွယ်တာစရာမှန်သမျှ ကို ကိုယ် အမြစ်ဖြတ်ချင်တာ ၊ ဒါ ဦးဇင်းရည်ရွယ်ချက်ပဲ ၊ အဲ့ဒါနဲ့ အဲ့ဒီ့ ဘဝင်တွေဘာတွေ အေးစိမ့် သွားပြီး ရေခဲမှုန်လို အခုထိပက်လက်လှန်လိုက်ရင် ဘဝင်မှာ သူ့နေရာမှာ သူ့အေးအေးလေးကတော့ သူ့နေရာမှာရှိတယ် ၊ ဒါပေမဲ့ ဒါက ဦးဇင်းတို့ခံစားရမဲ့ အရာမဟုတ်ဘူး ၊ ဓမ္မရသ အကျိုးတရားပေါ့ ၊ သူကတော့။ ဦးဇင်းတို့ခံစားလို့လဲ မရဘူး သူများတွေကပြောတာ အဲ့နားမှာအေးပြီးတော့ ဘဝင်လေးမှာနေတယ် ၊ ဦးဇင်းက နေလို့ကိုမရဘူး၊ အဲ့ဒီ့အေးတာကြီးလဲ ခံစားလို့လဲ မရဘူး။ သူက သက်သက်ကြီး ၊ အေးတာ သက်သက် ၊ ဒေါသဖြစ်ရင် ပူတာက သက်သက် ၊ကိုယ်ကလွှတ်‌နေတာကြီးက သက်သက် ၊ အခုယောဂီတော်တော်များ ဖြစ်တဲ့ဟာပေါ့ ၊ ပူတာမှန်းသိတယ် ၊ ဒါပမေဲ့ သက်သက် လွှတ်နေတာ သက်သက် ရှိတယ်၊ အေးလဲအေးတာသိတယ် လွှတ်တာ သက်သက်ကြီးရှိတယ်။ အဲ့ဒီ့လိုနဲ့ နေတဲ့ အခါကြတော့ (၆) လပေါ့နော် ၊ အဲ့ဒီ့ အနေအထားတစ်ခုရသွားတယ် ၊ ရတော့ ဆက်ကျင့်ဆက်ကျင့် နဲ့ ဘာရူ့ရမှန်းမသိတော့ဘူး ၊ အဲ့အချိန်ကြတော့ ရူ့စရာမရှိတော့ဘူး။ မရှိတော့ဘာဖြစ်လဲဆိုတော့ ၊ ငါ ဒီတစ်ခါတော့ ပထမ တစ်ခါလိုတော့ မမှားတော့ဘူး၊ ပထမတုန်းကတော့ ငါ ရဟန္တာ နဲ့ မှားတယ် ။ ဒီတစ်ခါတော့ ငါ မမှားတော့ဘူး၊ သေချာပေါက် ရဟန္တာဖြစ်သွားတာ ၊ ကြောက်စရာနော် ၊ မှားပုံ မှားနည်း က သူက ပထမတစ်ခေါက်က မသိလို့်မှားတယ်ပေါ့ ၊ ဒီတစ်ခါတော့ ငါ မမှားဘူး ရဟန္တာ ဖြစ်‌ နေတာ သေချာပီ ၊ ဘာ ကိလေသာ မှ ငါမရှိတော့ဘူး၊ တစ်ကယ်လဲ မမြင်ရဘူးလေနော် ၊ ဘယ်လိုမှ ကိလေသာ ကို ရှာလို့ ကိုမရလောက်တဲ့ထိ ကင်းစင်သွားတာ ။ အဲ့ဒါနဲ့ ဦးဇင်းက နေတော့ ၊ သိပ်တော့လည်းမချင့်မရဲ မသေချာဘူး။ ငါ အရင်လိုများ ပြန် ပြန် ပြီးတော့များ ပေါ် လာအုံးမလား၊ အဲ့လိုပြန်ဖြစ်တာ ၊ ကိလေသာ ဘာများကျန်အုံးမလဲ ဆိုတော့ အဲ့မှာ စိတ်မချတဲ့ အနေနဲ့ (၁၅) ရက်လောက် အခါမှာ စားတာ သောက်တာ ကို သီချင်းတွေ နားထောင် ၊ ကိုယ်ကြိုက်တဲ့ သီချင်း ၊ ထူးအယ်လင်း သီချင်းတို့ ဘာတို့ကြိုက်တယ် ၊ အဲ့ဒါ ခံစားလွယ်တဲ့ သီချင်းတွေ နုတယ်လေစိတ်က အချစ်လို့ခေါ်သလား တို့ ဘာတို့ အမယ်… ဒါမျိုးတွေကျတော့ ကြိုက်တယ် ။ ကိုယ် အကြိုက်ဆုံးသီချင်းကို ဖွင့်လိုက် ၊ ပထမ ကိုယ်ကြိုက်တဲ့ သီချင်းမဟုတ်ဘူး ကိုယ်မကြိုက်တဲ့ သီချင်းဖွင့်တာ ၊ ငါ သီချင်းလဲမခံစားတော့ဘူး ၊ သေချာသွားပြီ ၊ သေချာနေတာ အမြဲတမ်းပဲ ၊ သေချာသွားပြီ ကားမောင်းရင်းနဲ့ နောက်တစ်ပုဒ်လဲကြလဲကြရော ထူးအယ်လင်းရဲ့ အချစ်လို့ခေါ် သလား လဲ ဖွင့်လဲ ဖွင့်လိုက်ရော အမယ် ..လိုက်တောင်ဆိုသေး ၊ လိုက်တောင်ဆိုသေးတာ၊ အဲ့ကျမှ သဘောပေါက်တယ် ငါ ခံစားနေသေးတာပဲ ၊ ငါတွယ်ညှိနေသေးတာပဲ လို့ အဲ့ဒီ့အချိန်ကြမှ ငါ ဘာမှ ရူ့စရာမရှိတော့တဲ့ ကြားထဲက ဘာဖြစ်လို့တွယ်ညှိစရာကျန်နေသေးတာလဲပေါ့နော် ၊ ကဲ မရဘူးဟာ ..ကုန်အောင်ရူ့မယ် ဆိုပြီး ဆက်ပြီးတော့အဲ့မှာ ရက် (၂၀) လောက်ကြမှ အဲ့ဒါကိုပြန်ဖော်တာလေ ဦးဇင်းက ကုန်ချင်လို့ဖော်တာ ၊ ဖော်တဲ့အခါကြမှ ပြန်တွေ့တော့ အဲ့ကြမှ တစ်ခါ ထမင်းစားလို့ရှိရင် ကိုယ်စားချင်တဲ့ ဟင်းကို ဘေးမှာထား ၊ မစားချင်တဲ့ ငပိရည်နဲ့စား ဒီဘက်က ဟင်းတွေ ဘာတွေ အကုန်လုံး ၊ အများဆုံးစားဖြစ်တာက ခါလာကြီး မှာဆိုရင် ဗိုက်အရမ်းဆာပြီဆိုရင် အဆာခံထားတာ အဲ့အချိန်မှာ ခါလာကြီးမှာ ဟင်း ကောင်းတွေ အကုန်ချ လေးငါးပွဲ ဦးဇင်းက ဟင်းမှာတာ ဝါသနာပါတယ် ၊ စားတာ နဲနဲပဲ ၊ လေး၊ငါးပွဲ ချ ချပြီးရင် ဘာလုပ်လဲ ငပိရည်နဲ့စားတာ ။ အဲ့မှာစိတ်တွေကိုဖော်တာပေါ့နော်  ။အရမ်းဒီဟင်းနဲ့စားချင်တယ်ဆိုတဲ့ တဏှာ ကို မြင်အောင်လို့ကြည့်တာ၊ အဲ့ဒီ့လို သာယာပါတယ်ဆိုတဲ့ အရာတွေကို နေ့စဉ် နေ့စဉ် အချိန်တိုင်းအချိန်တိုင်းနဲ့ ကြည့်ရင်း ကြည့်ရင်း ကြည့်ရင်း ကြည့်ရင်းနဲ့ ကိုယ်ကြိုက်တဲ့ အရာတွေပေါ့နော် ၊ အာရုံခြောက်ပါးလုံးမှာဖြစ်တတ် တဲ့ အရာတွေ ၊ အတွေးက အစ ကိုယ်ကြိုက်တဲ့ အတွေးလေးတွေကို သတိထားမိလာတယ် ၊ သတိထားမိလာပြီတော့ ဦးဇင်း အဲ့မှာ အဆင့်ဆင့်ဖြစ်လာတဲ့အခါကြတော့ ၊ အဲ့ဒီ့ကနေပြီးတော့ ဘာလုပ်လဲဆိုတော့ အလုပ်ကလဲ တစ်ဖက်က ရှိတယ် ၊ အလုပ်ကလဲပစ်ထားလို့မရဘူး ၊ အဲ့မှာနောက်ကလဲ အလုပ်ကလဲ သိပ်မလုပ်တဲ့အခါကြတော့ အလုပ်မီးကလဲ လိုက်ပြီ အဲ့မှာလဲ ဖြေရှင်းစရာတွေကလဲ တစ်အားများနေပြီ ၊ ကုမ္ပဏီက လဲ ဖျက်ပြစ်တာ ၊ ဒါကြီးဖျက်ပြစ်လို့ ငါထောင်ကျမယ်ဆိုလဲ ငါထောင်ကျခံမယ် ၊ ထောင်ထဲမှာပဲ ငါ တရားကျင့်တော့မယ် ၊ ငါ ဒါကြီးကို စိတ်ရူပ်မခံနိုင်တော့ဘူး ၊ အဲ့အချိန်မှာ လူတွေ နဲ့ လဲ အဆင်မပြေတော့ဘူး။ အလုပ်တွေနဲ့ လဲ အဆင်မပြေတော့ဘူး ၊ ဘယ်လိုမှ အဆင်မပြေဘူး၊ အဆင်မပြေတော့ ဘာလုပ်လဲဆိုတော့ ၊ ငါ လူတွေ နဲ့ နေလို့မရတော့ဘူး ဆိုပြီးတော့ သတ်မှတ်လိုက်တာ၊ သတ်မှတ်ပြီးတော့ အဲ့မှာ ရသလောက် ဘုန်းကြီးသွားဝတ်လိုက်တာ ရှစ်မိုင် မှာ အမြန်လမ်း ရှစ်မိုင် မှာ ကံကော်တစ်ထောင်ရှိတယ်၊ အဲ့ဒီ့ ဘုရားမှာ သွားပြီး ဘုန်းကြီးဝတ်တာ၊ သင်္ကြန်ဝတ် ဝတ်ပြီးတော့ ဦးဇင်း ဆက်ပြီး ဝတ်တော့ ဦးဇင်း တစ်ပါးတည်းပေါ့ ၊ ဆက်နေတဲ့အခါကြတော့ ၊ အဲ့မှာလဲ ဦးဇင်းက တစ်ကဲ့တစ်ကယ် ဘုန်းကြီးဝတ်လိုက်တဲ့ အခါ ကြတော့လဲ တစ်ကယ်မပျော်ဘူး ဟ ၊ တစ်လလောက်နေတဲ့အခါမှာ ၊ သူက ဆင်းရဲ လာပြန်ရော ၊ ဘယ်လောက်ဆင်းရဲလဲဆို တရားကို (၁၅) မိနစ်တောင် ထိုင်လို့ မရတော့ဘူး ၊ အဲ့အချိန်ကြမှ ငါတစ်ကယ် ဘုန်းကြီးဝတ်ချင်တာ မဟုတ်သေးဘူး ဆိုတာကို နားလည်သွားတယ်။ နားလည်ပြီးတော့ အပူတွေ နောက်က များလွန်းလို့ပြေးတာပဲ တစ်ကယ်ငါကိလေသာ ကုန်လို့ သွားတာ မဟုတ်ဘူး ဆိုတာ သဘောပေါက်သွားတယ်။ ဦးဇင်းက အဲ့လောက်တော့ ဉာဏ်မတုံးဘူး ၊ ဉာဏ်မတုံးဘူး။ အဲ့ဒါနဲ့ ဦးဇင်းက ပြန် ၊ ပြန်တော့ အလုပ်ကိစ္စကလဲရှိ တော့ ၊ အလုပ်ကိစ္စကလည်းပြန်ခေါ် တယ်လေ ၊ အိမ်ကလူတွေကလည်း ၊ ခဏ ခဏ ထွက်ဖို့လာပြောနေတော့ ၊ တစ်ကယ်တော့ကိုယ်ကလဲ ဟိုဘက်မှာ ကလဲငြီးငွေ့နေပြီ ၊ ဘုန်းကြီးကလဲ ဆက်မဝတ်ချင်တော့ဘူး။ ဒီကလဲ လာခေါ် တာနဲ့အတော်ပဲ ၊ ဒါပေမဲ့ကြိတ်ခါတော့ ရူ့သေးတယ် ၊ မရတော့ဘူး အဲ့ဒီ့အချိန်မှာဦးဇင်းပြန်ထွက် ၊ ထွက်ပြီးတော့ တောက်လျောက်ပြန်ရူ့ ၊ ရူ့ပီးတဲ့အခါမှာ ရရင် လစ်ရင်လစ်သလိုပေါ့ တောထဲထွက်တာ ၊ ဒေးစွန်ပါ သွား ယောဂီဝတ်နဲ့ သွားကျင့်၊ အဲ့ဒီမှာ ငရဲခြောက်ပါတယ် ဆိုတဲ့သိမ် ဘယ်သူမှ မနေနိုင်ပါဘူးဆိုတဲ့ သိမ် ထဲမှာ ကိုယ့်ကို တစ်ယောက်တည်းထား ၊ ကိုယ်လဲအဲ့မှာကျင့် ၊ ပြီးရင် ဆယ်ရက်လောက်ကျင့် ပြန်လာ ၊ နောက်တစ်ခါ ဆယ့်နှစ်ရက်လောက် တစ်ခါကျင့် ၊ ကျင့်တော့ ဒီတစ်ခေါက်တော့ ငါ တောထဲသွားတော့မယ်ဆိုပြီးတော့ ၊ ဆယ်ရက် ဆယ့်နှစ်ရက်လောက်ကျင့်လိုက် နဲ့ ‌နောက်တစ်‌ ခေါက်လဲကြလဲကြရော မဟာမြိုင်ထဲကို ထွက်တော့တာပဲ၊ ထွက်တော့တာပဲ။ အဲ့မှာ ဦးဇင်း ရသေ့ အဲ့ ရသေ့ကြီးဆီမှာ တပည့်ခံပြီး ရသေ့ဝတ်နဲ့ ကျင့် ၊ ကိုယ်တစ်ကယ်က လွှတ်မြောက်ချင်တာလား နောက် အပူမီးတွေ မခံစားချင်လို့ ပြေးတာလားဆိုတာ အဲ့ဒီနေရာတွေမှာ အရေးကြီးတယ် ၊ အဲ့တာကြောင့် တရားရပါတယ် ဆိုရင် ဘယ်တော့မှ ကိုယ့်ရဲ့ ဆုံးဖြတ်ချက် တစ်ခုတည်းနဲ့ မလုပ်လိုက်ပါနဲ့ လို့ပြောတာ၊ အဲ့ဒါကြောင့် ဦးဇင်းက ယောဂီတွေကို အမြဲတမ်းတားတာ ၊ အမှားမှားအယွင်းယွင်းတွေဖြစ်မှာစိုးလို့ ဘယ်တော့မှ တရားရပါပီလို့လဲ မသတ်မှတ်ဘူး ၊ ဝတ်လိုက်ရင်ရပြီလို့လဲ မသတ်မှတ်ဘူး။ မသတ်မှတ်ဘူး။ လူတွေမှာ ဒုက္ခ အရမ်းရောက်တာ အမှားမှားအယွင်းယွင်းနဲ့ သူက ဆရာကိုယုံတာကို ၊ ဆရာကိုယုံတဲ့ အခါကြတော့ ဆရာက သတ်မှတ်လိုက်တဲ့အခါမှာ ၊ သူကလည်း ဟုတ်ပြီဆိုပြီး ဝတ်လိုက်ပြီးတော့ ၊ ကိုယ့်မှာနောက်က ဖောင်ကို ဖျက်ပြီးလေ ၊ နောက်ကဖောင်ကို ဖျက်ပြီး ရှိတာတွေ အကုန် ရောင်းချပြီးတော့ ဦးဇင်းတို့ ဝတ်တဲ့အခါမှာ သူ့ရဲ့စိတ်က ခဏတာ တင်္ဂလေးဖြစ်သွားတာကို သမုတ်စ္ဓေ ထင်တဲ့ အခါကြတော့ တစ်ဖြည်းဖြည်းနဲ့ အချိန်ကြာလာတော့ မပျော်ပိုက်တဲ့ အခါကြတော့ ပြန်မယ်လဲ လုပ်လဲလုပ်ရော ကိုယ့်မှာရှိတဲ့အရာတွေက ဘာမှ မရှိတော့ဘူး။ အားလုံးရောင်းချပြီးသွားပြီ ၊ အဲ့မှာ ကို့လို့ကန်လန့်  နဲ့ဖြစ်တဲ့ဘဝတွေ ၊ ဦးဇင်းကသိတယ် ၊ အဲ့တာတွေ ၊ အဲ့ဒီ့ထဲက ဦးဇင်းကနားလည်တယ် ၊ အဲ့လိုဖြစ်မဲ့ အခြေအနေကိုနော် ၊ အဲ့တော့ ဦးဇင်းက ဘာလို့ ကိုယ်ကြုံခဲ့တာကိုး ၊ ဒါတောင် ဦးဇင်းက အလုပ်တန်းလန်းကြီးနဲ့ ဖောင်ဖျက်ပြီး သွားလို့မရဘဲ ပြန်ပြန် ရောက်လာလို့ ကံကောင်းတာ ၊ ဦးဇင်းက အဲ့မှာ နားလည်သွားတာ ၊ တစ်ကယ် အဲ့ဒီ့ စိတ်တွေ ယုံလို့မရဘူးဆိုတာကို ကောင်းကောင်းသိလာတာ ၊ သိလာတာ။ သီလရှင် ဝတ်ချင်တာ မဝတ်ချင်တာ အဲ့ဒီ့စိတ်တွေက ဘာတစ်ခုမှ မဟုတ်တာ ၊ အဲ့ဒါ ငါ မဟုတ်ဘူးပဲ ၊ သူက အကြောင်းအကျိုးဖြစ်စရာရှိလို့ ဖြစ်လာတဲ့ သဘော ၊ သူက တွယ်ညှိစရာရှိလို့ တွယ်ညှိလာတဲ့ သဘောတရား ၊ အဲ့ဒါလဲ ဒိဌိပြုတ်ပြီးမှ သိတာကို ငါ နဲ့ တဏှာ ကွဲ သွားတာပေါ့ ၊ ငါ နဲ့ ဒီ ဘုန်း ကြီး ဝတ်ချင်တာ မဝတ်ချင်တာ ၊ ငြီးငွေ့တာတွေဟာ ၊ အဲ့ဒီ့ ငြီးငွေ့တာ ငြီးငွေ့တာပဲ ငါ မဟုတ်ဘူး၊ အဲ့လိုမျိုးပြောင်းလဲ သွားတာပေါ့ ၊ သိလာတာ ၊ အဲ့ဒီ့ကနေပြီးတော့ ရသေ့ဝတ်တဲ့ အခါကြတော့ ရသေ့ဘဝမှာလဲတစ်ခါ အဲ့မှာယောဂီတွေ သတိထားရမှာက သေချာနားထောင်နော် ဦးဇင်းပြောတာ ၊ ရသေ့ ဘဝ ကို အရမ်း ဝတ်ချင်တာ ဘယ်လိုမှ တားမရ ဆီးမရအောင် ဝတ်ချင်တာ ၊ ဒါတောင် ခုနက ယောင်္ကျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူမြင် လူသိ ခွေးမြင် ခွေးသိ ပျောက်သွားပြီနော်။ အဲ့ဒါတောင်မှ အဲ့ဒါကို မစွန့်နိုင်ဘူး။ အဲ့တော့ ဘာလုပ်လဲဆိုတော့ အိမ်မှာသွားကြည့်လိုက် ဘုရားကျောင်းအောက်မှာ ယောဂီဝတ်က တစ်ထပ် ၊ ပိတ်ဖြူက တစ်ထပ် ၊ အဲ့ဒါကြောင့်ပြောတာ ယောဂီတွေ စွဲ တယ်ဆိုတာ ဘုန်းကြီး က သနားတယ်။ ရိုးရိုး အင်္ကျီ အဖြူလဲစွဲတယ် ၊ ပိတ်ဖြူလဲစွဲတယ် ၊ အင်္ကျီအညိုလဲ စွဲတယ် ၊ ယောဂီအညိုလဲ စွဲတယ်။ အညိုနဲ့ ပတ်သက်ရင်အကုန်စွဲတယ်။ အညိုဆိုရင် ဝိဇ္ဇောဒယ အညိုလေး အဲ့အညိုလေးစွဲတယ် ။ပြီးရင်‌ ယောဂီ အင်္ကျီ လက်ရှည်ချုပ်ထားတယ် ၊ သုံးထည်ချုပ်ထားတယ် ၊ ချုပ်တာတောင် သုံးထည် အတိအကျနော် ၊ ပိုမဝတ်ဘူး ၊ အမယ် သူက .. ၊ တစ်အားကို သီလတွေ ပြည့်စုံနေတာ ၊ ဒင်း အဲ့ကတည်းက သေသွားရမှာ မသေဘူး ၊ ဦးဇင်း တို့ ခဏ ခဏ ပြောတယ် ဒီလောက်တောင် ကိလေသာ ထူပြောတဲ့ အထဲမှာ ပျော်တဲ့ကောင် ၊ ဒင်း တရားမရဘဲနဲ့ အပ္ပါယ် ကိုကျသွားရမှာ အဲ့လောက်ကို ကိုယ့်ဟာကိုယ်လေ နာကျည်း တာပေါ့နော် နာကျည်းတာပေါ့ ၊ ဒီလောက်တောင် မသိရလားပေါ့ ၊ ဒီလောက်တောင် ဒုက္ခကြားထဲမှာ နေပြီး ဒုက္ခကို မမြင်ရလား ဆိုပြီးတော့ အဲ့ဒီကတည်းက တရားမသိပဲ ငရဲကျရင်လေ ငရဲအိုးထဲမှာ မကျပါစေနဲ့ ငရဲဆီခန်းသွားရင် ပျောက်သွားမှာလေ ၊ ငရဲအောက်က ဖင်မှာ ဂျိုးကပ်တဲ့ကောင် သွားဖြစ်ရမှာ အဲ့လောက်တောင် ကိုယ့်ဟာကိုယ် ပြောတာ ၊ ဘာဖြစ်လို့လဲဆိုတော့ စိတ်နာလွန်း အားကြီးလို့လေ ၊ ဒီဒုက္ခတွေက တစ်ဖြည်းဖြည်း နဲ့ ပိုပိုပြီး မြင်လာတာ အဆင့်လိုက် အဆင့်လိုက် တွေ မြင်လာတဲ့ အခါ မှာ ဒီတွယ်တာစရာတွေရဲ့ ဒုက္ခတွေ ၊ သမုဒ္ဒယ တွေကြောင့် ဒုက္ခတရားတွေ ပူလောင်ရတဲ့ဒုက္ခတရားတွေကို မခံစားနိုင်တော့ဘူး ၊ အဲ့ဒါနဲ့ ဦးဇင်းက ဒီလောက်တောင်မှ ငါ ဒုက္ခတွေ မြင်ရဲ့သားနဲ့ ဒီစိတ်က ‌တွယ်တာနေတုန်းပဲ ၊ အဲဒါနဲ့ ဦးဇင်းက ရသေ့ကို ဒီလောက်ဝတ်ချင်တာ ဦးဇင်း သိတယ် ၊ ရသေ့ဝတ်ကိုစွဲမှန်း ဦးဇင်းသိတယ်။ ဒါပေမဲ့ ဘာက လှဲ့လည်းသိလား တရားအားထုတ်တာပဲ ကိုယ့်ရဲ့ ပါရမီ အရ အတိတ်တုန်းက ရသေ့ဝတ်ခဲ့တော့ အခုရသေ့ဝတ်နဲ့ပြန်ကျင့်ရမှာ ၊ အမယ် …သူက လာတာနော် ၊ လှဲ့ ပုံ လှဲ့ပုံ ဘာနဲ့လှဲ့လဲ သိလား ..ဟိုး ..မရှိတဲ့ အတိတ်ကို အရှိပြန်ထားပြီးတော့ ဆက်စပ်ပြီးတော့ ဟိုပါရမီ ကို ဒီဘက်ထဲ ရောချတာ စပ်ဆက်တာတော့ မှန်တယ် ၊ အရှိသွားပြန်ထားတာ ၊ အဲ့အချိန်မှာ ရသေ့ဝတ်ပြီးတော့ ၊ ငါ ဒီဟာ ကို စွဲများစွဲနေသလားလို့ စစ်ရဲ့သားနဲ့ မမြင်ဘူး ၊ အဲ့တော့ ယောဂီတွေ ကိလေသာ ကို မြင်ဖို့ဆိုတာလေ မလွယ်ဘူး၊ လုံးဝမလွယ်ဘူး ၊ ဆရာမပြဘဲနဲ့ တွေ့နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တော်တော် ခက်ခဲတဲ့ ကိစ္စတွေကို အဲ့တော့ ဦးဇင်းကြတော့ စိတ်ကိုဘဲ တောက်လျောက်ရူ့သွားတာကို မတွေးနဲ့ ဆိုတဲ့ တောက်လျောက်ရူ့သွားတာကို အဲ့ဒီ့မှာလဲ မတွေးနဲ့ ဆက်ရူ့နေတုန်းပဲ ဦးဇင်းက အဲ့ဒါပဲ လုပ်တတ်တယ်လေ ဘာမှ မလုပ်တတ်ဘူး။ အဲ့တစ်လုံးပဲ အခုမြင်လိုက်တယ် လှတယ်လို့တွေးသလား၊ ကောင်းတယ်လို့ တွေးသလား ၊ အဲ့ဒါကို ဆက်မတွေးဘူး။ ပထမတော့ ယောင်္ကျား မိန်းမ လို့ မတွေးတာ တစ်ဖြတ် ၊ အခုဟာ ကောင်းတယ် မကောင်းဘူး တစ်ဖြတ် ဆက်ရူ့တာ၊ ဒီကမ္မဌာန်း တစ်ခုတည်းနဲ့ သွားတာနော် ၊ ဘာမှ အဝေးကြီး မဟုတ်ဘူး ဦးဇင်းသွားတာ ၊ တစ်ခုတည်းသွားတာ။ အဲ့ဒါနဲ့ ရသေ့ဝတ်တဲ့ အခါကြတော့ အဲ့ဒီ့မှာ တောထဲမှာနေတော့ ၊ လိုက်ပို့တာပေါ့ ၊ လိုက်ပို့တဲ့ အခါကြတော့ ၊ ဦးဇင်း လိုက်ပို့ကြတဲ့အခါကြတော့ သူတို့ပြန်မှာလဲ ကြောက်သား ၊ တစ်ညတော့ သူတို့က အိပ်သေးတယ် ၊ မထူးပါဘူး ထွက်လာမှတော့ ၊ မထူးတော့ဘူးဆိုပြီးတော့ ။ အဲ့ဒီ့မှာ သူတို့ ပြန် နောက်နေ့ ကြတော့ တရားကျင့်တဲ့ အခါကြတော့ ညဘက်ရောက်လာ ဒီလိုဘဲဟ မှောင်မဲလာတာ ၊မှောင်မဲလာတာ။ ဒီတောထဲတောင်ကြီးထဲမှာ ငါ တစ်ယောက်တည်းလို့ ၊ ဒီမှာလဲ တောဝက်တွေကလည်း ရှိတယ် ၊ တစ်ခုခုဖြစ်ရင် ဘယ်လို လဲ ၊ တရားရှာပြီးတော့ ၊ ကိုယ့်ကို သတ်သေသလိုများဖြစ်နေလား ၊ ငါ အကျင့်‌များ မှာနေလား၊ အမယ် ..ဟို ဘက်က ကြောက်စိတ်က လာတော့လေ ၊ ကိုယ်ကျင့်တဲ့ အကျင့်ကို အကျင့်များမှားနေလား လို့ ဘာလို့လဲ ကြောက်လို့ သရဲကြောက်လို့ ၊ အဲ့ဒါနဲ့ ကဲ ဘာပဲဖြစ်ဖြစ်လေ ဒါကလဲ ဒီလိုပဲ သွားတာပဲ ငါ ရအောင်တော့ လုပ်မယ် ဆိုပြီး ၊ အဲ့တော့ ဟိုဘက်မှာ ကိလေသာတွေနဲ့ ပြန်ပြီးတော့မှ အိမ်ထောင်ပြု သားမွေး ဒုက္ခတွေ ရမဲ့ အစား ၊ ဒီတောထဲမှာပဲ ငါ အသေခံလိုက်တော့မယ် ၊ ဒါပေမဲ့ အသေခံလိုက်တော့မယ် သာ ပြောတာ ညမမှောင် ခင်မှာကြိုကြည့်ထားတယ် ၊ အရေးပေါ် လာရင် ငါ ဘယ်ပြေးရမလဲ ၊  ဒါပေမဲ့ ဘယ်ပြေးရမလဲ ဆိုတော့ တောပဲရှိတာ ၊ ပြေးလဲဘာထူးလဲ ။ အဲ့တော့ ဘာဖြစ်လဲဆိုတော့ အသေခံဖို့ပဲရှိတော့တာလေ၊ စိတ်ကို ဖောင်ဖျက် ပြီး ဒုန်းဒုန်း အဲ့မှာချလိုက်တာ ၊ အဲ့ကြမှ တရားထိုင်ပြီးတော့ ၊ ထိုင်တဲ့အခါကြတော့ တစ်ရက် တစ်ရက် ထိုင်လာတာ တစ်နေ့ကြတော့ ၊ တစ်နေ့မဟုတ်ပါဘူး အဲ့ဒီ့ ရက်ပိုင်းပါပဲ ၊ ဘေးနားကန ဖျတ်..ဖျတ်..ဖျတ်..ဖျတ် နဲ့ ချောက် ..ချောက် နဲ့ အဲ့အသံတွေကြားရတယ်။ ကြားတော့ ..ဪ ငါ့ ကို သမာဓိ စမ်းပြီ ၊ အမယ်..တောက်လျှောက် ရူ့တာ  ဘယ်ရမလဲ.. နဲနဲ တော့ လန့်တာပေါ့ ၊ ‌နောက်နေ့လဲ ဖျပ်..ဖျပ်..ဖျပ် နဲ့ဆိုတော့ စမ်း ဇမ်ကွာ စမ်း ဇမ် ဆိုပြီတော့ ၊   ငါ သိချင်တဲ့ တရားကျင့်ရင် စမ်း တယ်ဆိုတာ ဒါမျိုးဖြစ်မယ် ၊ ကိုယ်ကလဲ စပ်စုလဲ စပ်စု ချင်သေး ၊ စပ်စုချင်သေးတာ၊ သုံးရက် မြောက်ကြတော့ မခံစားနိုင်တော့ဘူး၊ ဒီ သရဲ နဲ့ ငါ နဲ့ တွေ့ မှ ဖြစ်မယ် ၊ နမို့ဆို ငါ မအိပ်ရဘူးလေနော် ။ မအိပ်ရဘူးဆိုတော့ ကြောက်လန့် ပြီး နေရတဲ့ ဘဝက တောထဲမှာနေတိုင်း ဒီလိုကြောက်လန့်ပြီး ‌နေရတဲ့ အဖြစ်မျိုးကတော့ ၊ အဲ့လို အဖြစ်မျိုးနေရမဲ့အစား ပြေးရင်ဆိုင် လိုက်တာ အကောင်းဆုံးပဲ ၊ အဲ့ဒီ့အချိန်ကြမှ မျက်လုံးဖွင့်ပြီးတော့ ..အဲ့တုန်းက ဦးဇင်း ဓုတင်မကျင့်သေးဘူး ၊ ထပြီးတော့ ဓာတ်မီးနဲ့ထိုးကြည့်တဲ့ အခါမှာ ဘယ်ဟုတ်မလဲ ငှက်တွေ ၊ ငှက်တွေ ..ငှက်ခေါင်းဖြူတွေ ၊ ဦးဇင်းက ချောင်းပေါ် လေးမှာ ၊ ချောင်းရဲ့အပေါ် လေးမှာ ကွပ်ပျစ် လေးထိုးနေတော့ ၊ သူတို့က ချောင်းမှာရှိတဲ့ အကောင်လေးတွေ လိုက်စားတာ၊ အဲ့တော့ သူက နွေရာသီဆိုတော့ သစ်ရွက်ခြောက်တွေက ရှိတော့ ခုန်တော့ အသံထွက်တာပေါ့။ အဲ့တော့ အဲ့ဒီ့မှာလဲ စဉ်းစားကြည့်လေ ဖျပ်..ဖျပ်.. ဖျပ်… ဖျပ်ဆိုတာက  အသံ နော် ၊ ဒါပေမဲ့ အာရုံ မှာက ဘာပေါ် လဲဆိုတော့ ၊ သရဲများလား မသိဘူး ပေါ် တာ ၊ တစ်ကယ် ခြောက်လှန့်တာ သုံးည အိပ်မရအောင် ခြောက်လှန့်တာက အာရုံ ၊ အေး..အာရုံ ၊ အဲ့တော့ ကြားတဲ့ အသံ က အကြောင်းအကျိုး သဘာဝ ၊ အဲ့ဒီ့ အသံပေါ် မှာ တို့တွေက သရဲလို့သွားပြီးတော့ အတည်ယူလိုက်တာ ၊ သရဲလို့ အရင်တုန်းက သူသိထားတယ် ဒီအချိန်မှာ ဒီအသံကြားရင် ဒီသရဲ ဖြစ်ရမယ်လို့ သညာ က မှတ်ထားတော့ ၊ သညာ က သရဲ ပေါ် မလာဘူးလား ၊ ပေါ် လာတယ် ။ ဒါပေမဲ့ သူသိတဲ့ သရဲ က တော့ ဝေဝါးဝါးပေါ့ ၊ ကိုယ်မြင်ဖူးတဲ့ သရဲ ဖြစ်ချင်မှ ဖြစ်မယ် ၊ သူလဲ ဖော်ချင်ရာ ဖော်လိုက်တာပေါ့၊ ဒါပေမဲ့ အဲ့လို ဖော်တဲ့ အာရုံ သရဲ ကို တစ်ကယ့် သရဲ လို့ သူက အတည်ပြုလိုက်တဲ့အခါ မှာ ကြောက်လှန့်ခြင်း ဆိုတာ ဖြစ်‌ပေါ် လာတယ်။ အဲ့တော့ တစ်ကယ် ခြောက်လှန့်တာ ဟာ မြင်တာ ကြားတာ တွေက ကိုယ့်ကိုမခြောက်လှန့်ဘူး ၊ ကိုယ့်ရဲ့စိတ်မှာ အာရုံ ပဲ အဖေပဲ အမေပဲ သားပဲ သမီးပဲ ယောင်္ကျား ၊ မိန်းမပဲ ဆိုတဲ့ အပေါ် တွေမှာ အဲ့ဒီ့ပေါ် တွေ တွယ်ညှိတာ ၊ တစ်ကယ်အတည်သွားယူတာ ၊ အရှိသွားယူတာ ၊ အရိပ်ကို အကောင် လုပ်လိုက်တာပဲ ၊ အာရုံ မှာ ပေါ် တဲ့ သရဲ က အတွေးအရိပ်ပဲလေ ၊ အဲ့ဒီ့အတွေး အရိပ်ကို အကောင်လုပ်လိုက်တာ ၊ အတွေးအရိပ်ကို အကောင် လုပ်တယ် ဆိုတာ အတွေးအရိပ် ကိုတွယ်ညှိလိုက်တာပဲ ၊ ကဲ ဘယ်နူးညံ့လာလဲဆိုတာ ၊ ပထမ တွယ်တာတယ် ဆိုတာ ကြမ်းတယ် ၊ အခု တွယ်တာက ဒီအရိပ် ကို နဲနဲ တွယ်လိုက်တာနဲ့ ကြောက်လန့်ခြင်းဆိုတာ ဖြစ်လာတယ်။ ကြောက်လန့်မှု့ဟာ ဒုက္ခ ဒါ ဒုက္ခပဲလေ ၊ ဒီဒုက္ခ ဘယ်ကရလဲ ဆိုတော့ ၊ အာရုံ သရဲ ရဲ့ သဘော အမှန်ကို မသိတဲ့ တွယ်တာ လိုက်တဲ့ သမုဒ ကြောင့် ၊ အေး အဲ့ဒီ့ တွယ်တာလိုက်တဲ့ အရှိထားလိုက်တဲ့ သမုဒယ ၊ အဲ့ဒီ သမုဒယ တွယ်တာလိုက်တာကြောင့် ကြောက်လန့်ခြင်း ဆိုတဲ့ ပူလောင်မှု့ ဒုက္ခရတာ ၊ အဲ့ဒါ သမုဒယ နှင့် ဒုက္ခပြန်ရတာ။ အဲ အဲ့ဒီကနေ နေပြီးတော့ တစ်လလောက်ကြာတော့လဲ ရသေ့ဝတ်နဲ့ နေရတာ လဲ မဟုတ်တော့ပြန်ဘူး။အဲ့ဒီ့မှာ  ဆယ်တန်းအောင်တည်းက ဖြစ်လာတဲ့ ဘယ်အရာမှ  ခံစားမှု့တွေ မမြဲဘူးဆိုတာကို အနုစိပ် အနုစိပ် တွေ့လာတော့ ၊ ရသေ့ဝတ်နဲ့ ငါ ပါရမီ နဲ့ ရသေ့ဝတ်နဲ့ပါလို့ ရသေ့ဝတ်နဲ့ သာသနာပြုရမယ် ဆိုတဲ့ အထင်ကလဲ ခံစားမှု့ကလဲ တစ်ကယ် မဟုတ်ဘူးဆိုတာ နားလည်လာတယ်။ အဲ့ဒီ့ကြမှ အိမ်ပြန်ပြီးအခါကြတော့ အိမ်မပြန်ခင် အဲ့မှာ ဓုတင်တွေ ကျင့်တယ်လေ၊ ဓုတင်တွေ ကျင့်ပြီဆိုတော့ ၊ ဘာဖြစ်လို့ ဓုတင်ကျင့်တာလဲ ဆိုတော့ ဦးဇင်း အိပ်ငိုက်လို့ ၊ အိပ်ချင်တာပေါ့နော် ၊ အရမ်းကြီးတော့ ဆိုးဆိုးဝါးဝါး အိပ်ငိုက်တာ မဟုတ်ဘူး ၊ ဒါပေမဲ့ မအိပ်ချင်အောင်လို့ ၊ အဲ့မှာဓုတင်ကျင့် ကျောမခင်းကျင့် ၊ ကျောမခင်း တောထဲမှာ ကျောမခင်းကျင့်တော့ ၊ မလှဲရဘူး သူက ၊ အိပ်ချင်တယ် ဆိုတဲ့ ဒုက္ခက မသေးဘူးဟ ၊ လေးလံထှိုင်းမှိုင်းတဲ့ ဒုက္ခ ကို မြင်တဲ့ အခါကြတော့ ၊ ဒီအိပ်ချင်တာ ကို အလိုမလိုက်ဘဲနဲ့ ဓုတင်နဲ့ ဖြတ်ကျော်တာ ၊ အဲ့ဒီ့မှာ တော်တော်လေး လွှတ်သွားတယ်။ တော်တော့် ကိုလွှတ်သွားတယ် ။ အဲ့ဒီ့ကနေပြီးတော့ ဦးဇင်းက အဲ့ဒီ့ရသေ့မဝတ်ခင်ကတည်းက တရားထောက်လုပ်နေပီ တရားပြနေပီ ။ တရားပြလို့ ပြီးတော့ မှ ရသေ့သွားဝတ်တာ၊ ကိုဗစ် ၊ ကိုဗစ် ပထမဆုံး စဖြစ်တဲ့ အချိန်လေ၊ အဲ့ဒါ ဦးဇင်းက မဖြစ်ခင်လေးပေါ့ ၊ သွားလိုက်တာ။ အဲ့ဒါ နဲ့ ဦးဇင်း ရသေ့ဝတ်မှာ နေတော့ အာရုံ ၏ သဘော ကို ဦးဇင်း မသိပါဘူး ၊ အာရုံ သရဲ ကခြောက်တယ်ဆိုတာ ဦးဇင်း မသိပါဘူး ၊ ဒါပေမဲ့ အသံ ကို အသံ အတိုင်းပဲ ရူ့မှတ်နေတုန်းပဲ ၊ မတွေးဘူး သရဲလို့ ၊ မတွေးဘူး မတွေးဘူး ၊ မတွေးဘူး အဲ့လိုပဲသွား‌နေတာ ၊ အဲ့ဒီမှာ ဘာလဲ ဆိုတော့ ဆရာလေး တစ်ပါး ရှိတယ် ၊ သူကလဲ အကြားအမြင် လိုမျိုးပုဂ္ဂိုလ် ။ အရှင်ဘုရား ..အရှင်ဘုရား ကို ရသေ့ကြီးတစ်ပါးက စောင့်ရှောက်နေတယ် ၊ ရသေဘကြီးတစ်ပါးက စောင့်ရှောက်နေတယ် ဆိုတော့ ကိုယ်ကကိုယ့်တရား ကိုယ်လုပ်နေတာ ၊ ရသေ့တွေ ဘာတွေသွား စောင့်ရှောက်တာတွေ မစောင့်ရှောက်တာတွေမသိဘူး ၊ ကိုယ်က ငါ ဒီအချိန်မှာ သမာဓိ ကောင်းမှ ဖြစ်မယ်ဆိုပြီးတော့ ၊ အဲ့ဒီ ပုဂ္ဂိုလ် တွေဘက်ကို မလိုက်ဘဲနဲ့ သမာဓိကောင်းကောင်း နဲ့ ဖြတ်ကျော်တာ ၊ ဖြတ်ကျော်တဲ့ အခါမှာ ကိုယ့်မျက်စိရှေ့မှာလဲ တပ်အပ်‌တွေ မြင်ရတာတွေ ရှိတဲ့အခါကြတော့ အမျိုးသမီးတွေ နှောက်ယှက်တာတော့ မဟုတ်ဘူး ၊ သူကအဲ့လိုပေါ့ ကျုံ့ကျုံ့လေးထိုင်ပြီးတော့ သူတို့ရှိကြောင်းပြတာပေါ့ ၊ ကိုယ့်တရားကိုနာတယ် ၊ မနက် အိပ်ယာ (၅)နာရီ ဓုတင်ကျင့် ပြီးတော့ ၊ အဲ့လိုမျိူးပေါ့ အိပ်ယာတွေ ဘာတွေ မနိုးလို့ (၅) နာရီ မှာ ဖျက်ကနဲ အိပ်ပျော်သွားရင် လာနိုး တယ် ။ ဒီကွပ်ပျစ်ကို လာလှုပ်တာ လာလှုပ်တာ။ ဒါပေမဲ့ ဦးဇင်းက သိပ်တော့ မကြောက်တတ်ဘူးပေါ့ ၊ အဲ့ဒီ့မှာ သိပ်မကြောက်ဘူး ဆိုတာကလေ ကြောက်စိတ်က ပျောက်သွားတာ မဟုတ်ဘူး ၊ အဲ့ဒီ့နေရာ နဲ့ နေသားကျလာတာ ၊ သိလား။ အဲ့ဒီ့မှာ တောထဲမှာ နေနိုင်လို့လဲ တရားရပြီမထင်နဲ့ အုံး။ အများကြီးနော် သိတယ်မိုလား ကိလေသာကလေ။ အဲ့လိုနေသားကြလာလို့ နေနိုင်သွားတာ ကိလေသာ ပယ် လို့ နေနိုင်တာ မဟုတ်ဘူး။နောက်တစ်နေရာရောက် ကြောက်တာပဲ ၊ နေသားမကျတဲ့ နေရာကြ ကြောက်တာပဲ ။ အဲ့ဒီ့မှာ အဲ့ဒါတွေကလဲ ဖြတ်ရသလိုပဲ ပုဂ္ဂိုလ် လိုင်း ကိုလဲ ဖြတ်ရတယ် ၊ ဖြတ်ရတာ။ ဖြတ်တဲ့အခါကြတော့ ဦးဇင်းက ပုဂ္ဂိုလ်လိုင်းကိုဖြတ်ရင်းနဲ့ မနိုင်တော့ဘဲနဲ့ သမာဓိပျက်ပြီးတော့ ၊ သမာဓိပျက်တယ်ဆိုတာ ဒီဘက် ကသမာဓိပျက်ပြီး ဟိုဘက်က သမာဓိဘက် ကူး သွားတာ ၊ အဲ့ဒီ့မှာ ဦးဇင်း အကြားအမြင်ဘက်ကို ရောက်သွားပြီးတော့ ၊ အဲ့မှာ စပြီးတော့ ကိုယ့်ကို ကျောင်းဆောက်ပြီး လှုတဲ့ အညာသား လင်မယားနှစ်ယောက် ကို ဂဏာန်း စပေးလိုက်တာ ၊ ပေါက်သွားပါလေရော။ အဲ့ဒီ့မှာ စတာ အဲ့ဒီ့လိုအကြားအမြင်တွေနဲ့ ဒေးစွန်ပါမှာလဲ အာချောင်ပြီးတော့ ဂဏာန်းသွားပေးလိုက်တာ ဘိုးတော်တွေ အများကြီးကြားထဲမှာ သွားပေးလိုက်တာ ၊ ကိုယ့်ဂဏာန်း က မှန်သွားတယ်။ မှန်သွားတော့ ဒေးစွန်ပါမှာ နာမည်ကြီးတော့ ပြေးရပါလေရော ၊ လိုက်ပီလေနာမည်ကြီးရင် ၊ ဒီလိုင်းက လူက သိပ်မြန်တာနော် ၊ ဒီတရားပေးတာကြ သေအောင် ပေးရတာ လည်ချောင်းကွဲတော့မယ်။ ဟိုမှာ ဂဏာန်းလေးတစ်ကွက် ကို လမ်းထိပ်က‌နေ အော် လိုက်ရင် နောက်နေ့ကြရင် ဘုန်းကြီးကျောင်း မှာ မနားရဘူး၊ အဲ့ဒါမျိုးကျတော့ ၊ လောဘ ၊ လောဘနော် ၊ သိပ်ကြောက်စရာကောင်းတယ် သိလား။ အဲ့ဒီ့ တွယ်ညှိမှု့တွေ လောဘတွေရဲ့ သဘောကို တော်တော် ကို ဦးဇင်းလန့်တာ ၊ သူ့ရဲ့ဒုက္ခတရားတွေကို မခံစားနိုင်ဘူး။ ပြေးတာပေါ့နော် ၊ အဲ့ဒါကြောင့် စိတ်လဲတော်တော်နာပါတယ်။ အဲ့တုန်းက တော်တော် နာတယ်။ အဲ့တော့ စိတ်နာပေမဲ့လဲ မပယ်နိုင်တော့ ပေါင်းမိတဲ့ အရာ တွေလဲ အများကြီးရှိသေးတာပေါ့၊ အဲ့ဒါကြောင့်ဘသူ့ အဆင့် နှင့်သူပဲလို့ ၊ အဲ့တော့ သာယာမူ့တွေ မှန်သမျှ ဦးဇင်း က ဒုက္ခ အနေ နဲ့ကို ရူ့လာတာ ကြာပြီ။ အဲ့ဒီ့ အကြားအမြင်တွေကိုလဲ အဲ့မှာ တစ်ခါ ပြန်စွန့်တာ ၊ သူ့ရှေ့မှာ တစ်ခါ စွန့်ပြီးပြီ ၊ အဲ့ဒီ့မှာ တစ်ခါစွန့် ၊ အဲ့တော့ အကြား အမြင် ကို နှစ်ကြိမ်လုံး စွန့်ထားတာ ၊ အဲ့မှာ နှစ်ကြိမ်လောက်စွန့်သလိုပဲ ကွမ်းယာလဲ ဖြတ်ရတာ သုံးကြိမ်လောက်ဖြတ်ရတာ။ ဖြတ်ရတယ်။ ဒါပေမဲ့ တောထဲ ရောက်တဲ့ အခါကြတော့လဲ နောက်ဆုံးကြ ရေဆွမ်းပါ (၁၅) ရက် ဝင်တာ ၊ အာနာပါန တွေ မရူ့မှတ်ပဲ ရေသောက်ပြီး ဒီအတိုင်း စိတ်ကြည့်ဘဲ ရူ့မှတ်ပီးနေတာ (၁၅) ရက် ၊ ဘာမှ မဖြစ်ဘူး။ ဦးဇင်းက အကုန်နေနိုင်တယ် ၊ ကွမ်းစားတာလောက်က ဘာမှ မဖြစ်တော့ဘူးလေ။ အဲဒါနဲ့ နေတော့ အဲ့ဒီ့မှာကျော်ဖြတ်ရတာက သမာဓိက မခိုင်ရင် ၊ အဲ့ဒီ့ဘက်ကို သမထ ဘက်ကို ကူးသွားတတ်တယ်။ ဒီဘက် ဉာဏ်မခိုင်တော့လေ၊ ကူးသွားတယ်။ အဲ့ဒါနဲ့ ဦးဇင်း တစ်ခုတော့ရှိတယ် အဲ့မှာ ပုဂ္ဂိုလ်တွေက အသိပေးတယ် ၊ ပြန်ရတော့မယ် နောက်နေ့မှာ ပြန်ရတော့မယ် ဆိုတော့ ၊ ကုလားမလေး တစ်ယောက် က လာပြောတယ်၊ အဲ့က ဒေးစွန်ပါက သိမ် က ကုလားမလေး ၊ ကုလားသိုက်လား မသိဘူး။ အဲ့သိုက် က ကောင်မလေးက လာပြောတယ်။ ဦးဇင်း ၊ ဦးရသေ့‌ပေါ့နော် ၊ ပြတဲ့အခါကြတော့ ဦးဇင်း ကြည့်တယ်၊ ဒီကုလားမလေး ကို အိမ်မက်မက်ရင် ၊ နမိတ်မှာ မြင်ပြီ ဆိုလို့ရှိရင် ၊ ငါ ဒီသိမ်မှာ ပြန် ရတော့မယ် ထင်တယ်လို့ ၊ ထင်‌တော့ထင်တယ် သူ ၊ ဦးဇင်း က အဲ့နမိတ် နဲ့ သူနဲ့ ရထားဖူးတော့ ၊ ဒါပေမဲ့ ဘာအကြောင်းမှ မရှိတာ ဘာလို့ပြန်ရမှာလဲပေါ့နော် ၊ ပြီးတော့ အိမ် အလုပ်ကိစ္စ တွေကလဲ ငါ့ လာခေါ် နေပီထင်တယ်ဆိုပြီးတော့၊ အလုပ်ကိစ္စလဲ လှမ်းခေါ် တယ် ၊ ပြီးတော့ အဲ့ဒီ့‌နေရာမှာပဲ အဲ့ဒီ့တောထဲ မှာ ဦးဇင်း ကို အဲ့ဒီကျောင်းကို လုမယ် ဆိုတဲ့ ပုံစံမျိုးပေါ့ ၊ ဒီကျောင်း ကို လုချင်တယ် ပုံစံမျိုး ၊ သူတို့က မြင်သွားတယ်။ မြင်သွားတဲ့ အခါ ကြတော့ ၊ ဦး‌ဇင်း ကို တရားတွေ ဘာတွေ လာစစ်တာပေါ့နော်။  ဦးဇင်း ဒီနေ့ထိ ဘာတရားမှ မရသေးဘူး ၊ ဘာညာ သူတို့ လာစစ်တာ ဦးဇင်း အနေနဲ့လဲ သူတို့ ပြောချင်တာပြော ကိုယ်လဲ ကိုယ်ဟာကို ဒီအတိုင်းနေတာ ၊ နေတဲ့ အခါကြတော့ ကိုယ့်ကိလေသာ ကိုယ် သတ်နေတာ ပေါ့နော် ၊ သူတို့ လာစစ်တာ ကိုယ်လဲ မဖြေနိုင်ဘူး၊ သူတို့ လာစစ်ရအောင် သူတို့လဲ ဘာမှ သိတာမဟုတ်ဘူး။ သူတို့လဲ သမထ လုပ်နေတာ ၊ ကိုယ်ကလဲ သူတို့ကို အရေးတယူ မလုပ်နိုင်ဘူး ၊ မရဘူး‌ဆိုတော့လဲ မရဘူးပေါ့ ဒကာမကြီးရယ် ၊ ဒီလိုပဲ ပြောလိုက်တာပေါ့။ အဲ့ဒါလဲ လောကဓံ တောထဲမှာ ကို တော်တော် တက်တာနော် ၊ ကိုယ့်စိတ်က ပြဿနာ ရှိနေသေးရင် ဘယ်‌နေရာ သွားသွား မလွှတ်ဘူးပဲ ၊ အဲ့ဒါကို ပြောချင်တာ။ အဲ့တော့ စိတ်မှာ အကုန်ဖြစ်နေတာကိုး ဒီအာရုံ တစ်ခု အနေနဲ့ အမြဲတမ်းအတည် ယူထားတဲ့ အခါကြတော့ ပြဿနတက်လာတာပေါ့ အဲ့မှာ ၊ အဲ့ဒီ့ကနေပြီးတော့ ဦးဇင်း က ဘယ်ရောက်သွားလဲ ဆိုတော့ ပြန်တာပေါ့ ပြဿနာ တက်ပြီးတော့ အဲ့မှာ ရသေ့ဘဝ ပြဿနာတက်ပြီးတော့ ပြန်တာ ဦးဇင်းက မရှက်ဘူး ရသေ့ဝတ်ကြီးနဲ့ ပြန်တာပဲ ၊ ရသေ့ဝတ် ဘယ်စွဲ လဲ ဆိုတာနော် ၊ ကြောက်စရာကြီး သိလား အဝတ်စားလေ ၊ အဲ့မှာ လျောက်ပြီးတွေးတာပေါ့  ၊ ငါ သာသနာပြာရမဲ့ ‌နေရာက ဒီနေရာလား မသိဘူး၊ ဘာဘူး ညာဘူး ပေါ့ ၊ အဲ့ဒီ့အတွေးတွေ ကိုကမဟုတ်တာ ၊ မဟုတ်တာ။ အဲ့ဒါကြောင့် ဦးဇင်းပြောတယ်လေ ၊ ငါတို့ ဒီလိုဖြစ်တာမှန်ရဲ့လား ၊ အေး ..အဲ့ဒါလဲ မဟုတ်ဘူး ၊ အဲ့ဒါတွေလဲ အာရုံလို့ ပြန်ရူ့ပစ် ၊ အဲ့ဒါတွေကလဲ အတည် သွားမယူနဲ့ လို့ ၊ ဒီနေရာမှာနေလို့ အဆင်ပြေလိုက်တာ ၊ အဲ့ဒါလဲ မမြဲဘူးပဲ ၊ နောက်ကျ အဆင်ပြေချင်မှ ပြေတာလေ ၊ အဲ့တော့ ဘာဖြစ်လဲ စကား‌တွေက အမျိုးမျိုးပဲ ၊ ဗလောင်ဗလဲ ပြောတယ်ဖြစ်မ‌နေဘူးလား။ အေး..အဲ့လိုဖြစ်ဖြစ်သွားတာ စကားတွေ မတည်တော့ဘူးပေါ့ ၊ အဲ့ဒါတွေကို ဦးဇင်းတို့ ပြန်မြင်သင့်တယ်။ ဘယ်နေရာရောက်ရောက် ဒီနေရာမှာ ဆုံးဖြတ်ချက် မချမိလိုက်စေနဲ့ ၊ ဆုံးဖြတ်ချက်ချလို့ ၊ ငါ ဒီနေရာ သာသနာပြုရမယ်ထင်တယ်လို့ ဆုံးဖြတ်ချက် ချလိုက်ရင် အဲ့ဒါ အာရုံ ပဲ ၊ ဒီကောင် တစ်ကယ် မဟုတ်ဘူး ဒီကောင် လိမ်နေတာ ၊ လိမ်နေတာ။ တစ်ကယ်မဟုတ်ဘူးနော် ၊ အဲ့ဒါ မဟုတ်ဘူးပဲ။ အဲ့တော့ ဘာဖြစ်လဲဆိုတော့ စိတ်က အမျိုးမျိုးပြောင်းလဲတတ်တဲ့ သဘောရှိတယ်။ အဲ့ဒါကို ငါ ဆိုပြီး ပေါင်းလိုက်တဲ့ အခါကြတော့ ၊ ဦးဇင်းတို့တွေမှာ ပြဿနာ တော်တော် တက်သွားတယ် ၊ သူက နုနယ်လွန်းတယ် ၊ နုညံ့တယ် သူက ၊ အပ္ပါယ်ကိလောက်တဲ့ အရာမျိုးတော့ မဟုတ်ဘူးပေါ့လေ ၊ သူကဖြစ်နိုင်သေးတယ်လို့ပြောတာ ၊ သက္ကဒါဂမ် လောက်မှာ ဖြစ်နိုင်သေးတယ်။ အဲ့တော့ အဲ့နေရာတွေ တွေ့လာတဲ့ အခါ ကိုယ်သာသနာပြုရမဲ့ နေရာတွေ ၊ မနေရာတွေ ၊ ဟုတ်တာတွေ ခေါင်းထဲထည့်မနေနဲ့ ၊ ခေါင်းထဲထည့်မနေနဲ့ ၊ အဲ့ဒါတွေပြီးရင် ဘာမှ လဲ မဟုတ်ဘူး ၊ အဲ့တောထဲက‌နေ နေပြီးတော့ ပြန်လာတော့လဲ ဟုတ်သေးလား။ မဟုတ်တော့ဘူး။ အဲ့တော့ဘာထပ်ဖြစ်လဲဆိုတော့ တစ်ညတော့ စဉ်းစားပြီးတော့ ငါဘာတွေများ ရသေ့ သွားဝတ်တာ ဘာတွေ များ ရခဲ့လဲ စဉ်းစားတဲ့အခါမှာ အဲ့ဒီ့အချိန်မှာ ဦးဇင်းက ရသေ့ဝတ်ကို မစွဲတော့ဘူး ၊ အဲ လူဝတ်ပြောင်းလိုက်ပီလေ၊ အဲ့ကျ ပြန်စဉ်းစား တဲ့ အခါ ၊ ငါ ရသေ့ဝတ်ကြီး နဲ့ ဟိုလျှောက်သွား ၊ ဒီလျှောက်သွားနဲ့ အဲ့ကျမှ ပြန်ရှက်သွားတာ ၊ ငါ အရူးကြီးကြနေတာပဲ ၊ ဒီအပေါ် မှာ ရသေ့ဝတ်နဲ့ ငါ သာသနာ ပြုရမယ် ဆိုပြီးတော့ ၊ အယူတစ်ခုနဲ့ ဒီရသေ့ဝတ်ကို စွဲခဲ့တာ ၊ ဟာ ..အဲ့ဒါ ကြီးက အမှားကြီး မှားခဲ့တာပါလားလို့ ၊ ဒါဟာ အစွဲ တစ်ခုပါလားလို့ သိလဲသွားရော အဲ့ဒီ့မှာ အဝတ်စား မှန်သမျှ အကုန်ပြုတ်သွားတာ ၊ လုံးဝ အစွဲတွေ အဲ့တော့ ရသေ့ဝတ်တုန်းက ဖြတ်ကျော်ရတာ အများကြီးရှိပေမဲ့လဲ ၊ ထွက်လာတဲ့ အခါကြမှ အဝတ်စား ပေါ် မှာစွဲတဲ့အစွဲ က ပြုတ် ထွက် သွားတာ ၊ အဲ့ဒီမှာ ဘုန်းကြီး ဝတ်ချင်တာတွေ ဘာတွေ အဲ့ဒီ့မှာပြုတ်ထွက်သွားပီ ၊ အဲ့ဒီ့ကတည်းက ဟိုဟာ လုပ်မှ ဒီဟာ လုပ်မှ ဆိုတာ တော်တော်ပြုတ်ထွက်သွားတာနော် ၊ အဲ့ဒီလိုနေတဲ့အခါကြတော့ သူက ဘာထပ်လာလဲဆိုတော့ ဦးဇင်းက ဓုတင်တွေ ကျင့်လာတော့ ညမအိပ်ဘူးလေ ၊ မအိပ်တော့ အိမ်မှာ ဒီအတိုင်းနေ ၊ ဟို အပေါ် ထပ်ကနေပြီးတော့ အိမ်မြောင်တစ်ကောင် က လက်ပေါ် ပြုတ်ကျလာ‌ပြန်ရော ၊ ဒီအပင်မြင့်လောက်ရှိတယ် ၊ ထပ်ခိုးမရှိဘူး ‌၊ အောက်မြေညီထပ် ၊ ဟာ..အရင်လဲ ငါ အိမ်‌မြှောင် လက်ပေါ် ကျတုန်း က တရားထူးရတယ် ၊ အခုဒီတစ်ခါလဲ တရားထူးတော့ တွေ့မယ်ထင်တယ် ၊ ကုမ္ပဏီ အဆင်ပြေရင်ပြေ မပြေရင် ငါ တရားထူးရလိမ့်မယ်ထင်တယ် ။ အဲ့တော့ အိမ်မြှောင်ကျတာကို တစ်ချို့ ဟာတွေမှာ ပညတ်နယ်တွေမှာ နမိတ်တွေ ၊ ဦးဇင်း က သမထ ကလည်း အကုန်မစွန့် နိုင်သေးဘူးကိုး၊ အဲ့နမိတ်တွေ ပုဗ္ဗနမိတ်တွေကို ကောက်သေးတာ ၊ အဲ့ဒါတွေကလည်း နမိတ် အနေနဲ့ ယူလို့ရတယ် ဒါပေမဲ့ စွဲလို့မဖြစ်ဘူး၊ အဓိက ကတော့ ဒါတွေကို ပယ်လို့မရဘူး ၊ သူ့ ရဲ့ ပုဗ္ဗနမိတ်တွေ ဆိုတာလဲ သူ့ဟာသူ ပဉာတ်လောကမှာရှိတယ် ဟ ၊ သမထ နယ်မှာလေ အဓိက က ကျင့်ဆိုလို့ ပယ်ပျစ်ရတာ ၊ ဒါတွေ ကို လုံးမညှိတွယ်တဲ့ အနေအထား မရောက်မချင်း အကုန်လုံးကို  ခြေကန် ပစ်ရတာပဲ တစ်ကယ်တော့လေ  ၊ အဲ့ဒါကြောင့် ဦးဇင်း တို့ ပြောတာလေ ၊ နိဗ္ဗာန်ရောက်ဖို့ အတွက်တောင် ၊ ကိုယ့်ဆီကိုရောက်နေပီ ဒီကဏ္ဍန် ကို ဘာခင်တွယ်နေသေးလဲဆိုတာကို ခြေစုံကန်ရတာ ၊ဘာဖြစ်လို့လဲ သိလား ၊ ဒီသံသရာလွတ်စေချင်လို့ ၊ နဲနဲလေးသွားသွားတွယ်မှာစိုးလို့ ၊ အဲ့တော့ ဦးဇင်း တစ်ခါတစ်လေ ပြောရင် ဒါန ကိုပစ်ပယ်တဲ့ ဘက်ကို ရောက်သွားတဲ့ ၊ ပုံစံမျိုးကိုယူသွားတတ်တယ်။ ဒါပေမဲ့ အပေါ် မှာ လွတ်တော့မဲ့ လူတစ်ယောက်ဟာ ဒါကိုပြန်စွဲလို့မရဘူး ၊ ဉပမာ ကုသိုလ်ကိုလေ ဒီကုသိုလ် လေးကို သွားစွဲလိုက်ရင် ကိုယ်လွတ်မဲ့ဟာ အဟန့်အတားဖြစ်သွားတယ်။ အဲ့တော့ အဟန့်အတား ဖြစ်မဲ့ အရေးကိုမဖြစ်စေချင်လို့ ဒီကုသိုလ်ကို စုံကန်ရတာတွေရှိတယ်။ ဒါပေမဲ့ ကုသိုလ် ကို ပညတ်နယ် မှာကိုယ်ကတွဲပြီး မလုပ်တတ်သေးဘူး။  မလုပ်တတ်သေးတဲ့အခါမှာ လုံးလုံးကြီး မလုပ်ဘဲနဲ့ နေပစ်ရတာတွေလဲရှိတယ်။ မစွဲအောင်ပေါ့နော်။ ပြီးတော့မှ ကုသိုလ်နဲ့ ပညတ်နဲ့ ပရမတ် ပြန်ဆက်စပ် ပြီးတော့ လုပ်တဲ့အခါမှာ အဲ့ဒီ့အချိန်ကြမှ ကုသိုလ်ပေါ် မှာ မစွဲဘဲနဲ့ လုပ်သွားတာ။ အဓိက ကတော့ ကုသိုလ်ကို ပယ်လို့မရဘူး ၊ ဒါပေမဲ့ သူ့ကိုပြန်စွဲရင်လဲ သံသရာမလွှတ်နိုင်ဘူး၊ အဲ့ဒါကြောင့် အရာအားလုံးပေါ် မှာ မပယ်နဲ့ မစွဲနဲ့လို့ပြောတာ၊ မပယ်နဲ့ မတွယ်နဲ့ ၊ ဟုတ်တယ်မိုလား။ အဲ့ဒါကိုပြောတာ ပယ်စရာလဲမလိုဘူး ၊ တွယ်စရာလဲ မရှိဘူး။ အဲ့တော့ နားလည်ရမှာလေ ၊ အဲ့ဒီ့ရသေ့ဘဝကနေပြီးတော့ ၊ ပြန်လာပြီးတဲ့အခါမှာ အဝတ်အစားပေါ် မှာ စွဲတဲ့ဟာတွေ အကုန်ပြုတ်သွားတယ်။ ပြုတ်ပြီးတော့ အဲ့လို အိမ်မြှောင် ကျတဲ့အခါလဲ ထင်တဲ့အတိုင်းပဲ ဘုန်းကြီးဝတ်ရမဲ့ အခွင့်အရေးကြုံလာတယ်။ ကိုဗစ်ကာလကြီးမှာ ကြုံလာတော့ ပဲခူး ပြွန်တံဆာမှာ ဘုန်ကြီးသွားဝတ် ၊ တစ်ခါထပ်ထွက်ပြန်ရော။ ဒီမှာ လုပ်စရာရှိတာတွေလုပ် တစ်ခါထွက်ပြန်ရော ထွက်တော့ ဟိုရောက်တော့ အဲ့ဒီ့သိမ်က ပုဂ္ဂိုလ်ထူး (၅) ဦး လောက် ထွက်ထားတဲ့ သိမ် ဖြစ်နေတယ် ၊ နှစ်တစ်ရာလောက်ပေါ့နော် ၊ နှစ်တစ်ရာလောက်ရှိတော့ ၊ ဟာ ..ဒီ သိမ်ကတဲ့ ရဟန္တာကြီးတွေ (၄) ပါး လား ထွက်ထားတဲ့ သိမ် တဲ့ …ဟာ ဒါဆိုရင် ငါ နဲ့ ဆို (၅) ပါး ပေါ့ ၊ အမယ် လာပြန်ရော သိလား ၊ သူက ဒီပိုးက ပေါ့သေးသေးပိုးမဟုတ်ဘူး ၊ သူကလေ သိလား…ကိလေသာကိုကုန်ချင်နေတာ ၊ ရဟန္တာ ဖြစ်ချင်နေတာ ၊ အဲ့ဒီ့ရဲ့ ဇောကလဲ မသေးဘူးပဲ။ တစ်ဖြည်းဖြည်းတော့ ကျတော့ကျသွားတယ် ၊ ဒါပေမဲ့ အရှိန်က မသေနိုင်ဘူး။ အဲ့ဒီ့ကြမှ ဒီသိမ်မှာ ငါ တရား ရလိမ့်မယ်ထင်တယ်လို့ ထင်ပြန်ရော၊ အဲ့ဒီ့လိုနဲ့ ကျင့်လိုက်တာ ၊ (၁၅) ရက်ပြည့်တယ် ဘာတရားမှ မရဘူး။ (၁၅) ရက်ပြည့်တဲ့နေ့မှာ စဉ်းစားတယ် ၊ နယုန်လပြည့်နေ့ညမှာ စဉ်းစားတော့ ဘာတရားမှလဲ မရသေးပါလား ၊ စဉ်းစားမိပြီးတော့ ၊ အဲ့ဒီ့ညလဲကြရော အဝတ်အစားစွဲတွေက ပြုတ်သွားပြီနော် ၊ ထပ်ပြီးတော့ တရားထူး အထက်ဉာဏ်တွေပေါ့ ၊ ဉာဏ်ထူးကိုထပ်မရသေးဘူး ၊ ဉာဏ်က အဆင့်ဆင့်ပြောင်းတာကိုး ၊ ထပ်မရသေးတဲ့ အခါကြတော့ အဲ့ညမှာ စဉ်းစားလိုက်တဲ့ အခါကြတော့ ငါ ဒီအတိုင်းဆက်ကျင့်နေမယ်ဆိုရင်တော့ ၊ ဒီအတိုင်းပဲသွားမှာ ပဲ ၊ ငါ အတွေးအခေါ် တွေကို ပြောင်းလဲမှ ရမယ်။ အဲ့ဒါနဲ့ အဲ့နေ့ညမှာ နယုန်လပြည့်နေ့ည (၁၁) နာရီ မှာ တရားထိုင်တဲ့အခါမှာ ဘာစဉ်းစားလိုက်လဲဆိုတော့ ငါရူ့နေကြအရာ ကို မရူ့ပဲနဲ့ ငါ ဘာများကျန်နေသေးလဲလို့ အစအဆုံးရူ့တာ ၊ အစအဆုံးရူ့တော့ ပထမဆုံး ရုပ်ကိုကြည့်တဲ့ အခါမှာ ရုပ်ကဖောက်ပြန်တဲ့ သဘောပဲ ရှိတယ် ၊ ဒီရုပ်ပေါ် မှာကိလေသာရှိသလား ၊ ဒီကောင်က ဖောက်ပြန်တာပဲ ဘာကိလေသာမှ မဖြစ်ဘူး ၊ အဲ့ဒီတော့သူ့ကိုရူ့စရာ မျက်စိ၊နှား၊နားခေါင်း၊ လျှာ၊ ကိုယ် ဒီရုပ်ကြီးဟာ သေရင်ခြောက်ပေခေါင်းထဲသွားမှာ ၊ ဒါပေမဲ့ ခြောက်ပေခေါင်းလို့မသိသေးဘူး ၊ ဒီမှာတရားရူ့စရာမရှိဘူး ၊  ကိလေသာ သူ့မှာမရှိဘူးလို့ပဲသိတာ ၊ ဦးဇင်းက ကိလေသာတွေ ကုန်ချင်တာလေ ၊ ကိလေသာရှိတဲ့နေရာကို လိုက်ရှာတာ ၊ ရှာတော့ ရုပ်မှာရှာ‌တယ် မျက်စိ၊နှား၊နားခေါင်း၊ လျှာ၊ ကိုယ် မှာ ရှာတယ် မတွေ့ဘူး ၊ မ‌တွေ့တော့မရူ့ဘူး ၊ ဒါဆိုရင် စိတ်မှာရူ့ရမှာ အခုဦးဇင်းပေးတဲ့ ကမ္မဌာန်းက အဲ့ဒီ့ညမှာရတဲ့ ကမ္မဌာန်းကို ပြန်ပေးတာ၊ အဲ့တော့ စိတ်မှာ ရူ့တယ် ၊ ရူ့တဲ့အခါမှာ ခံစားမှု့တွေ ဦးဇင်း ရူ့လာတာ အဲ့မှာဆိုရင် တစ်နှစ်ခွဲ ရှိသွားပြီလေ ၊ တစ်နှစ်ခွဲဆိုတော့ (၂) နှစ်ပေါ့ ၊ အဲ့ညမှာ (၂) နှစ်ပြည့်သွားပြီ ၊ အဲ့တော့ ခံစားမှု့ အထိုက်အလျောက်တော့ ဦးဇင်းက ကျော်ဖြတ်နိုင်နေပြီ ၊ ဒါပေမဲ့ မိန်းမ ကိစ္စတွေ မပယ်နိုင်သေးဘူးနော် ၊ ကျော်ဖြတ်နိုင်တယ် မပယ်နိုင်သေးဘူး ၊ ကျော်ဖြတ်နိုင်တယ်ဆိုတာ အထိုက်အလျောက်တော့ ခံစားမှု့တွေဟာ တော်တော်လေး လျော့နေပီဖြစ်တဲ့ အတွက် ၊ ဒီဘဝင်တွေဟာလဲ တစ်ဖြည်းဖြည်းနဲ့ ဖြည်းဖြည်းခြင်း လျော့လျော့ သွားပီ ၊ တော်တော့ကို လျော့သွားတာ ၊ ဒါပေမဲ့ ဒီကာမဂုဏ် အာရုံ ကို အပြတ်အသတ် မပယ်နိုင်သေးဘူး ၊ မပယ်နိုင်သေးဘူး ။ အဲ့ဒီ့ညမှာ ဦးဇင်းကြည့်တော့ ဒါဆိုရင်ခံစားတာ ငါရူ့နေပီ ၊ ဦးဇင်း ခံစားတာကို တောက်လျောက်ရူ့နေပီ ဆိုတော့ ၊ အေး ခံစားတာကလဲလို့ သာယာတယ် ၊ မသာယာဘူးလို့ပြောတာလဲ ဒီမှာပဲ ၊ သာယာတယ်လို့ပြောတာလဲ ဒီမှာပဲ ၊ အခုကြမှ ဘယ်လောက်ကြည့်ကြည့် ခံစားမှု့ကလဲ မကုန်သေးဘူးပေါ့ နော်၊ အဲတော့ ငါ ဘယ်တော့ ကုန်မလဲပေါ့ ၊ ဒီခံစားမှု့တွေကုန်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတော့ စဉ်းစားတယ်၊ ဒီခံစားမှု့က ဘာကြောင့်ဖြစ်သလဲဆိုတာကြည့်တော့ ငါ တရား စရသလိုပဲ ကြား ကြားကာ မှာ ရပ်ရင် ခံစားမှာမဟုတ်ဘူး ၊ မြင် မြင် ကာ မှာရပ်ရင်  မခံစားဘူး။ အဲ့တော့ မြင် မြင်ကာ ရပ်တော့လဲ လို့ ဒီရုပ်ကြီးမှာ လက်ရှိမှာ တရားမှ ရူ့စရာမရှိတာ ၊ ဘယ်လိုရပ်ရမလဲ ၊ အဲ့ကြမှ သဘောပေါက်သွားတာ ၊ မြင်တာကိုသိတဲ့စိတ်ကလေး သိကာမျှမှာရပ်ရင် ဦးဇင်းက သိစိတ်ကို ကောင်းကောင်းမြင်‌နေပီလေ ၊ သိကာမျှမှာ ရပ်ရင် သိတဲ့ နောက်က ပြင်းပြင်းထန်ထန် ခံစားမှု့တွေ မလာဘူးပေါ့ ၊ ကြားကာ မြင်ကာ လေးမှာ သိကာမတ်တပ်မှာရပ် ရင်ရပီ သဘောပေါက်သွားတာ။ အဲ့ဒီ့ကြမှ ခံစားမှု့ကို သွားမရူ့တော့ဘူး ၊ မရူ့ဘဲနဲ့ ဒီရင်ထဲ ဘဝင်မှာ ဖြစ်တဲ့ ခံစားမှု့ဟာ ၊ တစ်ကယ်တော့ ငါက စိတ်လို့ စွဲထားတာ ၊ တစ်ကယ်တော့ ပူတာ အေးတာ ရုပ်ဖောက်ပြန်တာကြီးပါလာလို့ သဘောလဲ ပေါက်သွားတယ် ၊ ပေါက်သွားတဲ့ အခါမှာ အဲ့ဟာတွေကို သွားမရူ့တော့ဘူး၊ မရူ့တော့ဘဲနဲ့ ကြားတာ ၊ မြက်တာပေါ် မှာရပ်လိုက်တာ အဲ့ဒီကနေ စပြီးတော့ မြင်ကာ ကြားကာ မှာ စပြီးရူ့တာ (၂)နှစ် ပြည့်တဲ့ အခါမှာ ၊ အဲ့ဒီ့ကနေ ရူ့ရင်း ရူ့ရင်းကနေပြီးတော့ ၊ ရူ့တော့ ရူ့တယ် (၃) လ လောက်ထိ ဆက်တိုက် ရူ့ရတယ် ၊ ဒီကိုသွားမကြည့်ဖို့ကို ၊ ဒါပေမဲ့ သွားသိဖြစ်တာပဲလေနော် ၊ အဲ့ဒီ့ အခါကြတော့ ရင်ထဲမှာ ပူတာ အေးတာနဲ့ ဘဝင် နဲ့  ၊ ဘဝင် ကိုသွားသိတဲ့စိတ် နဲ့ ဆို သိတဲ့ စိတ်ကိုပဲ ရူ့မိသွားတော့တာ ၊ မတူတော့ဘူးနော် ၊ မြင်လဲ မြင်တာကို သိတဲ့ စိတ် ၊ ကြားလဲ ကြားတာကို သိတဲ့ စိတ် ၊ ရင်ထဲမှာ ခံစားတယ် ခံစားတာကို သိတဲ့စိတ် ၊ အေး အဲ့ဒီသိစိတ် ကို ရူ့တာ ၊ အဲ့ဒီ့ အချိန် (၃) လ လဲပြီးလဲ ပြီးသွားရော ၊ ကောင်းကောင်း သဘောပေါက် လာတာ ဘာလဲဆိုတော့ ၊ တစ်ကယ့် ..တစ်ကယ်ကြတော့လို့  ကြားတာက ကြားတာပဲ ၊ အဲ့ဒါကို မကောင်းဘူးလို့ပြောတာလဲ ဒီစိတ် ၊ ကောင်းတယ်ပြောပြန်တာလဲ ဒီစိတ်ဆိုတော့ တစ်ကယ် ကောင်းတာ မကောင်းတာ  ရှိတာလား ၊ ကြားတဲ့သဘောပဲရှိတာလားဆိုတော့ ၊ ကြားတဲ့ သဘောပဲရှိတယ်ဆိုတာ ၊ သိကာလေးပဲရှိတယ် ၊ ကြားတဲ့သဘောလေးပဲရှိတယ်ဆိုတာ နားလည်သွားတယ်။ နားလည်သွားတဲ့ အခါမှာ ကောင်းတယ်မကောင်းဘူးဆိုတာ ကိုယ့်ရဲ့ ဉပါဒါန် ပဲ စိတ်ကစွဲလန်းလို့ဖြစ်တာပဲဆိုပြီးတော့ ၊ နားလဲ နားလည် သွားရော ကြား..ကြားရုံ ၊ မြင်..မြင်ရုံ သဘာဝ အတိုင်း ဖြစ်သွားတယ်။  သဘာဝအတိုင်းလေးပဲ  ကြား ..ကြား တဲ့ အတိုင်း ၊ ပထမဆုံး ကိုယ် တရားစရတုန်းကအတိုင်းလေး ဖြစ်သွားတာနော် ၊ အေး..အဲ့ အတိုင်းဖြစ်သွားတာ ၊ ပထမဆုံး ရတဲ့ဟာကို (၂) နှစ်ကျော်မှ အဲ့နေရာရောက်တယ်။ ဘယ်လောက်လုပ်ရလဲ ကြည့်စမ်း … အဲ့တော့ ကိုယ်သိသွားတဲ့ဟာက တရားပဲ သိသွားတာ ..ဟ။ အဲ့ဒီ့ အတိုင်း သမုစ္စေဒ မနေနိုင်သေးဘူး။ အဲ့တော့မျက်စိ ၊ နား ၊ နှာခေါင်း ၊ လျှာ ၊ ကိုယ် ၊ စိတ် ဆိုတဲ့ အာရုံ(၆) ပါး လုံးမှာ မြင် ..မြင်ကာ ၊ ကြား..ကြားကာ ၊ တွေး …တွေးကာလေး ဆိုပြီး (၆) ပါး လုံးပေါ် မှာ အကုန်ရောက်သွားမှ သမုစ္စေဒ ဖြစ်တာ ၊ အေး..အဲ့ဒါသိဖို့လိုတယ်။ ခဏလေး ရတာကို ရပီ မလုပ်နဲ့ အဆင့်ဆင့်ရှိတယ်။ သောတပန် တည်ပြီဆိုရင် စိတ်အစဉ် လုံးဝ ဖြစ်သွားပီဆိုရင် ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် သူရဲ့ စိတ်ကြီးက လုံးဝ လွှတ်မြောက်သွားပီ ၊ လွှတ်သွားပီ ၊ သဂဒါဂမ် တည်ပြီဆိုရင်လဲ ကာမဂုဏ် အာရုံ ခေါင်းပါးတာက မြင်လဲ ခေါင်းပါးတယ် ၊ ကြားလဲခေါင်းပါးတယ်၊ အနံ့ရလဲ ခေါင်းပါးတယ် ၊ အာရုံခြောက်ပါးလုံးပေါ် မှာ ခေါင်းပါးရမယ်။ အဲ့တော့ အဲ့ဒီ့ဟာတွေ ပေါ် မှာကောင်းတယ် မကောင်းဘူး ဆိုတဲ့ နှစ်ခုလုံးပေါ် မှာ လွှတ်မြောက်သွားတဲ့ အခါမှာ ကြားကာ မြင်ကာ လေး ဉပက္ခာ ဝေဒနာ အဲ့ဒီ့နေရာကို ရောက်တာ ခံစားမှု့ဟာ ဗလာဖြစ်သွားတာ ၊ ပြောချင်တာ ဗလာကြီး ၊ တို့တရားထိုင်တဲ့ ဗလာ ၊ ဟုတ်တယ်မိုလား အေး..ဗလာ။ အဲ့ ဗလာအတိုင်း ကြားတယ် မခံစားဘူး ၊ မြင်တယ် မခံစားဘူး။ ဒါပေမဲ့ ကြာလာတဲ့ အခါကြတော့ (၂) လလောက်ကြာတော့ ဆက်တိုက် ဆက်တိုက် ဘာဖြစ်လာလဲဆိုတော့ အဲ့ကြားထဲမှာပေါ့ ၊ အဲ့သိရတာကြီးကို ဆင်းရဲနေတာ ၊ ကြားတယ် သိတယ် ဆင်ခြင်တယ် ၊ မြင်တယ် သိတယ် ဆင်ခြင်တယ် ၊ သိတာနဲ့ မလွှတ်နိုင်ဘူးဖြစ်နေတာ ၊ အဲ့ဒီ့မှာ သမာဓိက ဘယ်လောက်ကောင်းလဲ အာရုံ(၆) ပါးလုံးပေါ် မှာ တလက်ဆက် သိမနေဘူးလား ၊ အဲ့ဒီ့သိသမျှ အကုန်ပဲ သတိရှိတာ ၊ အဲ့ဒီ့ သမာဓိက ဘယ်လောက်ကောင်းလဲ စဉ်းစားကြည့်ပေါ့ ၊ အဲ့ဒါ သမာဓိ ၊ သမာဓိအလုပ် ဦးဇင်းတို့ လုပ်နေတာ ၊ အဲ့ဒီ့ကြားထဲမှာ အောင်လံ ဝင်တာတို့  ဘာတို့ အများကြီးရှိတယ် ၊ အဲ့ဒါတွေက ထားခဲ့တာ ၊ အချိန်ကြာမှာစိုးလို့ ၊ မဟာပလ္လင် ထိုင်တာတို့ ဘာတို့ ပေါ့လေ ၊ အဲ့ဒါတွေ ထားခဲ့တာတွေရှိသေးတယ် ၊ မိုးကုတ်ဝင်တာ ၊ မဟာစည် ဝင်တာ ၊ ရွှေမင်းဝင် မှာသွားကျင့်တာ ၊ နောက်ထပ်ထွက်ပြီးတော့ အပြင်မှာ ထွက်ကျင့်တာ ၊တောင်ကြီးမှာကျင့်တာ ၊ အများကြီးအဲ့မှာကျင့်ခဲ့သေးတယ်နော် ၊ အဲ့ဒီ (၂) နှစ်ခွဲ ကြားထဲမှာ ၊ အဲ့ဒါတွေ အားလုံးကျင့်ပြီးတော့မှ မြင်ကာ ၊ ကြားကာ မှာဘာမျှမခံစားပဲနဲ့ ၊ သိကာ မှတ်တပ် မှာရောက်တော့ ၊ ကြားလဲ သိ မြင်လဲ သိ ၊ သိ..သိ..သိ..သိ..သိ…သိ..သိ ဆိုတော့ သိတာများတော့ သိရတာကြီးကို စိတ်ညစ်လာတာ ၊ သိ ရတာကြီးကို ဒုက္ခ ဖြစ်လာတာ ၊ ဒီ သိ ရတာကြီးကို လွှတ်ချင်လာပြန်ရော၊ လွှတ်ချင်လာရော။ သိတာရဲ့ အပေါ် မှာသွားပြီးတော့  အနတ္တ မဆိုက်တဲ့ အခါကြတော့ ဒီသိစိတ်ပေါ် မှာ သိရလေခြင်း ဆိုတဲ့ အတ္တ ကို လွှတ်အောင် ဘယ်လိုပြေးရမှန်းမသိဘူး။ ဒီသိစိတ်နဲ့ လွတ်ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ စဉ်းစားမိတယ် ၊ အဖြေရှာ မရဘူး၊ အဲ့တော့ သိစိတ်က ဘာဖြစ်လို့ အဲ့ဒီ့နေရာမှာ သိစိတ်လေးပဲ ကျန်တာလဲ ဆိုတော့ သောတပန် မှာ သူ ၊ ငါ ၊ ပုဂ္ဂိုလ် ၊ သတ္တဝါ ၊ ယောင်္ကျား ၊ မိန်းမ ဆိုတာ ဖြုတ်ခဲ့ပြီ ၊ သဒါဂမ် မှာကြတော့ အကောင်းဆိုးနှစ်တန် ကို ခေါင်းပါးပြီးတော့ ၊ ဒီဘက်ကို အဲ့ဒီ့ နှစ်ခုကိုလဲ ဖြုတ်ခဲ့ပြီဆိုတော့ ၊ သူက သိတဲ့ပေါ် မှာ ကောင်းမကောင်းလဲ မပါတော့ဘူး ၊ ယောင်္ကျား ၊ မိန်းမ လဲ မပါတော့ဘူး၊ သိကာမျှ မတ်တပ်ဖြစ်သွားတယ် ၊ အေး…အဲ့ဒီ့ သိစိတ်လေးကို ပြန်ရူ့တာ ၊ အဲ့ဒီ့ သိစိတ်က ရူ့လိုက်ရင် သိတာက ရှေ့စိတ်  နောက်က ရူ့တဲ့ သိတဲ့နောက်စိတ်က ‌နောက်စိတ် ၊ (ရှေ့စိတ် -နောက်စိတ်) ကို ရှေ့က သိရုံ ၊ (ရှေ့စိတ် – နောက်စိတ်) အဲ့မှာဖြစ်သွားတာ ၊ အဲ့လို အဲ့လို သွားတာ။ အဲ့ဒါနဲ့ ဒီသိတာ ကို လွတ်ချင်လာတဲ့ အခါမှာ ဘယ်လိုမှ မလွတ်နိုင်ဘူးဆိုတော့  အဲ့နေရာမှာ ဒီသိတာ ဘာကြောင့်ဖြစ်သလဲလို့ကြည့်တော့ ၊  အကြောင်းလေးခု ဆုံလို့ သိတာဟာ အကြောင်း အကျိူး သဘာဝပဲ ဆိုတာကို အဲ နားလည်လာတယ် ။ နားလည်လာတယ် ။ အဲတော့.. ပထမ ပိုင်းလဲ ဒါကို သိပေးမဲ့ လဲ လုံးဝ မရဘူးပေါ့လေ၊ အကြောင်းအကျိုးဆင်ခြင်လဲ မပျောက်ဘူးပဲ၊ ရင့်လာတဲ့ အခါကြမှ ငါ သိတာမဟုတ်ဘူး ဒါဟာ အကြောင်းအကျိုး အနတ္တပဲသဘာဝ သက်သက်ပဲ ၊ ဒီသိတာ နဲ့ သွားပြီးတော့ ကိုယ်ညှိစရာ ၊ ကိုယ်မှ မပိုင်တာပေါ့ ၊ ကိုယ်ပိုင်သလို ဖြစ်နေသေးတာ ၊ ငါ မရှိပင်မဲ့ ငါ့ဟာလို ဖြစ်နေသေးတာ ၊ တဏှာလေ။ အဲ့ဒီ့ကနေပြီးတော့ မှ ဒီအတိုင်းလေး သဘောပေါက်ပေမဲ့ အပြီးတိုင် မစွန့်နိုင်သေးဘူး။ အဲ့ဒါ သိစိတ်ကလေးကို အနတ္တ တိုင်းလေးပဲ ဆင်ခြင်သွားတော့ ၊ အနတ္တပဲ ..အနတ္တပဲ လို့ ဆင်ခြင်နေတာ ၊ သူကသိသွားပြီလေ အနတ္တ ဆိုတာ သိသွားပြီ ၊ အကြောင်းအကျိုးသိသွားပြီဆိုတော့ ၊ အဲ့ဒီ့နေရာမှာ အကြောင်းအကျိုးက သိစိတ်ပေါ် မှာဖြစ်တဲ့ အကြောင်းအကျိုးနော် ၊ အောက်မှာဖြစ်တဲ့ အကြောင်း အကျိုးက အောက်မှာ ဖြစ်တာပဲ ၊ အဲ့တော့ ဟိုအောက်မှာဖြစ်တဲ့ သောတပန်တို့ ရဲ့ အကြောင်းအကျိုးက တွယ်တာမှု့တွေပေါ် မှာ သူ့ရဲ့ လယ်ပယ် အဆင့်ဆင့်လိုက် ၊ သဒါဂမ်ကြတော့ သာယာမှု့တွေပေါ် မှာ အကြောင်းအကျိူး ဆင်ခြင်တာ ၊ ဒီဘက်နေရာမှာကြတော့ သိစိတ်ပေါ် မှာအကြောင်းအကျိူးဆင်ခြင်တာ ၊ အဲ့‌တော့ သူက ကာမဂုဏ် အာရုံတွေ အဲ့‌ဒီ့နေရာမှာ အကုန်စွန့်ပြီးသွားပြီ ၊ မရှိတော့ဘူး။ ဘယ်ပေါ် မှာမှ သူက မခံစားတော့ဘူး။ ဉပက္ခာဝေဒနာ နဲ့ ဒီ အိမ်ထောင်မှု့ သားမွေး စိတ်တွေ ဆိုတာ ရပ်လာပြီလေ၊ ရပ်လာပြီ ဆိုပေမဲ့ အကင်းသေဖို့တော့ လိုသေးတယ် ၊ လိုသေးတယ်။ လုံးလုံးကြီး ယတိပြတ်ကြီး လုံးဝ ဆုတ်ပြီးတော့ ဖြုတ်ပလိုက်တာတော့ မဟုတ်သေးဘူးပေါ့နော် ၊ သူ့ရဲ့ အမှုန်မွှားလေးပေါ့နော် ၊ ဒါပေမဲ့ ဒါကတော့ ရူ့နိုင်နေပါပီ ၊ ဒါကတော့ ဆင်ခြင်လိုက်တာနဲ့ တော်တော်လေးအဆင်ပြေနေပါပီ ၊ ဘာမှ အထူးအဆန်းတော့ မဟုတ်တော့ဘူး ၊ အဲ့နေရာမှာတော့ ၊ အဲ့နေရာ မှာ ဒီသိစိတ်ကလေး ဟာ အကြောင်းအကျိုးပဲ လို့ နားလဲနားလည် သွားရော ၊ နောက်တစ်ခေါက်သိလိုက်ရင် ဘာဆင်ခြင်လဲ ဆိုတော့ အကြောင်းအကျိုး ၊ နောက်တသ်ခေါက်သိရင် အကြောင်းအကျိုး ဆိုတော့ ဆင်ခြင်နေတဲ့ အလုပ်က ရှိမနေဘူးလား ၊ အေး..ဆင်ခြင်တာက မဆုံးပြန်ဘူး ၊ သဘာဝ ကို သဘာဝ လို့ သိနေပီပဲ ၊ အဲ့ဒါကြီးကို အကြောင်းအကျိူးသဘာဝလို့ ထပ်ဆင်ခြင်ဖို့ လိုသေးလို့လား။ ဒါပေမဲ့ အဲ့ဆင်ခြင်တဲ့ ဉာဏ် နဲ့ ပြန်ညှိနေပြန်ရော ၊ သူက ညှိပုံနော် ။ အခုပေးတဲ့ ကမ္မဌာန်းက အဲ့အတိုင်းပေးနေတာ ၊ အဲ့ဒီ့ ခန္ဓာအတိုင်းပေးနေတာ၊ စာစဉ်အတိုင်းပေးနေတာမဟုတ်ဘူး။ အဲ့တော့ အဲ့ဒီ့ ဉာဏ်ကို ပြန်ပြီး ညှိပြန်ရော ၊ ညှိတဲ့အခါကြတော့ ဒီဉာဏ် ကို အကြောင်းအကျိုးဆိုတဲ့ ဉာဏ်က တရားခံ ဖြစ်နေတာ ၊ မဆင်ခြင် ချင်တော့ဘူး ၊ သဘာဝကို သဘာဝ အတိုင်း သိနေပြီပဲ။ သဘာဝ ပေါ် ကနေ မလွှတ်မြောက်နိုင်တဲ့အခါကြတော့ ၊ အဲ့ဒီ့မှာ ဒီသဘာဝ တရားကြီးကို အနတ္တ ပဲ အကြောင်း အကျိုးပဲ အဲ့ဒီ ဉာဏ် ကို ပြန်ပြီးတော့ပြန်ရူ့တာ ၊ ရူ့တော့ ဒီဉာဏ် ကလဲ မမြဲဘူး အကြောင်းအကျိုး လို့ လုပ်နေတာ ၊ လုပ်နေတဲ့အခါကြတော့  နောက်ဆုံးကြတော့ ၊ ဘာဖြစ်သွားလဲ ဆိုတော့ ဦးဇင်း ဓမ္မ မိတ်ဆွေ တစ်ယောက်က နေပြီးတော့ တရားစခန်း ပြန်လာတဲ့ အခါကြတော့ ၊ အဲ့မှာ ဘာတရားထူးများရခဲ့လဲလို့ ပြောတော့ ၊ သူက တရား(၂) ပုဒ် နာလို့ ပြောလိုက်တယ်တဲ့ ၊ ပညာဝိမုတ္တရဟန္တာ နဲ့ မိုးကုတ်ဆရာတော်ကြီး ရဲ့ သမ္မါဒိဌိ (၅) မျိုးလားမသိပါဘူး ။ အဲ့ဒီ့မှာ ပညာဝိမုတ္တိရဟန္တာ နာမည်လေးကဆန်းတော့ ၊ ဦးဇင်းကလဲ တရားသာကျင့်နေတယ် တစ်ခါမှ မကြားဘူး ဘူး ၊ အဲ့တော့ နာမည်လေးဆန်းတော့ အဲ့ဒီ့ နာမည်လေးကို ရပြီ ဒါဆိုပြီးပြီ ၊ ဒီတစ်လုံး သိရင် ရပီ ၊ အဲ့ဒါနဲ့ YouTube မှာရှာပြီးတော့ ၊ ပညာဝိမုတ္တ ဆိုတဲ့ဟာကို ရိုက်လိုက်တဲ့ အခါမှာ ဆရာဦးမောင်မောင် ထွက်လာတယ်၊ ဘယ်သူ ထွက်ထွက် ဝိမုတ္တိဖြစ်ရင် ပြီးတာပဲ ဆိုပြီး နာချလိုက်တယ် ၊ အဲ့ညက နာတာ တစ်လုံးမှ နားမလည်ဘူး ၊ ဘာတွေ ဟောမှန်း ကို မသိတာ ၊ ငါ ဒီလောက် တရားကျင့်နေတာ ဒီတရားကို နာမလည်း ဘူးဆိုတာ ၊ ဖြစ်ကို မဖြစ်နိုင်ဘူး ၊ အဲ့ဒီ့ မကျေနပ်ချက်နဲ့ ခဏ အနားယူလိုက်တယ် ၊ မကျေတော့ မကျေသေးဘူး ၊ မကျေပွဲ နွှဲရအုံးမယ်။ အဲ့ဒါနဲ့ အိပ်ပြီးတော့ မနက်လဲကြ

ရော ပြန်ထ (၆) နာရီ မှာ ပြန်ထ ၊ ထပြီးတော့ ညကလဲ (၂) နာရီ လောက်ထိ နာတယ်နော် ၊ နားကိုမလည်တာ၊ မနက်ကြတော့ အဲ့ တာကို ပြန်စ ၊ ပြန်စပြီး (၆) နာရီမှာ နာလဲနာရော (၁၅) မိနစ် လောက်ပဲ နာရတယ် ၊ အာရုံ – အရိပ် ဆိုတာ ကို ဖတ်ကနဲ နားလည်သွားတဲ့ အခါမှာ ဪ ..ငါက မရှိတဲ့ အာရုံ – အရိပ် ကိုသွားပြီးတော့ အနိစ္စပဲ ၊ ဒုက္ခ ပဲ ဆိုပြီးတော့ မရှိတာကြီးကို သွားပြီး အရှိလုပ်ပြီး အကြောင်းအကျိုးပဲ သဘာဝပဲ သွားရူ့‌နေပါ့လားလို့ ၊ နားလည်သွားတာ။ အဲ့ဒီ့ အချိန်မှာပဲ ဆုံးဖြတ်ချက် သူကချပြီးတော့မှ ဘာဆင်ခြင်လဲဆိုတော့ လွယ်လွယ်နဲ့ တရား မရနိုင်ဘူး ဆိုတာ တစ်ကယ်တော့ ရနိုင်တာပဲ ဒီတရားဟာ လူတွေကို လွယ်လွယ်တော့ မဟုတ်ဘူးပေါ့နော် ၊ လူတွေကို ပြောမယ် ဆိုလို့ရှိရင်တော့ နာကြားရင်းနဲ့ သောတပန် တည်နိုင်တယ် ဆိုတာ ဖြစ်နိုင်တယ်ဆိုတာ လုံးဝ ယုံကြည်သွားတယ်။ ဒါပေမဲ့ နောက်တစ်ချက်ကြတော့ ငါပြောရင် ယုံမှာ မဟုတ်ဘူး ၊ ငါ ကိုယ်တိုင်က ယုံမှ မယုံတာ ၊ ကိုယ်ကိုတိုင်က နင်လား ငါလား ကျင့်လာတဲ့ အခါကြတော့ ၊ ဒီလိုဟောရင်း ပြောရင်းနဲ့ ရမယ် ဆိုတာမျိုး ၊ ကိုယ်ကိုတိုင် မယုံထားတော့ သူများလဲ ယုံဖို့ခက်လိမ့်မယ် ၊ အဲ့တော့ သူများတွေ ရနိုင်တာ မှန်တယ် ၊ ကျွတ်ကြ လွတ်ကြမဲ့ သူတွေ သောတပန် တောင်လို ပုံမယ်ဆိုတာလဲ မှန်တယ် ။ ဒါပေမဲ့ မယုံဘူးဆိုတဲ့ ဒဏ်ကို ခံရမယ် ဆိုတာတော့ တန်းမြင်တာ ၊ အဲ့ဒါကြောင့် အဲ့တရားကို ဟောကို မဟောရဲ တာ ၊ မဟောဘဲနဲ့  သဲအင်း အဲ့တုန်းက ဦးဇင်း သဲအင်း လမ်းတွေ ပြနေပြီလေ ၊ ပြရင်းတန်းလန်းနဲ့ အဲ့ကမ္မဌာန်း ကို ပြောင်းပြီးပြလိုက်တဲ့ အခါမှာ လူတွေ ချက်ခြင်းသဘောပေါက်သွားတယ် ရတယ် ။ ဒါပေမဲ့ ဦးဇင်း ရှေ့ဆက်ပြီး မပြတတ်ဘူး ၊ ဇတ်ရေ မလည်သေးဘူးလေ ပညာလမ်းကို အဲ့တော့ အသုဘတွေနဲ့ရော ၊ အာနာပါန တွေ နဲ့ရော အဲ့လိုတွေပြတာ ၊ ဟိုရော ဒီရော အမယ်လေး…ကျွမ်းကျင်နေတာ ၊ ပညာလမ်း က ပညာလမ်း ဟ အဲ့ဒါကို ကိုယ်က နားမလည်တဲ့ အခါကြတော့ ၊ ကမ္မဌာန်းထုတ်တဲ့အခါမှာ ဉာဏ် ဖြစ်ရင် ထိုင်နိုင်ရမယ် ဆိုတဲ့ အစွဲက လာပြန်ရော ၊ ထိုင်မှ တရားမဟုတ်ဘူးဆိုတာတော့ ကိုယ်လွတ်တယ် ၊ ဒါပေမဲ့ ဉာဏ်ဖြစ်ရင် ထိုင်နိုင်ရမှာပေါ့ ၊ ငါတို့လဲ ဉာဏ်ဖြစ်ရင် ထိုင်နိုင်တာပဲပေါ့ ၊ စဉ်းစားပြီးလုပ်နေတာ တော်တော်နဲ့ အဖြေမထွက်ဘူး ဒီတရားဟောဖို့ အတွက်ကို ၊အဲ့ဒါ ထုတ်ရင်း ထုတ်ရင်း နဲ့ နောက်ပိုင်းကြမှ တစ်နှစ်လောက်‌တောက်လျောက် ဒီဟာကို ဆန်းစစ်ရင်းနဲ့ နောက်ပိုင်းကြမှ ဒီလို တစ်လပိုင်း မှာ စပြီးတော့ Zoom မှာ ဘုန်းကြီး (၃) ပါး စဟောတဲ့ အခါမှာ ဦးဇင်း အဲ့မှာ ပါတယ်ပေါ့ ၊ ဟောတဲ့အခါမှာ ဦးဇင်းတော့ ဆရာဦးမောင်မောင် ရဲ့ လမ်းကို မဟောတတ်ဘူး ၊ ကိုယ်က ခန္ဓာတိုက်နဲ့ သွားတာလေ ၊ စာပေ နဲ့ ပြောရမယ် ဆို ဦးဇင်း မပြောတတ်ဘူး။ မပြောတတ်တော့ အစောကြီးကတည်းက ဦး‌ဇင်း ပြောပါတယ် သူတို့ကိုပြောပါတယ် မဟောခင်ကတည်းက ‌သူတို့ကိုပြောပါတယ် ၊ ဦးဇင်းဟောတာကိုလဲ သူတို့သိတယ် ဘုရားမှာတွေ့တယ် တွေ့ပြီးဦးဇင်းပြောတယ် ၊ ဦးဇင်းက ဒါလိုပဲ ဟောတတ်တာ ၊ ဦးမောင်မောင် လိုလဲမဟောတတ်ဘူး၊ ဦးမောင်မောင် က စာတတ်တယ် ၊ စာပေနဲ့သွားတာ ဦးဇင်းက ဦးမောင်မောင် အတိုင်း မဟောတတ်ဘူး ဦးဇင်း ခန္ဓာနဲ့ တွေ့တဲ့ဟာကို မဂ်လေးတန် ၊ ဖိုလ်လေးတန် နဲ့ပေါ့နော် ၊ ဒီဟာနဲ့ ဦးဇင်း သွားတာ ၊ ဒါ ဦးဇင်းသွားတဲ့ လမ်းပဲ ၊ အဲ့တော့ ဦးမောင်မောင် တိုင်း ဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ ၊ ဦးမောင်မောင် က ဦးမောင်မောင် ပဲ ကိုယ်ကျင့်တဲ့လမ်း က ကိုယ်ဟောရမှာလေ ၊ အဲ့အတွက် ဦးဇင်းဟောဖို့ မဖြစ်နိုင်ဘူး။ သူတို့ကလဲ ပြောပါတယ် ၊ အရှင်ဘုရား ဒီလို ဟောမှ ပဲ လူတွေ ကျွတ်ကြလိမ့်မယ်တဲ့ ဆိုပြီးတော့ ၊ သူတို့ကလဲ အားပေးပါတယ်။ အဲ့ဒီ့အချိန်မှာ ဦးဇင်း ကလဲ ကိုယ်ဟောတတ်သလို ဟောတာ ။ ဟောတဲ့အခါကြတော့ သတိပဌာန် ကို ဆရာဦးမောင်မောင် ရှိကတည်းက တွေ့သေးတယ် ဦးဇင်းနဲ့ နှစ်ခါတွေ့တယ်။ ဦးဇင်း တရား လိုက်ဟောတဲ့ အခါမှာလဲ ဦးဇင်း တွေ့နေပြီ။ မဟောခင် တစ်ရက်မှာ ဦးဇင်းက ပြောတယ် ဆရာလို့ ကျနော်က သဲအင်း သမားတွေကို အများကြီး ချွတ်ရမှာလို့ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့လိုပဲ နင်လား ငါလား ကျင့်မှ ကြာကြာထိုင်မှ ဒီဟာကို ဒုက္ခိန္ဒြေကျော် မှ တရားရမှ တစ်လမ်းတည်း ဒီလိုဖြစ်မှ ရမယ် ဆိုတဲ့ ကိုယ့်လိုစွဲထားတဲ့ လူတွေ အများကြီးပဲ အဲ့ဒါတွေကကြတော့ ဆရာတော်ကြီးတွေရဲ့ အပြစ်မဟုတ်ဘူး ၊ တို့တွေက ကျင့်ရင်းနဲ့ အမှားအမှား အယွင်းယွင်း ဖြစ်ကုန်တာ ၊ တရားတွေကို တို့တွေက နားစွန် နားဖျားတွေနာ ၊ ဟုတ်တယ်မိုလား ၊ အဲ့ဒီ့လိုနာပြီးတော့ ဘာဖြစ်လဲဆိုတော့ ၊ အဲ့ကမ္မဌာန်းတွေပေါ် မှာစွဲ ၊ ကိုယ်ကရှေ့မရောက်တော့ နှစ်နာရီထိုင်နိုင်ဖို့ပဲ ကြိုးစားနေတာလေ ၊ အဲ့ဒီဉာဏ်တွေ မစစ်တော့ဘူးပေါ့။ အဲ့တော့ ပြဿနာ အဲ့မှာပဲ ။ အဲ့တော့ ဆရာတော်ကြီးတွေ တရားပြနေတဲ့ ပုဂ္ဂိုလ်ကြီးတွေကို အပြစ် သွားပြောစရာမရှိဘူးတို့တတွေမှာကလည်းဒီလိုအကြောင်းကြိုးတိုက်ဆိုင်လို့ ဒီလိုကျင့်ကြတာပဲ ၊တို့တွေမှာလည်းဒီလိုကံကြောင်းတရားတွေပါလို့ပဲလေ။ နောက်ရတဲ့ ယောဂီတွေကျတော့အဲ့လိုမဟုတ်ဘူးဟ ၊ နောက်ကလေးတွေကြတော့ သူတို့က‌ ဟောလိုက်ပြောလိုက်တာနဲ့ သူတို့မှာအချိန်အကြာကြီး  အဲ့လိုမျိုးဘာမှလုပ်စရာမလိုဘဲနဲ့ကို ဒီဉာဏ်သက်သတ်နဲ့ကို လွတ်မြောက်ခွင့် တွေရ‌ လာကြတာ၊ အဲ့ဒါက ကုသိုလ်ကံအကြောင်းတရားတွေ လုပ်ခဲ့တဲ့ကုသိုလ်ကံအကြောင်းတရားတွေလေ မတူဘူးလေဆုတောင်းတွေက ၊ အဲဒါကိုသွားပြီးတော့ တို့တွေ့တော့သည်လောက်ကျင့်ရတာ ၊ နင်တို့အဲ့ လောက်မကျင့်ရင်မရပါဘူးဆိုတော့ ကံကိုသွားမယှဉ်နဲ့ ကံ – ကံ၏အကျိုးကိုပစ်ပယ်ရာရောက်တယ်။ သူတို့လည်းရရင်ရမှာပေါ့။ အခုဒီမှာသက်သေပြတာပဲ ဒီတရားတွေမှာသက်သေ တွေအများကြီးပြတာပဲ။ အဲ့ဒီတော့နင်လားငါလား ကျင့်တဲ့ယောဂီကရော ငါတို့ နင်လားငါလားကျင့်ခဲ့လို့ ရတာမဟုတ်ပြန်ဘူး ၊ အဲ့တော့ ကိုယ့် ရဲ့လိုအပ်တဲ့ပါရမီတွေ ကို ကိုယ်က ဒီဘဝမှာထပ်ဖြည့်ရသေးတာ ဖြည့်ပြီးတော့မှ တရားစခန်းစုံမှ သူကဘာဖြစ်လဲဆိုတော့ ဉာဏ်နောက်ဆုံးကြမှ ဉာဏ်လိုအပ်လာပြီဆိုတဲ့အခါကျမှာ ခန္ဓာကိုယ်တွေကလည်း မလိုက်နိုင်တော့ဘူးလေ ၊ တိုင်းရေးပြည်ရေးတွေ အကုန်လုံးဖြစ်လာတဲ့အခါကျတော့ ဦးဇင်းတို့တွေက ဘာဖြစ်လဲဆိုတော့ ငါတို့ ကျန်းမာရေးမကောင်းတဲ့အခါ မထိုင်နိုင်တဲ့အခါကြရင် ဘယ်လိုများရူ့ကြမလဲဆိုတဲ့ကျန်းမာရေးကောင်းတယ်ဆိုတဲ့မာနကိုချလိုက်တဲ့အခါကြမှဉာဏ်ဖြစ်မှရမယ်ဆိုတာ၊ဉာဏ်လမ်းကိုအဲဒီကျမှလိုက်တာတကယ်တော့တရားအားလုံးဟာဉာဏ်လမ်းကြည့်ပါပဲ၊ အဲဒီ့ဉာဏ်တွေဖြစ်ဖို့ကလူတွေက နီဝဏ တွေ ၊ နီဝဏ တရားတွေက ဖုံးလွှမ်းနေတဲ့ အခါကြတော့ ၊ သမာဓိနဲ့ ဖယ်ရှားရပါတယ်၊  ဖယ်ရှားရတယ်။ လောကထဲကနေတရားစခန်းကို လာတဲ့အခါမှာ (၇) ရက်တည်းလာရတာကို  အဲ့ဒီ့တော့ အဲ့ဒီမှာလဲ ဦးဇင်းတို့က သီလတွေသမာဓိတွေနဲ့ ဖယ်ရှားရတဲ့အခါမှာ ဖယ်ရှားရင်းနဲ့သမာဓိလုပ်ငန်းမှာ သောင်တင်သွားတာ ဦးဇင်းတို့က အဲတော့ဘယ်သူ့အပြစ်လဲဆိုတော့ဘယ်သူ့အပြစ်မှမဟုတ်ဘူး ၊ ဒီအချိန်မှာ တို့ဒီလိုကျင့်ရမယ့်အကြောင်းတရားတွေပါလာလို့ ၊ ဒီလိုဆရာသမားတွေနဲ့ဆုံရမဲ့အကြောင်းတရားတွေပါလာလို့ ၊ ဒီလိုဆရာတွေနဲ့ဆုံမှ နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်မယ့် အကြောင်းတရားတွေရှိလို့  ဆုံကိုဆုံရတာ ၊ အဲဒါကို တို့တွေကအကြောင်းကြိုးတွေနားလည်ရင် ဘယ်သူ့ဘယ်သူ့ကိုမှအပြစ်ပြောစရာမရှိပါဘူးလို့ ၊ ကိုယ်လုပ်ခဲ့တဲ့ နင်လားငါလား လုပ်ပြီးတော့ ကိုယ်ဉာဏ်မဖြစ်ခဲ့ဘူးဆိုလဲ အဲ့ဒါတွေက ကိုယ့်အတွက်ပါရမီတွေမဟုတ်ဘူးလား ၊ အေး ..ဘယ်အရာကိုမှလဲ မပစ်ပယ်ပါနဲ့လို့ ၊ ဘယ်အရာကိုမှလဲ မဆုတ်ကိုင်နဲ့လို့ပြောတာ ၊ အဲဒါကြောင့်မို့လို့ဦးဇင်းတို့တွေက ဆရာတော်ကြီးတွေကပေးခဲ့တဲ့ မူလတန်းကလဲဆရာပါပဲ ၊ အလယ်တန်းကလည်းဆရာပါပဲ ၊ အထက်တန်းလည်းဆရာပါပဲ၊ တက္ကသိုလ်ရောက်မှ ကြီးကြီးကျယ်ကျယ်‌ တွေ လျှောက်ပြောမနေစမ်းပါနဲ့ ၊ ဟုတ်တယ်မို့လား။ အဲ့တော့ တက္ကသိုလ်ရောက်မှသင်ခဲ့တဲ့ဆရာတွေကို အရေးမပါသလိုမပြောနဲ့လေ ၊ အားလုံးဟာဆရာသမားတွေချည်းပါပဲ ၊ ပညတ်နယ်မှာတော့ကျေးဇူးတရားတွေဟာအားလုံးမှာရှိပြီးသားတွေချည်းပါပဲ ၊ ပစ်ပယ်လို့မရဘူး။ ပရမတ်နယ်မှာ ကျေးဇူးတရားကို အရှိထားပြီးတော့ နိဗ္ဗာန် ဝင်လို့မရဘူး ၊ မှတ်ထား၊ အဲ့တော့ ကျေးဇူးတရားကိုလက်ရှိအရှိထားလိုက်တာနဲ့ ဒီကျေးဇူးမဆပ်ရရင်မပူလောင်ဘူးလား ၊ ငါ ကျေးဇူးများမဆပ်လိုက်ရဘူးဆိုတဲ့စိတ်နဲ့ မပူလောင်ဘူးလား ၊ အဲဒီပူလောင်မူဒုက္ခဘာကြောင့်ရတာလဲ ၊ အေး ..ကျေးဇူးဆိုတာကိုသမုဒယ တွယ်ညှိလိုက်လို့ အရှိထားလိုက်လို့ ။ အဲ့တော့ ပရမတ် နယ်မှာ ကျေးဇူးကို အရှိထားရင် ချက်ချင်းလက်ငင်းပူလောင်တဲ့ ဒုက္ခအကျိုးက ခံစားရတာ ၊ အဲ့ဒါ ကျေးဇူးကိုအရှိထားလို့ပဲ ၊ အေး..ပညတ်နယ်ထဲကကျေးဇူးကိုပရမတ် ထဲယူမလာနဲ့ ၊ ပြောချင်တာကအဲ့တော့ ဦးဇင်းတို့ကပြောတာက နားလည်စေချင်လို့ပြောတာ ပရမတ်ဉာဏ်မ‌ပေါက်ဘဲနဲ့ လျှောက်ပြီးတော့တောင်ပြောမြောက်ပြောတွေ လျှောက်မပြောနဲ့  ၊ ယောဂီတွေမှာ အဲ့ဒီ့ပြဿနာတွေအများကြီးရှိတယ်။ ဦးဇင်းတို့ပြောတဲ့ဆိုတာက တရားကျင့်ကြံအားထုတ်တဲ့ယောဂီတွေမှာ ၊ ကိုယ်နားမလည်သေးဘူးဆိုရင် ၊ ဆန်းစစ်ရမယ်ပြောတာကို  ယုံဖို့ပြောနေတာမဟုတ်ဘူး။ ဘယ်လိုပုံစံမျိုးနဲ့ ဒါတွေပြောနေတာလဲဆိုတာကို ဆန်းစစ်ရမယ် ၊ အဲ့တော့ အထက်ဉာဏ်‌ တွေနေမှာ နောက်ဆုံး အလုပ်ကုန်ရာကိုသွားတဲ့အခါမှာ ဘာအလုပ်မှမရှိဘူးနိဗ္ဗာန်မှာ ၊ ဘာသင်္ခါရမှမရှိဘူး၊ အသင်္ခတ ။ အဲ့တော့ နိဗ္ဗာန်ဆိုတာဒုက္ခခပ်သိမ်းချုပ်ငြိမ်း ရတယ်။ ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ နိဗ္ဗာန်ဆိုတော့ ပြောတာလွယ်လွယ်လေး ဒုက္ခကိုဘယ် လောက်မြင်လို့လဲ ၊ လေးမဂ် လေးဖိုလ် နဲ့ မြင်ရမှာ ၊ အဲဒီလိုမမြင်ဘဲနဲ့ ၊ ကိုယ်မြင်တဲ့ ဒုက္ခမှ ဒုက္ခလို့ မထင်နဲ့ ၊ ဟုတ်တယ်မိုလား။ ခုနကလိုပဲ ကျေးဇူးကိုအရှိထားတာကာ ဒုက္ခပဲ ဆိုတာ အဲ့ဒီ့လောက်ကို မြင်ရမှာ ၊ အားနာရင်လည်းအားနာတာကို အရှိထားရင်  ဒုက္ခပဲ ၊ နောက်ဆုံး သိတယ်ဆိုတဲ့ စိတ်ကလေးတောင် ၊ အရှိထားလိုက်ရင် သိတဲ့စိတ်ကတိုက်ဆိုင်ရင်မဖြစ်ဘူးလားဖြစ်တယ် ၊ အဲဒါကိုရှိတယ်လို့ယူလိုက်လို့ရှိရင် သမုဒယ အဲတော့နောက်ဆုံးကျရင် စိတ်ရှိတာကို စိတ်မရှိတာပဲတွေ့မှာ ၊ စိတ်ရှိတာကိုဘယ်သောခါမှမတွေ့နိုင်ဘူး ဘာဖြစ်လို့လဲဆိုတော့ စိတ် (၂) စိတ် ပြိုင်ဖြစ်တဲ့နိယာမ မရှိလို့ပဲ။ အဲတော့ ဦးဇင်းတို့က အသေးစိတ်တွေ ပြောချင်ပါတယ်၊ မပြောချင်ဘူးမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပြောလိုက်ရင် ဉာဏ်မမီတဲ့အခါကျတော့ ပြစ်မှားစရာတွေဖြစ်လာတယ်။ အဲ့တော့ တစ်ခါတစ်ခါ တရား ဟောရတဲ့အခါမှာ အခု တရားဟောတဲ့အခါမှာ တရားတကြိမ်‌ ဟောရင် အများဆုံးဟော (၃) နာရီပေါ့။ ဒီသုံးနာရီလေးနဲ့  အပြည့်အစုံဟောဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ အဲ့ဒီတော့ ဦးဇင်းတို့ တရားကို‌ သေသေချာချာ ကကဏဏ နာကြားဖို့လိုတယ်။ ဟုတ်တယ်မို့လား၊ ကိုရဲ့သိတဲ့ဟာလေးနဲ့ နားစွန်နားဖျားလေးနဲ့လိုက်ပြီးတော့ မဆုံးဖြတ်နဲ့။ ဒီနေရာမှာကိုယ်မကျော်နိုင်တဲ့နေရာ ဘယ်နေရာရှိသလဲဆိုတာ လာယူမယ်ဆိုရင်ကိုယ်အတွက်တန်ဖိုးရှိတယ် ။ အဲဒါကို အဲ့လို မဟုတ်ဘဲနဲ့ လျှောက်ပြီးပေါက်ပန်းစျေးပြောတာက ၊ ပေါက်ပန်းဈေးပြောဖို့လည်းပြောဖို့လဲမလိုဘူး ၊ ယုံဖို့လည်းမလိုဘူး ၊ ဆန်းစစ်ဖို့လိုတာ ၊ အေး ..တရားသမားဆိုတာ တရားအားထုတ်တဲ့‌ ယောဂီဆိုတာ  ပစ်မှားစရာလည်းမလိုဘူး တွယ်ညှိစရာလည်းမလိုဘဲနဲ့ ဆန်းစစ်ရမယ် ။ ဟုတ်လား မှန်လား ၊ ဆန်းစစ်တဲ့အလုပ်တွေလုပ်ရမယ် ။ အဲဒီ့အလုပ်တွေမလုပ်ဘဲနဲ့ ဓမ္မမစ္ဆရိယနဲ့  ကိုယ်သွားတဲ့လမ်းနဲ့မတူဘူးဆိုပြီး တော့ ရှူံ့ချတဲ့ဘက်က သွားမယ်ဆိုရင်အဲဒါဟာမှားတယ် ။ အဲဒါဟာ  မစ္ဆရိယ စိတ်တွေ ၊ အဲဒါဟာမကောင်းတဲ့ဘက်ကစိတ်တွေ ၊ အဲဒီတော့တရားသမားအားလုံးသူတော်ကောင်းတွေချည်းပဲဆိုတော့ တယောက်နဲ့တယောက်ကို ကျင့်ကြံအားထုတ်ကြတဲ့ ကိုယ့်ရဲ့ ဓမ္မမိတ်ဆွေ အချင်းချင်းမှာ အဲ့လိုအမြင်မျိုးတွေမမြင်ဘဲနဲ့ တယောက်နဲ့တယောက်ဖေးမကူညီပြီးတော့ နိဗ္ဗာန် သွားရာလမ်းကို လက်တွဲခေါ်ဆောင်ပြီးတော့ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီးတော့ မှားတယ်မှန်တယ် ၊ ဒီလိုမျိုးလေးတွေ အမှန် အမှားလေးတွေ ဦးဇင်းတို့ ညှိနှိုင်းပြီးတော့မှ ကိုယ်တရားသိရင်သူတပါးကို မျှ‌ ဝေရတဲ့ပုံစံမျိုး  ၊ နားယူတဲ့လူကလည်း  ဘာပဲဖြစ်ဖြစ် ကိုယ်မသိတာလေးများရှိကောင်းရှိမယ်ကိုယ်နားမလည်တာလဲဟုတ်ကောင်းဟုတ်မယ် ။ ဘယ်အရာကိုမှဆုပ်ကိုင်မထားဘဲနဲ့ ဦးဇင်းတို့တွေ မှန်မှန်ကန်ကန် ဆန်းစစ်နိုင်အောင် ကြိုးစားပါလို့ ပြောတာ။ အဲဒီလိုမျိုးဦးဇင်းတို့တွေ နားမလည်တဲ့အခါကျတော့ ငါကတော့ကျင့်တာဘယ်လောက်ရှိပြီ ၊ ဟိုဟာအထင်မကြီး ၊ ဒီဟာအထင်မကြီး  ကိုယ့်မာနတွေပေါ့ ။ အဲဒီ့မာနတွေဟာ တရားရည် မပြည့်ရင်ဖြစ်တယ်။ အဲဒါကို  မာနကြီးဖြစ်နေပါတယ်လို့ ခံနေပါတယ်လို့ တရားသမားတွေ ကိုယ်ဟာကိုယ် မသိဘူး ၊တော်တော်များများက မသိဘူး။ အဲတော့ ဦးဇင်းတို့က အသေးစိတ်တချို့ဟာလေးတွေ မှာ ကိုယ်မသိနိုင်ဘူး ဖြည်းဖြည်းချင်မှ တချို့ ဟာ‌တွေအချိန်ယူရတွေ အချိန်ယူပြီးမှပြန်မြင်ရတာတွေ ရှိတယ်။ အဲတော့ စကားတွေကို အလွန်အကျွံဖောင်ဖွဲ့ပြီးမပြောနဲ့ ၊ သူတစ်ပါးပြောတာကို တခွန်းမှ ကိုယ်မပြောလိုက်ရရင်နေ သူတစ်ပါးပြောတာကို စိတ်ရှည်သည်းခံ နားထောင်နိုင်ဖို့ စွမ်းရည်ရှိအောင် အရင်ကြိုးစား ၊ အဲ့လိုမှ မကြိုးစားနိုင်ဘူးဆိုရင် ၊ နားမထောင်ချင်တာက ဒေါသပဲ..ဒေါသပဲ။ အဲတော့ လူမှုရေးကိစ္စတွေ ပြောတဲ့အခါမှာ တရားသမားတွေက တရားကျင့်တဲ့ယောဂီတွေက နားမထောင်ခြင်ဘူး ၊ တော်တော်များများက အဲ့ဒီ့ နားမထောင်ချင်တာဒေါသ ၊ ဒါပေမဲ့ အဲဒီ့လူမှုရေးတွေကို နားထောင်လို့ မသင့်လျော်ဘူးလို့ဖြစ်တာကတော့‌ ဒေါသ မဟုတ်ဘူး ၊ (၂) မျိူး ရှိတယ်။ နေပူထဲမှာတရားသမားဆိုပြီး နေပူထဲမှာမတ်တပ်ရပ်နေတယ် ၊ နေပူတယ်တနေကုန်ရပ်နေတယ် ရပ်သင့်လား။ အေး ..ရပ်သင့်တဲ့ အခြေအနေမျိုး မဟုတ်တဲ့ အတွက် မမျှတတဲ့အတွက် ၊ မသင့်လျော်ဘူးလို့သိတဲ့အတွက် နေရိပ်ကိုပြောင်းရွှေ့တာ ဒေါသနဲ့မဆိုင်ဘူး ၊ ရှင်းလား။ အဲ့တော့ လူတောထဲမှာ လူတွေနဲ့စကားပြောတယ် လူမှုရေးကိစ္စတွေ  ၊စီးပွားရေးကိစ္စတွေပြောတာကို နားမထောင်တာက ဒေါသဖြစ်လို့နားမထောင်တာမဟုတ်ဘူး။ ယောဂီတွေ အများဆုံးဝေခွဲရမှာနော် ၊ အဲ့ဒါက ကိုယ့်ရဲ့ သဗ္ဗဘာရ မျှတဖို့ ဆိုတာ မလိုဘူးလား၊ နေရာဒေသ ဉတု ဘုရားဟောထဲမှာ ပါတာပဲ စာထဲမှာ၊ အဲ့လိုသဗ္ဗဘာရမျှတဲ့နေရာကို ပြောင်းရွှေပီးနေထိုင်သင့်တယ်လို့‌ ပြောတာ။ အဲ့လိုမနေတာဟာ အဲဒီလိုပြောင်းလိုက်ပြီးနေလိုက်တာဟာ ဒေါသဖြစ်လို့မဟုတ်ဘူး ဒီလူတွေကို မကြိုက်လို့လဲမဟုတ်ဘူး ၊ ကိုယ့်မိသားစု မုန်းလို့လဲမဟုတ်ဘူး ၊ ကိုယ်နဲ့မသင့်လျော် လို့ စကားပြောတာတွေက ၊ ဒီဟာတွေကတရားနဲ့မလျော်ညီတဲ့အခါကျတော့ အကုသိုလ်အကြောင်းတရားတွေကြောင့်မိုလို့ ၊ မလျော်တဲ့အတွက် လျော်တဲ့နေရာကို ဦးဇင်းတို့က ပြောင်းရွှေ့ပြီးနေထိုင်ရတာ ၊ စကားတွေကိုလဲမလိုအပ်ပဲ နဲ့ အဲ့ဒီ့ဘက်တွေကို မပြောတော့တာ ၊ သူများအတင်းပြောနေတယ် တရားသမားက ပြောမလား၊ ဥပမာဆိုပါစို့ အဲတော့သူများအတင်းပြောတဲ့အခါကျတော့  မပြောသင့်ဘူးဆိုတာသိတဲ့အခါကြတော့ ၊ ရှောင်ထွက်မသွားဘူးလား။ သူတို့ကိုဒေါသဖြစ်လို့မှာမဟုတ်တာ၊ ဒီလိုမျိုးတွေဦးဇင်းတို့ကနားလည်ရမယ်။ ယောဂီတွေတရားကျင့်တဲ့‌ ယောဂီတွေ  အဲ့တော့ တရားလောကမှာ တရားကျင့်ကြံအားထုတ်တဲ့သူ အချင်းချင်း ကို ပြဿနာတက်နေတာဟာ သိပ်ပြီးရှက်ဖို့ကောင်းတယ်။ အဲဒီ့လို တရားသမားအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက်ပြောနေမယ့်အစား သူမကောင်းကိုမကောင်းဘူး ပြောနေမဲ့အစား တို့တွေ ဒုက္ခရောက်နေတဲ့ တို့နိုင်ငံမှာ ဒုက္ခရောက်နေတဲ့သူတွေ အများကြီး ဆင်းရဲ‌ သောကပရိ‌ဒေဝရောက်နေတဲ့သူတွေ အများကြီး ၊ အဲဒီအကြောင်းတွေကို ကိုယ်ချင်းစာစိတ်လေးနဲ့ ထည့်ပြောရင်တောင်မှ သိပ်တန်ဖိုးရှိတယ်။ အဲဒီလောက်တောင်မတွေးခေါ်နိုင်တဲ့ အတွေးအခေါ်တွေနဲ့ ဦးဇင်း တို့တွေကရပါလိမ့်မယ် အားကြီးကြီး ဒီအထက်ဉာဏ်တွေကို အဝေးကြီးပဲ တစ်ခါတစ်လေကျရင် တရား‌ကြောင်းတွေ ဟိုလူ့ပုတ်ခတ်ဒီလူ့ပုတ်ခတ် ပြောနေတာ၊ အဲဒီလိုပြောနေမဲ့အစား တို့နိုင်ငံမှာဖြစ်နေတဲ့ အခြေနေအရပ်ရပ်တွေ  ကိုတိုင်းပြည်ကိုယ့်လူမျိုးတွေ ဒါမျိုးပေါ့ ၊ ဆင်းရဲဒုက္ခရောက်နေတဲ့ စားစရာမရှိတဲ့လူတွေကို တို့‌တွေကဖေးမကူညီပြီးပြောတဲ့ ကုသိုလ်အကြောင်းလေးပြောမယ်ဆိုရင်တောင် ပိုပြီးတန်ဖိုးမရှိဘူးလား ၊ အေး အဲ့ဒီ့ တန်ဖိုးရှိတဲ့အလုပ်ကိုမလုပ်ဘဲနဲ့ တရားသမာအချင်းချင်းအတင်းချပြီးတော့မကောင်းပြောတာကတော့တရားလုပ်ပြီးရှက်ဘို့ကောင်းတယ်လို့ပြောတာ ၊အဲ့ဒါကို ဦးဇင်းတို့က တရား အားထုတ်တဲ့ ယောဂီတွေကို သိစေချင်တာ ၊ သူ့နည်းမှန်တယ်ငါ့နည်း မှန်တယ် ၊ ငါကျင့်တာဘယ်ရောက်ပြီ ၊ ဟိုရောက်ပြီ အဲလိုတွေနဲ့သွားတာ ၊ နင်ကဘာအဆင့်  ငါက ဘာအဆင့် ၊ ဦးဇင်းကတော့ရှင်းတယ် တို့ကတော့အဆင့်မရှိဘူးဟေ့ တစ်လုံးဂျိုင့်ပဲလို့ ကြိုက်ရင်လာမကြိုက်ရင်မလာနဲ့ ဟုတ်တယ်မိုလား၊ ငါ‌ တောင်မရှိတာ ဘယ်က သောတပန် ပုဂ္ဂိုလ် က လာရှိနေရတာတုန်းလို့ ၊ အဲ့ဒါတွေကို စွဲစရာမရှိကျန်ဖန်ပြီးစွဲတဲ့ အစွဲတွေကို ဦးဇင်းတို့က ရအောင်ဖြုတ်တာ အပြစ်ပြောတာ မဟုတ်ဘူး၊ မြင်ဖို့ပြောနေတာ ၊ အဲဒါတွေကိုဖြုတ်ချနိုင်မှ ပရမတ် နယ် မှာ သောတပန် ၊ သဒါဂမ် ၊ အနာဂမ် ၊ ရဟန္တာ ဆိုတာ စိတ်ပြောင်းသွားတာ ၊ စိတ်ပြောင်းလဲသွားတာကို ပညတ် တင်ပြီးတော့ ပြောရတာ ၊ သောတပန် ရဲ့ စိတ်အ‌ခြေအနေ ၊ ပယ်သတ်လိုက်တဲ့ အနေ အထား အပ္ပါယ်လေးဘုံ လွတ်သွားတဲ့ အခြေအနေ တွေ အဲ့ဒါတွေကို ပြောတာ ၊ ဘာကိုပြောချင်တာလဲဦးဇင်းပြောတာ ၊ အဲ့ဒါကြောင့်မိုလို့ မရှိတာကိုအရှိလုပ်ပြီးတော့ ၊ မတွယ်ညှိကြနဲ့လို့ပြောတာ ၊ သောတပန် ကို တွယ်ညှိရင် ၊ သောတပန် လို နေရထိုင်ရတာ ပင်ပန်းလွန်းတယ် ဟန်ဆောင်နေရတာလေ  တကယ် သောတပန်တည်ရင် သူ့ရဲ့လူနေမှု့ အပြင် မှာကတော့ ပေါ့ပေါ့ပါးပါးနေကောင်းနေမယ် သူ့ရဲ့ အတွင်း အိန္ဒြေဟာ ဘယ်သောအခါမှာ အပါယ်လေးဘုံကျစေတဲ့ အတွေးအခေါ်အမျိုးတွေ အယူအဆမျိုးတွေ မရှိတော့ဘူး ။ အဲ့ဒီ့သူက ပြောတာဆိုတာကအစ ဘာပဲဖြစ်ဖြစ် မှန်မှန်ကန်ကန် နဲ့ ဦးဇင်းတို့တွေ ပြောဆိုနိုင်တဲ့ အနေအထားတွေ ရောက်သွားပြီ။ အဲ့ဒါဟာ ဟန်ဆောင်စရာမလိုဘူး ပကတိအတိုင်းပဲ ။ ဒါပေမဲ့ သူက သဒါဂမ် ၊ အနာဂမ် ၊ ရဟန္တာ တွေ မဖြစ်သေးတဲ့အခါကြ‌ တော့ သူ့ရဲ့ ကျန်နေတဲ့ကိလေသာအတိုင်းတော့ သူထွက်နေဦးမှာပဲ ၊ အဲတော့တရားအားထုတ်ရင် အများအားဖြင့်က တို့ ဘာတွေထပ်ဖြစ်လဲဆိုတော့ တရားအားထုတ်တဲ့ယောဂီဆိုရင် စကားကြမ်းကြမ်းမပြောရဘူး ၊ အိန္ဒြေပြည့်ရမယ် ၊ အဲလိုမျိုးပေါ့နော် ရပ်ကွက်ထဲတွေ ပတ်ဝန်းကျင်တွေမှာ ၊ တရားမသိတဲ့ အခါကြတော့ တရားလုပ်တဲ့သူဆိုရင် အဲ့လိုဖြစ်ရမယ် လို့ သတ်မှတ်ထားကြတာလဲရှိတယ်။ အဲ့ဒါတွေက တရားမသိတဲ့သူတွေမှာအများဆုံးဖြစ်တတ်တယ်။ အဲ‌တော့ ဦးဇင်းတို့မှာက မြတ်စွာဘုရား သာသနာ ပွင့်နေပါလျက်နဲ့ ဒီအဆုံးအမ တွေ ကြုံနေပါလျှက်နဲ့ ဘုရားကို ထိုင်ပြီးတော့ ရှိခိုးနေပါလျက်နဲ့ ဘုရားပျောက်နေတာတော့ ရင်နာစရာ ကောင်းတယ်လို့ပြောတာ ၊ အေး..ဒါပေမဲ့လဲ မတတ်နိုင်ဘူးပဲ ဒါတွေ အားလုံးဟာ အကြောင်းအကျိုးတွေပဲလေ ။ အကြောင်းအကျိုးအားလျော်စွာ နဲ့ တရားသိသူကသိတယ် မသိသူကလဲမသိတဲ့အတိုင်းသွားရတာပဲ ။ အဲ့ဒါကို ဘယ်သူ့အပြစ်ပြောမလဲ အပြစ်ကဘယ်သူမှပြောစရာမရှိဘူး အားလုံးကအကြောင်းကျိုးတွေပဲ  ၊ ခုနက ပြောတာက တရာအားထုတ်တဲ့သူတွေဟာ မကောင်းတဲ့ စိတ်ဓာတ် သောတပန် ၊သဒါဂမ် ၊ အနာဂမ် ၊ ရဟန္တာ  မတည်သေးရင် နေအုံး ၊ ဒီမကောင်းတဲ့စိတ်တွေ ကျင့်တဲ့သူအချင်းချင်းမှာ ဒီမကောင်းတဲ့စိတ်တွေ ကို အတတ်နိုင်ဆုံးဖယ်ရှားပြီးတော့ ၊ ဦးဇင်းတို့တွေက တရားဆိုရင် နာရမယ် ၊ ကလေးပြောလဲ နာသင့်တယ် ၊ ဟုတ်တယ်မိုလား ၊ အဲတော့ နာကြားရမဲ့နေရာမှာ ဦးဇင်းတို့တွေသေသေချာချာ နာကြားပါ ၊ ကိုပြောပြတဲ့အခါမှာလည်း အစွန်းရောက်ပြီးတော့ ဒီနည်းမှ မှန်တယ်။ ဟိုနည်းမှ မှန်တယ် ၊ ဒီဆရာတော် မှ ဟိုဆရာတော် မှ မဟုတ်ဘဲနဲ့ ဦးဇင်းတို့တွေ စိတ်ကို စိတ်အတိုင်းပြောပီး ရုပ်ကိုရုပ်အတိုင်း ပြောမယ်ဆိုရင် ၊ ဘာသာဆိုတဲ့ အယူအစွဲလည်းမပါဘူး သူ/ငါ ဆိုတာလဲ မပါဘူး ၊ ကမ္မဌာန်းလဲ မပါဘူး။ ဦးဇင်းတို့တရားပြောနေတာ ရုပ်၏သဘာဝ  နာမ်၏ သဘာဝ အာရုံ၏ သဘောတွေကို ပြောတာ ကမ္မဌာန်း ပါလား ၊ အေး…ကမ္မဌာန်းလဲ မပါဘူး ၊ အရိယာပုတ် လဲမပါဘူး၊ ဟုတ်တယ်နော်။ ဗုဒ္ဓဘာသာမှခရစ်ယာန်မှ လို့ ပါလား ၊ အေး..အဲ့ဒီလို ကိုယ်ကလဲ လွတ်လွတ်ကင်းကင်းနဲ့ ဘယ်တစ်ခုပေါ် မှာမှ အယူအစွဲ မရှိဘဲနဲ့ ရုပ်ကိုရုပ်အတိုင်း နာမ်ကိုနာမ်အတိုင်း သဘာဝ ကို သဘာဝ အတိုင်း ၊ နားလည်နိုင်တဲ့ အရိုးရှင်းဆုံး စကားလုံးတွေနဲ့ ပြန်ပြီးမျှဝေလိုက်မယ် ဆိုရင် ဒါတွေဟာ ဘာအယူအစွဲမှ မရှိတဲ့ သာသနာပြုခြင်း ပါပဲ။ အဲ့လိုမှမဟုတ်ရင် ဟိုအရေး ဒီအရေးဆိုပြီး ပြန်ဆုတ်ကိုင်ထားရင် ဒီဟာရတဲ့သူကလဲ ဒီနည်း ဟိုနည်းနဲ့ မဆိုင်ဘူး ၊ သွားပြောကြည့် ရုပ်ဆိုတာ ဒီလိုသဘောရှိတယ် ၊ စိတ်ဆိုတာအာရုံကိုမှီတဲ့သဘောရှိတယ် ။ အဲ့ဒီ့အာရုံ ၏ သဘောကိုမသိလို့  စိတ်တွေဟာ ဒီလိုမျိုးခံစားမှု့တွေဖြစ်တယ် ၊ အဲ့ဒါ ကမ္မဌာန်း ပါလား ၊ အေး …မပါဘူးလေ။ ရုပ်သက်သက် စိတ်သက်သက်  သဘောသက်သက်ကြည့်ပြောတာ၊ အဲ့ဒီလို အစွန်းလွတ်အောင် အယူအဆ မပါအောင် ၊ ကိုယ့်ရဲ့ အယူအဆလဲ မပါရဘူး ၊ သူစွဲ ငါစွဲ ကမ္မဌာန်းစွဲလဲ မပါရဘူး။ ပြစ်တင်ဝေဖန်ခြင်းလဲ မပါရဘူး။ အေး သဘော ကို သဘောအတိုင်းပဲ ပြောပြနေရမယ် ၊ အဲ့ဒီ့လိုဦးဇင်းတို့က လွတ်လွတ်ကင်းကင်း နဲ့ သူတစ်ပါးကိုလဲ မျှဝေပြီးတော့ ကိုယ်လဲ သံသရာ လွတ်မဲ့ အခွင့်အရေးတွေ ရပါလျှက်နဲ့ ၊ ဒီအခွင့်အရေးတွေကို မသေခင်မှာ ၊ ဦးဇင်းတို့တွေဟာ ဒီ တစ်ဘဝထဲနဲ့ ကျင့်ကြံအားထုတ်ခွင့် ရပါလျှက်နဲ့ ၊ ဦးဇင်းတို့တွေ ဟာ ကိုယ်စီ ကိုယ်စီ လွတ်အောင်ပြေးနိုင်ကြမယ်ဆိုရင် ဦးဇင်းတို့က သူတပါးကိုလည်းမျှဝေတဲ့အနေနဲ့ သာသနာကပြုပြီးသား ၊ ကိုယ့်အတွက်လည်းကိုလွတ်အောင် ပြည့်စုံပြီးသား ဖြစ်သွားတာပေါ့ ၊ ဟုတ်တယ်မိုလား။ ကိုယ့်အတွက်လည်းကိုလုပ်ရမယ် သူတပါးလည်းမျှဝေရမယ်၊မျှဝေတဲ့နေရာမှာအစွန်းလွတ်ဖို့လိုတယ်။ဟုတ်တယ်မို့လား။ အဲ့တော့ ဦးဇင်းတို့တွေ ဒီနေ့ကတော့ ကိုယ်စီကိုယ်စီ ကိုယ်တိုင်ကိုယ်တိုင် အသီးအသီး ၊ ဒီသာသနာကြီးမှာ ဦးဇင်းတို့တွေ ဒီဘဝထဲနဲ့ ကျွတ်တမ်းဝင်နိဗ္ဗာန်ဝင်နိုင်ကြပြီးတော့ ကိုယ်သိသလိုပဲ သူတစ်ပါးကို ပြန်လည်ပြီးတော့မျှဝေနိုင်တဲ့ သာသနာပြုနိုင်ကြကုန်သော အရိယာ သူတော်ကောင်း သူတော်မြတ်ကြီးများ ဖြစ်နိုင်ကြပါစေလို့ ပြောရင်းနဲ့ ဦးဇင်းတို့တွေ ဒီနေရာမှာပဲ အဆုံးသတ်လိုက်ကြရအောင်….သာဓု…သာဓု…သာဓု…